နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသကို ထောက်ပံ့ဖို့ အမေရိကန်စစ်တပ်က ရေပေါ်ဆိပ်ခံ ဆောက်လုပ်ရာမှာ အမေရိကန်ဒေါ်လာ သန်း ၃၂၀ အသုံးပြု

+++++++++++++++++++++++++++++++++++++++++

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းရိုးတန်းကမ်းလွန်တွင် အမေရိကန်စစ်တပ်က တည်ဆောက်နေသည့် ဆိပ်ခံတံတားတစ်စင်းကို အမေရိကန်ဗဟိုဌာနချုပ်ကမေလ (၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယာယီဆိပ်ခံတံတားကို ပြီးခဲ့သည့် သီတင်းပတ်က စတင်တည်ဆောက်ခဲ့ပြီး ဆိပ်ခံတည်ဆောက်နေသည့် စစ်သင်္ဘောအများအပြားမှ သင်္ဘောသားများကို Planet Labs မှ ဂြိုလ်တုဓာတ်ပုံတွင် တွေ့ရှိရပြီး ဆောက်လုပ်ဆဲ ဆိပ်ခံတစ်ခုကို တွေ့မြင်ရသည်။

ဆိပ်ခံတံတားတည်ဆောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုသည် အမေရိကန်ဒေါ်လာ သန်း ၃၂၀ သုံးစွဲထားကြောင်း ပင်တဂွန်မှ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဆင်းဂ်က ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ဤခန့်မှန်းချက်တွင် “ JLOTS” ဟုလူသိများသော စနစ်၏ ကနဦးတည်ဆောက်မှုနှင့်ဆက်စပ်သော ကုန်ကျစရိတ်များအားလုံး ပါဝင်သည်။ ဆိပ်ခံတံတားလည်ပတ်မှုကုန်ကျစရိတ်သည် လာမည့်လများအတွင်း မြင့်တက်လာဖွယ်ရှိသည်။ အဆိုပါ ရေပေါ်ဆိပ်ခံအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် အသုံးပြုသွားမည် ဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို မေလအစောပိုင်းတွင် ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်ရန် အမေရိကန်က စီစဉ်နေကြောင်း အကြီးတန်းစစ်ဘက်အရာရှိတစ်ဦးက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။ သယ်ယူပို့ဆောင်ရေးသည် တစ်နေ့လျှင် ထရပ်ကားအစီးရေ ၉၀ ဖြင့် စတင်မည်ဖြစ်ပြီး အရေအတွက်သည် ၁၅၀ အထိ တိုးလာဖွယ်ရှိသည်။

အမေရိကန်စစ်တပ်သည် မစ်ရှင်ကို လပေါင်းများစွာ ထမ်းဆောင်ရန် ပြင်ဆင်ထားသော်လည်း ဂါဇာတွင် အမေရိကန်စစ်တပ် ထားရှိတော့မည်မဟုတ်ကြောင်း အရာရှိက ပြောကြားခဲ့သည်။ မတ်လတွင် ဆိပ်ခံတံတားအတွက် အမေရိကန်သမ္မတ ဘိုင်ဒန်က အစီအစဉ်ကို ကြေညာသောအခါတွင် ၎င်းသည် ထိုနေရာတွင် ရှိနေမည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ အမေရိကန်စစ်တပ်သည် ဆိပ်ခံတံတားကို အနည်းဆုံး သုံးလကြာ လည်ပတ်မှုတွင် ပါဝင်နိုင်ဖွယ်ရှိသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဂါဇာကမ်းရိုးတန်းတွင် အမြန်လမ်းဖောက်လုပ်ရန် အမေရိကန်စစ်တပ်နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆိပ်ခံတံတားတည်ပြီးသည်နှင့် အကူအညီများ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) သည် အကူအညီများ ဖြန့်ဝေရန်အတွက် ကုလသမဂ္ဂနှင့် လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ထားသည်။

Source: CNN

ဓာတ်ပုံ။

U.S. Central Command

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 4 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 11 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 33 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း