နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့

ဇန်နဝါရီလ (၂)ရက်။

ဒီကနေ့ ဇန်နဝါရီလ (၂)ရက် ရန်ကုန်မြို့က နေရာအနှံ့အပြားမှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက “ နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို” စာသားပါ စတစ်ကာတွေကို ဖြန့်ဝေခဲ့ပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီစတစ်ကာဖြန့်ဝေတာကို ရန်ကုန်မြို့က အထင်ကရနေရာတွေဖြစ်တဲ့ ကန်တော်ကြီး၊ ရွှေတိဂုံစေတီနဲ့ အခြေခံပညာကျောင်းတွေအပါအဝင် နေရာအနှံ့အပြားမှာ ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလှုပ်ရှားမှုကို ဗကသအဖွဲ့ချုပ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေသပိတ်ကော်မတီ၊ တာမွေသပိတ်ကော်မတီတို့ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တလတာထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 1 Views
မတ်လ (၁၅)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်း

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 1 Views
မတ်လ (၁၅)ရက်။ မနေ့က နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပူးလူးတူးစခန်း သိမ်းပိုက်ရရှိခဲ့တဲ့ မှတ်တမ်းဓါတ်ပုံတွေ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 1 Views
မတ်လ (၁၅)ရက်။ ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ ပူးလူးတူးစခန်းကို သိမ်းပိုက်ရရှိခဲ့တဲ့အပေါ် KNU က ဒီကနေ့မှာ မှတ်တမ်းဓါတ်ပုံတွေနဲ့ အတည်ပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ(၃၁) ပွိုင့် (၁၂၄၈) ပူးလူးတူးခြေကုပ်စခန်းကို KNLA တပ်မဟာ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲမြို့ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ် ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်သွား

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 2 Views
မတ်လ (၁၅)ရက်။ မနေ့က မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ထိုးစစ်ဆင်ခဲ့တာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မိုးဗြဲမြို့ကို ပြန်ရရှိဖို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး လူအင်အားတွေ၊
မြန်မာသတင်း

စဉ့်ကူးမြို့ လက်ပံလှရွာဈေး စစ်ကောင်စီ ဗုံးကြဲခံရပြီး အရပ်သား (၂၇)ဦးအထိသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 5 Views
မတ်လ (၁၅)ရက်။ မနေ့က နေ့လယ် (၃)နာရီဝန်းကျင်က စဉ့်ကူးမြို့ လက်ပံလှရွာ လူစည်ကားတဲ့ဈေးတန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ လက်ပံလှရွာက အဝေးပြေးကားတွေ ‌ခဏရပ်ပြီး ခရီးသည်တွေ ထမင်းစားနားတဲ့
မြန်မာသတင်း

ရန်ပုံငွေမလောက်တာကြောင့် မြန်မာရှိ လူဦးရေ တစ်သန်းကို စားနပ်ရိက္ခာထောက်ပံ့တာ ရပ်ဆိုင်းမယ်လို့ WFP ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 6 Views
မတ်လ (၁၄)ရက်။ ရန်ပုံငွေ မလုံလောက်တာကြောင့် မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းကို စားနပ်ရိက္ခာထောက်ပံ့တာ ရပ်ဆိုင်းတော့မယ်ဆိုပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ WFP အနေနဲ့ ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားတာကြောင့် ဧပြီလကစတင်ပြီး မြန်မာရှိ လူဦးရေ တစ်သန်းကျော်အတွက်
မြန်မာသတင်း

ရေစကြိုမြို့ သာဂေါင်ရွာမှာ စစ်ကောင်စီက ဒေသခံ (၆)ဦးကို မီးရှို့သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 13 Views
မတ်လ (၁၄)ရက်။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ သာဂေါင်(ရွာမ)ရွာကို စစ်ကောင်စီက စစ်ကြောင်းဝင်ရောက်ပြီး ဒေသခံအချို့ကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ Yesagyo Township Info Committee ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သာဂေါင်(ရွာမ)ရွာကို စကစက
မြန်မာသတင်း

မြောင်မြို့ရှိ စစ်ရှောင်အများစုနေတဲ့ ပန်းညိုရွာကို စစ်ကောင်စီ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 7 Views
မတ်လ (၁၄)ရက်။ မတ်လ (၁၂)ရက်နေ့ ညနေ (၄)နာရီခန့်ကစပြီး မြောင်မြို့နယ်ရှိ ပန်းညိုရွာကို စစ်ကောင်စီက စစ်ကြောင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ (၁၁)ရက်နေ့ ညနေပိုင်းမှာ စကစက ရေတပ်၊ ကြည်းတပ်တွေနဲ့