အောက်တိုဘာလ (၁)ရက်။
မနေ့က နေ့လယ် (၁၂)နာရီဝန်းကျင်က ကောလင်းမြို့အနောက်ဘက်ခြမ်းရှိ ဥက္ကံကျေးရွာအောက်ပိုင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။
စစ်ကောင်စီဟာ ဥက္ကံကျေးရွာအောက်ပိုင်းကို တိုက်ပွဲဖြစ်ပွားတာမရှိသလို PDF တွေလဲမရှိဘဲ ဂျက်ဖိုက်တာ (၂)စီးနဲ့ ပေါင် (၅၀၀)ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်စွာ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားဒေသခံ (၇)ဦး သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာလ (၂၉)ရက်နေ့ ည (၁၁)နာရီကျော်အချိန်ကလဲ ကောလင်းမြို့ အနောက်တောင်ဘက်ခြမ်းရှိ ရွာသစ်ကျေးရွာအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် (၅၀၀) ဗုံးသီး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
“ အဲ့ဒီနေ့ ည (၁၁)နာရီ (၁၀)မိနစ်မှာ ရွာသစ်ရွာအနီးကို တိုက်ပွဲလုံးဝဖြစ်ပွားတာမရှိသလို PDF တွေလဲမရှိဘဲ အကြမ်းဖက်စကစက အရပ်သားတွေအပေါ်ကို ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တာ” လို့ ကောလင်းခရိုင်တပ်ရင်း (၂)က ပြောဆိုထားပါတယ်။
ရွာသစ်ရွာအနီး အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ အရပ်သား (၁)ဦးသေဆုံးပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။