နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

ခေတ်မျက်လုံး အယ်ဒီတာအာဘော်

၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေပြီး ပြည်သူများ၏ စားဝတ်နေရေး ကျပ်တည်းလာခြင်း၊ တိုင်းပြည်စီးပွားရေးလည်း ကျဆင်းနေသည့်အတွက် သူ့တွင် အကြောင်းပြစရာမရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်လျက်ရှိ ကြောင်း သုံးသပ်မိသည်။

၂။ သူ့မိန့်ခွန်းတွင် ၂၀၂၃ ခုနှစ်မှစိမ်ခေါ်မှုများကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား ပြည်သူများ ပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်ဟု အဖွင့်တွင် မျက်နှာပြောင်တိုက်ပြောဆိုခဲ့သည်။ သူ့မိန့်ခွန်းတွင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်မှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းစစ်ဆင်ရေးကြောင့် စစ်စခန်းများ တခုပြီးတခု နာရီပိုင်းအတွင်း ကျခဲ့ရသည် နယ်မြေဆုံးရှုံးမှုများကို ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိခဲ့ဘဲ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်ဟု ဆိုခြင်းသည် မှန်ကန်မှုမရှိကြောင်း ထောက်ပြလိုသည်။

၃။ စစ်အုပ်စုခေါင်းဆောင်က ဒီမိုကရေစီနည်းလမ်းတကျဖြင့် ကိုယ့်နိုင်ငံတိုးတက်ရန် ဆန္ဒမရှိသူများသည် ပြည်သူများကို နည်းမျိုးစုံဖြင့်နှောက်ယှက်ခဲ့ကြသည်ဟု သူကမိန့်ခွန်းတွင် သူ၏အဓမ္မအာဏာသိမ်းမှုကို ကာကွယ်ပြောကြားခဲ့ခြင်းသည် သူခိုးက လူဟစ်လိုက်သည့်အပြောဟု သုံးသပ်မိပေသည်။

သူ၏စစ်အာဏာသိမ်းမှုသည် ဒီမိုကရေစီကို ဆန့်ကျင်လိုက်ခြင်းပင်ဖြစ်ပြီး ပြည်သူအများစုက မဲပေးရွေးချယ်လိုက်သည့် အစိုးရကို အကြမ်းဖက်၍ တည်ဆဲအခြေခံဥပဒေကို သစ္စာဖောက်ဖျက်ကာ အာဏာသိမ်းခြင်းဖြစ်သည်။ ၂၀၀၈ခြေဥတွင် အစိုးရက တိုင်းပြည်ဆူပူအုံကြွမှုကို မထိမ်းသိမ်းနိုင်သည့် အခြေအနေတွင် စစ်ဦးစီးချုပ်အား အာဏာလွှဲပေးနိုင်သည်ဟု အတိအလင်းဆိုထားချက်ရှိသည်။ အာဏာသိမ်းသည့်အချိန်တွင် တိုင်းပြည်တွင် ဆူပူမှုမရှိ တည်ငြိမ်လျက်ရှိနေသည့်အပြင် အစိုးရက ဒုတိယသက်တမ်းအတွက် လွှတ်တော်ခေါ်ရန် အေးဆေးစွာ ဆောင်ရွက်နေချိန်ဖြစ်သည်။

အရေးပေါ်ကာလဖြစ်နေ၍ ကာကွယ်ရေးဦးစီးချုပ်ကိုအာဏာလွှဲရန် မလိုအပ်သည့် အခြေအနေဖြစ်သည်။ နောက်တချက်မှာ သမတဦးဝင်းမြင့်ကသာ အရေးပေါ်ကာလတွင် အာဏာကို လွှဲပေးရမည်ဖြစ်သည်ကို အာဏာလွှဲပေးရမည့် သမတဦးဝင်းမြင့်ကို ဖမ်းဆီးပြီး စစ်တပ်က တင်မြှောက်ပေးလိုက်သည့် ဒုသမတ ဦးမြင့်ဆွေက အာဏာလွှဲပေးခြင်းသည် အခြေခံဥပဒေကို လိုသလိုအဓိပ္ပါယ်ဖော်၍ ဗြောင်ကလိမ်ကျ လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားခဲ့သည်။

၄။ တိုင်းပြည်တွင်းအဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်နှင့် ပြည်သူပြည်သားများ ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးမှုသည် တိုင်းပြည်အတွက်အနှုတ်လက္ခဏာပဲ ဖြစ်သည်ဟု ၎င်းက ဆိုခဲ့သည်။ ၎င်း၏ အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်း မကွေး မန္တလေးနှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် ပြည်သူနေအိမ်များ ရှစ်သောင်းကျော်ကို မီးတိုက်ဖျက်စီးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ပြည်သူများ အိုးမဲ့အိမ်မဲ့များဖြစ်ခဲ့ကြရသည်။ လမ်းဘေးတွင်နေရသည့် အိမ်ခြေမဲ့များဘဝသို့ ၎င်း၏စစ်တပ်မှလုပ်ဆောင်ခဲ့သည်။ အနှုတ်လက္ခဏာကို မည်သူကလုပ်ဆောင်ခဲ့သနည်း။

၅။ ၎င်းက “ တိုင်းပြည်ချစ်စိတ် အမျိုးကိုချစ်တဲ့စိတ်နဲ့ ညီညွတ်တဲ့အားနဲ့ အခက်အခဲများကို ကျော်လွှားရမယ်၊ လုပ်ငန်းစဉ်များကိုပြည်သူနဲ့လက်တွဲဆောင်ရွက်သွားမယ်။ ၂၀၂၄ မှာ သန်းခေါင်စာရင်းကောက်ပြီး ပါတီစုံဒီမိုကရေစီစနစ်ရွေးကောက်ပွဲ ကျင်းပတဲ့အခါ စာရင်းမှန်ကန်ရေးကို ဆောင်ရွက်သွားမယ်” စသည့်တို့ကို ပြောကြားခဲ့ပါသည်။ “ မကောင်းတဲ့အတွေးမကောင်းတဲ့လုပ်ရပ် မကောင်းတဲ့ အမြင်များကို ချန်ရစ်ပြီး လူမျိုးရေးဘာသာရေး အစွဲများကင်းစင်ပြီး နိုင်ငံတော်သစ်ကို ချီတက်ဖို့” ၎င်းက လှုံဆော်ထားပါသည်။

အပြောကတော့ ရွှေမန်းဆိုသလိုပါ မိမိစစ်အာဏာသိမ်းလိုက်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်လာရန် တာစူနေသည့် နိုင်ငံကို ချောက်ထဲ တွန်းချလိုက်သလို တိုင်းပြည်စီးပွားရေး၊ လူမှုရေး ပညာရေး၊ ကျန်းမာရေးတွေ အစစအရာရာ အလုံးစုံနိမ့်ကျသွားရခြင်းသည် မိမိစစ်အာဏာသိမ်းမှုကြောင့် ဆိုသည်ကို ဝန်မခံရဲဘဲ မိမိက ပါတီစုံဒီမိုကရေစီစနစ်ကို ယုံယုံကြည်ကြည်နဲ့ လုပ်နေသလိုလိုပြောခြင်းသည် အရှက်မဲ့မျက်နှာပြောင်တိုက် ပြောဆိုချက်တခုထက် မပိုဘူးဟု သုံးသပ်မိသည်။ စစ်တပ်က ပါတီစုံပေးရခြင်းသည် ပြည်သူများက ၁၉၈၈ခုနှစ်တွင် ပြည်လုံးကျွတ် ဆန္ဒပြတောင်းဆိုခဲ့ခြင်းကြောင့် သာဖြစ်သည်။ ပေးချင်၍ပေးတာမဟုတ်။ ဒီမိုကရေစီစနစ်ကို တပ်မှကျင့်သုံးခြင်းမရှိချေ။ အထက်အမိန့်အတိုင်းလိုက်နာကျင့်သုံးသည့် စစ်အာဏာသာရှိသည်။ ဤကဲ့သို့ စစ်တပ်ကို ဦးဆောင်နေသည့် သူမှ ဒီမိုကရေစီစကားကို တွင်တွင်ပြောခြင်းသည် ချေးစားပြောလျှင်တောင် ကြိုက်လို့ စားတာဟု သတ်မှတ်ရမဲ့သဘောမို့ ယုံကြည်ရန်မရှိကြောင်းသုံးသပ်လိုက်ရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အယ်ဒီတာ့အာဘော် အရှေ့တောင်အာရှ

လီကွမ်းယူ (Lee Kuan Yew) က စင်္ကာပူနိုင်ငံကို ထိပ်တန်းနိုင်ငံဖြစ်အောင် ဘယ်လိုတည်ထောင်ခဲ့သလဲ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 35 Views
အယ်ဒီတာ့အာဘော် စင်္ကာပူဟာ ဘာကြောင့် အချိန်တိုအတွင်း အရှေ့တောင်အာရှမှာ စီးပွားရေးအင်ပါယာကြီးဖြစ်လာသလဲကြည့်ရင် နိုင်ငံခေါင်းဆောင် လီကွမ်းယူရဲ့ တိုင်းပြည်တိုးတက်ကြီးပွားရေးအတွက် အဓိကလိုအပ်ချက်တွေကို ရေရှည်အမြင်နဲ့ ရှေးရိုးသမားတွေကို
အယ်ဒီတာ့အာဘော်

မအလတပ်သားတွေ အသက်အာမခံ လျော်ကြေးရပါ့မလား။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 119 Views
***လူဝီဂျီမန်ဂျော်နီအမှုနဲ့ နှိုင်းယှဉ်ကြည့်ခြင်း*** အယ်ဒီတာ့အာဘော် လူဝီဂျီမန်ဂျော်နီ (Luigi Mangione) သည် အမေရိကန်ဘွား အီတာလီမျိုးရိုးမှ ဆင်းသက် လာသည့်အသက် ၂၇
မြန်မာသတင်း အယ်ဒီတာ့အာဘော်

မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 166 Views
မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် ဒီဇင်ဘာလ (၂၂) ရက်။ မြန်မာ့နွေဦးတော်လှန်ရေး၃နှစ်ကျော် ၄နှစ်အတွင်းဝင်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေး အရှိန်အဟုန် အားကောင်းကောင်းနဲ့ မြန်မာပြည်‌မြောက်ပိုင်းမှာ ညီနောင်(၃)ဖော်စလိုက်တဲ့ ဗျူဟာ‌မြောက် ၁၀၂၇ ထိုးစစ်ကြောင့် စစ်အုပ်စု အထိနာခဲ့ရသလို ရမခစစ်ဌာနချုပ်လည်း ကျခဲ့ရပါတယ်။
အယ်ဒီတာ့အာဘော်

ခေတ်မျက်လုံး အယ်ဒီတာ့အာဘော်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 179 Views
ယူကရိန်းနဲ့ မြန်မာ့တော်လှန်ရေးကို ချိန်ထိုးကြည့်ခြင်း။ ယူကရိန်းဟာသူ့ထက်အင်အားလည်းကြီး သူ့ကိုရုရှားနိုင်ငံထဲကိုသွတ်သွင်းထားပြီး ဆိုဗီယက်ပြည်ထောင်စုသမ္မတနိုင်ငံ (The Union of Soviet Socialist Republics- USSR) အဖြစ် ၁၉၂၂ ခုနှစ် မှ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်းများစွာ
1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 736 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍ နမ့်ခမ်း၊ သိန္နီမြို့ ၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုန်းကိုး ၊ ပန်ဆိုင်း(ကြူကုတ်)
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 307 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။ ရီပတ်ပလီကင်ပါတီသည် ရှေးရိုးမူဝါဒကို လက်ကိုင်ထားသည့်ပါတီကြီးဖြစ်ပြီး GOP (Grand Old Party) ဟု
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 240 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 311 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ