နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

စစ်ကောင်စီကို တိုက်ခိုက်ဖယ်ရှားပြီးပြီး ကြားကာလအုပ်ချုပ်‌ရေးအစီအမံ ရေးဆွဲမယ်လို့ NMSP-AD ထုတ်ပြန်

ဧပြီလ (၁)ရက်။

အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ဖယ်ရှားပြီး ကြားကာလအုပ်ချုပ်ရေးအစီအမံ ရေးဆွဲမယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)(NMSP-AD)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

မွန်တော်လှန်ရေးအင်အားစုတွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတို့နဲ့ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ သူ့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဖယ်ရှားပြီး မွန်ပြည်ကြားကာလနဲ့ ပြည်ထောင်စု ကြားကာလအုပ်ချုပ်ရေးအစီအမံ ရေးဆွဲအကောင်အထည်ဖော်မယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီကိုဖယ်ရှားပြီး တော်လှန်ရေးအင်အားစု အားလုံးပါဝင်တဲ့ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းကာ ရွေးကောက်ပွဲကျင်းပပြီး ပြည်နယ်အစိုးရဖွဲ့စည်းမယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် နိုင်ငံရေးရပ်တည်ချက်တွေအနေနဲ့ NCA ပေါ်အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးတာတွေကို လက်မခံသလို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းဖို့ ကြိုးစားတာတွေကို ဆန့်ကျင်သွားမယ်လို့ ပြောဆိုထားပါတယ်။

အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ပါဝင်ခွင့်မရှိစေဖို့နဲ့ တော်လှန်ရေးကာလထဲ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ ဒေသရဲ့လိုအပ်ချက်တွေအရ ဖက်ဒရယ်အခြေခံစံနှုန်းတွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

NMSP-AD ရဲ့ ဦးတည်ချက်ထဲ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်တွေကို တိုက်ဖျက်ဖို့နဲ့ မွန်လူမျိုးအပါအဝင် အခြားလူမျိုးတွေရဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးအပြည့်အဝရှိတဲ့ မွန်ပြည်ကို တည်ဆောက်သွားဖို့ ပါဝင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

မြဝတီ-ဝေါလေကားလမ်းက စစ်ကောင်စီ ကာကင်းစခန်း (၃)ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 12 Views
အောက်တိုဘာလ (၂၀)ရက်။ ဒီကနေ့ မြဝတီမြို့ ဘလယ်ဒိုကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်း (၃)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရှင်းလင်းခဲ့တယ်လို့ Cobra Column
မြန်မာ့နိုင်ငံရေး

စစ်မှုထမ်းအပတ်စဉ်(၆)အတွက် သင်တန်းသားတွေကို စစ်ကောင်စီခေါ်ယူနေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 13 Views
အောက်တိုဘာလ (၁၉)ရက်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၆)အတွက် သင်တန်းသားတွေကို စစ်ကောင်စီက ခေါ်ယူနေတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ
မြန်မာ့နိုင်ငံရေး

ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ စစ်ကောင်စီက လုံခြုံရေးအင်အား တိုးချဲ့ချထား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 19 Views
အောက်တိုဘာလ (၁၉)ရက်။ အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန် စစ်ကောင်စီက ဧရာဝတီတိုင်း ငါးသိုင်းချောင်းနဲ့ ရခိုင် ထိစပ်ဒေသမှာ လုံခြုံရေးအင်အား တိုးချဲ့ချထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ရခိုင်မှာ တိုက်ပွဲတွေကြောင့် စကစက ရခိုင်နဲ့ ငါးသိုင်းချောင်းကြားက
မြန်မာ့နိုင်ငံရေး

စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရ‌တွေအနေနဲ့ ကန့်ကွက်ဖို့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တိုက်တွန်း

  • 2024 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 26 Views
အောက်တိုဘာလ (၁၂)ရက်။ စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအစိုးရတွေအနေနဲ့ ကန့်ကွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews က NUG ကိုယ်စားလှယ်တွေနဲ့ အောက်တိုဘာလ (၁၀)ရက်က ဩစတြေးလျနိုင်ငံမှာ တွေ့ဆုံချိန် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နိုင်ငံရေး

ပြည်သူအပေါ် စာနာပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံဖိတ်ခေါ်တာဆိုပြီး စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 29 ရက်
  • 43 Views
စက်တင်ဘာလ (၂၉)ရက်။ ပြည်သူအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ ‌မေတ္တာရပ်ခံဖိတ်ခေါ်တာလို့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းထားတဲ့အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီနေ့ ဒေသတော်တော်များများမှာ ရေကြီးရေလျှံတဲ့ဒဏ်နဲ့ သဘာ၀ဘေးဒဏ် ခံခဲ့ရပါတယ်။
မြန်မာ့နိုင်ငံရေး အာရှ

မြန်မာ့တော်လှန်ရေးကို အိန္ဒိယက စိတ်ဝင်စားလာပြီလား။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 48 Views
စက်တင်ဘာလ (၂၅) ရက်။ စက်တင်ဘာလ ၂၃ ရက်နေ့က ရိုက်တာသတင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုဝင်ဘာလလယ်၌ ပြုလုပ်မည့် ဆွေးနွေးပွဲတစ်ရပ်ကို အာရက္ခတပ်တော် AA၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ချင်းအမျိုးသားတပ်ဦး
မြန်မာ့နိုင်ငံရေး

ရေဦးမြို့မှာ ရပ်ကျေးပကဖထောင်ထားတဲ့မိုင်း ချို့ယွင်းပေါက်ကွဲကာ ခရီးသည်တင်ကားတစ်စီး ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 114 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် ရေဦးနယ်တောင်ဘက်ခြမ်းမှာ ခရီးသည်တင်ကားတစ်စီး မိုင်းစထိမှန်ခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေဦးမြို့ပေါ်က အကြမ်းဖက်စစ်ခွေးအုပ်စုရန်ကို ကာကွယ်ဖို့ ရပ်ကျေးပကဖရဲဘော်တွေ ထောင်ထားတဲ့
1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 121 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့ ဒီကနေ့မှာ ငြင်းဆိုထားချက်အရ သိရပါတယ်။ “ MNDAA တပ်သား (၂)ဦးကို သေနတ်နဲ့