နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်

1027 Operations

1027 Operations မြန်မာသတင်း

မိုးကုတ်မြို့က စစ်ကောင်စီရဲ့ ရွှေမျက်ဝန်းတပ်စခန်းကို တအာင်းတပ်မတော် တိုက်ခိုက်သိမ်းပိုက်

ဇွန်လ (၃၀)ရက်

မိုးကုတ်မြို့က စစ်ကောင်စီရဲ့ ရွှေမျက်ဝန်းတပ်စခန်းကို ဒီနေ့ ဇွန်လ (၃၀) ရက် မနက် (၅) နာရီအချိန်ကစပြီး တအာင်းတပ်မတော် TNLA က စတင်တိုက်ခိုက်ပြီး ညနေ (၄) နာရီအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်အချို့မှာလည်း ရွှေမျက်ဝန်းတပ်စခန်းကျသွားပြီလို့ ဖော်ပြနေကြပါတယ်။

ဒါ့အပြင် ရွှေလိပ်ပြာစခန်းမှာလည်း စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

မိုးကုတ်မြိုနယ် ရွှေသာယာမှာ ညနေ (၂) နာရီ (၃၀) မိနစ်ဝန်းကျင်ကနေ ညနေ (၄) နာရီ (၃၀) မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၆၀) မမ လက်နက်ကြီး (၁၄) လုံးနဲ့ အသုံးပြု တိုက်ခိုက်တယ်လို့ ဖော်ပြထားပါတယ်။

မိုးကုတ်မြိုနယ်မှာ တအာင်းတပ်မတော် TNLA နဲ့အတူ PDF (မိုးကုတ်ဗျူဟာ)၊ PDF (513) နဲ့ မိုးကုတ်ပကဖတို့ ပူးပေါင်းတိုက်ခိုက်တာလို့ ဖော်ပြထားပါတယ်။

မိုးမိတ်မြို့နယ်မှာ တအာင်းတပ်မတော် TNLA, PLA, PDF ပူးပေါင်းတပ်ဖွဲ့က ည (၇း၅၃) အချိန်မှာ စစ်ကောင်စီရဲ့ ကင်းချောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့က ခမရ (၆၀၆) တပ်စခန်းအား တအာင်းတပ်မတော် TNLA, DPLA, MDY-PDF တို ဒီကနေ့ ညနေ (၄း၁၄) အချိန်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဓနုပြည်သူတွေ အာဏာသိမ်းစစ်ကော်မရှင် သက်ဆိုးရှည်စေမယ့် ဘယ်လိုကိစ္စမဆို ရှောင်ရှားဖို့ DPLF/DPLA တိုက်တွန်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 23 Views
နိုဝင်ဘာလ (၂၇)ရက်။ ဓနုပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကော်မရှင် သက်ဆိုးရှည်စေမယ့် ဘယ်လိုကိစ္စမဆို ရှောင်ရှားဖို့ ဒီကနေ့မှာကျရောက်တဲ့ ဓနုအမျိုးသားနေ့မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ လွတ်ငြိမ်းမိန့်နဲ့ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုး ပြန်လွတ်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 18 Views
နိုဝင်ဘာလ (၂၇)ရက်။ ဒီကနေ့ အင်းစိန်ထောင်ကနေ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။ “ အသက်(၉၀)အထိ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)နဲ့
မြန်မာသတင်း

၅၀၅(က)နဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသူတွေကို လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 31 Views
နိုဝင်ဘာလ (၂၆)ရက်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အကျဉ်းချခံရသူတွေ၊ ကြားနာဆဲသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်သူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာဟာ စစ်တပ်က မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊
မြန်မာသတင်း

ရန်ကုန် အင်းစိန်ထောင်အနီး တကိုယ်တော်ဆန္ဒပြတဲ့ လူငယ်တဦးကို စစ်တပ် ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 24 Views
နိုဝင်ဘာလ (၂၆)ရက်။ နိုဝင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က ရန်ကုန်ရှိ အင်းစိန်ထောင်အနီး တကိုယ်တော်ဆန္ဒပြတဲ့ လူငယ်တဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ အဲ့ဒီကောင်လေးက အင်းစိန်ထောင်ရဲ့ ဂိတ်ပေါက်နားမှာ တကိုယ်တော်ဆန္ဒပြတာ။ အဲ့ဒါကို
မြန်မာသတင်း

DKBA အောက် လည်ပတ်နေတဲ့ ဖလူးဒေသက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်အောင် နိုင်ငံတကာက ပူးပေါင်းပါဝင်ဖို့ KNU တောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 33 Views
ဖလူးဒေသတိုက်ပွဲထဲ DKBA တပ်ဖွဲ့ဝင် (၂၃၀)ကျော် လက်နက်ချပြီး အခြေချစခန်းကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆို နိုဝင်ဘာလ (၂၆)ရက်။ အောက်တိုဘာလ (၂၁)ရက်နေ့က မြဝတီတောင်ဘက် ဖလူးဒေသတိုက်ပွဲထဲ DKBA ရဲ့ ဗိုလ်မှူးကြီး နိုင်လွင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်တပ်ဘက်ကနေ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပါအဝင် (၆)ဦးကို အကြမ်းဖက်သမားတွေလို့ NUG ကြေညာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 42 Views
နိုဝင်ဘာလ (၂၆)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပါအဝင် (၆)ဦးကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG က အကြမ်းဖက်သမားတွေအနေနဲ့ သတ်မှတ်သူတွေဟာ ဒုသမ္မတ ဦးမြင့်ဆွေ၊ စစ်ခေါင်းဆောင်
မြန်မာသတင်း

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) က အင်္ဂါနေ့တွင် ဥရောပ ဦးဆောင်သော ကိယက်ဗ် (Kyiv) အတွက် လုံခြုံရေး အာမခံချက်များတွင် အမေရိကန်ပြည်ထောင်စု ပါဝင်လာမည်ဖြစ်ကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့သည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 27 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး (Volodymyr Zelensky) နှင့် ကမ္ဘာ့ခေါင်းဆောင်များ ပါဝင်သော “စေတနာ့ဝန်ထမ်းညွန့်ပေါင်းအဖွဲ့” (Coalition of the Willing) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ပြီးနောက်
မြန်မာသတင်း

ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကားတွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 68 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပဲ့တိုင်ရွာနဲ့ ယမုံရွာတွေဘက်ကို နယ်မြေကွင်းဆင်းတဲ့အချိန် ဘုရားထွက်ရွာဘက်ကနေ