နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ သေဆုံးခြင်းနှင့်အတူ “ကရုဏာ၊ ရဲရင့်မှုနှင့် ချစ်ခြင်းတရားတို့ကို အမွေအနှစ်” အဖြစ် ထားရစ်ခဲ့သည်ဟု မိသားစုက ထုတ်ဖော်ပြောဆို

+++++++++++

ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးခဲ့ရသည့် အကူအညီ ထောက်ပံ့မှုပေးနေသည့် သြစတြေးလျ ဝန်ထမ်းတစ်ဦး၏ မိသားစုက သူမသည် သူမ၏ ဘဝလမ်းအတွင်းရှိ လူသားအားလုံးအတွက် သနားကြင်နာမှု၊ ရဲရင့်မှုနှင့် ချစ်ခြင်းမေတ္တာတို့ကို အမွေကို ချန်ထားခဲ့သည်ဟု ပြောကြားခဲ့သည်။

ဇိုမီ ဖရင်ကွန် (Zomi Frankcom) ၏ မိသားစုမှ ထုတ်ပြန်သော ကြေညာချက်တွင် “ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူတွေကို အစားအစာများ ကူညီပေးဆောင်ရတာကို နှစ်သက်တဲ့ ရဲရင့်ပြီး ချစ်လှစွာသော ဇိုမီး သေဆုံးသွားတဲ့သတင်းအတွက် အလွန်ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့သည်။

“သူမဟာ ကြင်နာတတ်တဲ့၊ ကိုယ်ကျိုးမဖက်ဘဲ တခြားသူတွေကို သူတို့ရဲ့လိုအပ်ချိန်တွေမှာ ကူညီပေးဖို့ ကမ္ဘာကို ခရီးထွက်ခဲ့တဲ့ ထူးချွန်တဲ့ လူသားတစ်ယောက်ပါ။ သူမဟာ သူမရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေအားလုံးအတွက် ကရုဏာ၊ ရဲစွမ်းသတ္တိနဲ့ ချစ်ခြင်းတွေရဲ့ အမွေအနှစ်တွေကို ချန်ထားခဲ့မှာပါ” ဟု ဖရင်ကွန်၏ မိသားစုက CNN လက်အောက်ခံ Channel 9 သို့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မိသားစုသည် “ထိတ်လန့်ခြောက်ခြား တုန်လှုပ်နေဆဲ” ဖြစ်ကာ “ဤခက်ခဲသောအချိန်အတွင်း သီးသန့်နေထိုင်ခွင့်ရရေး” ကို တောင်းဆိုခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ ဂါဇာကမ်းမြောင်ဒေသရှိ ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရသော အရပ်သားများအား အစားအစာများ ပေးပို့နေစဉ် အင်္ဂါနေ့က အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် အကျိုးအမြတ်မယူသော ကမ္ဘာ့ ဗဟိုမီးဖိုချောင် (World Central Kitchen) အဖွဲ့မှ အကူအညီပေးရေးလုပ်သား ခုနစ်ဦးထဲတွင် သူမ ပါဝင်ခဲ့သည်။

ဗုဒ္ဓဟူးနေ့က ကင်ဘာရာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားရာမှာ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘယ်နီးစ် (Anthony Albanese) က သေဆုံးမှုအတွက် တာဝန်ခံမှု အပြည့်ရှိဖို့ တောင်းဆိုခဲ့ပြီး နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနက သူမ၏ ရုပ်အလောင်းကို သြစတြေးလျကို ပြန်ပို့ဖို့ လုပ်ဆောင်နေတယ်” ဟု ပြောခဲ့ပါသည်။

“သူမဟာ တောမီးလောင်နေစဉ်အတွင်း လူတွေကို ကူညီဖို့ သြစတြေးလျမှာ စေတနာ့ဝန်ထမ်း လုပ်ခဲ့တာပါ… (နောက်ပြီး) ဂါဇာမှာ အလွန်အမင်း ချို့တဲ့နေတဲ့သူတွေကို ဒီပရဟိတကတဆင့် အကူအညီပေးဖို့ နိုင်ငံရပ်ခြားမှာ စေတနာ့ဝန်ထမ်း လုပ်နေသူဖြစ်ပါတယ်” ဟု အယ်ဘယ်နီးစ် (Albanese) မှဇိုမီသေဆုံးခဲ့ရမှုအတွက် ပြောကြားခဲ့သည်။

အမေရိကန်သမတဘိုင်ဒင် ဒီဖြစ်ရပ်အတွက် ဘာပြောခဲ့ပါသလဲ။

**********************************

ဂါဇာမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အစ္စရေးဘက်က လုံလုံ လောက်လောက် မလုပ်ဆောင်ဘူးလို့ အမေရိကန်သမတဘိုင်ဒင်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အကူအညီပေးရေး လုပ်သားခုနစ်ဦး သေဆုံးပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒေါသထွက်ကာ ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် “အရပ်သားများကို ကာကွယ်ရန် အစ္စရေးက လုံလောက်အောင် မလုပ်ဆောင်ခဲ့”ကြောင်း ပြောဆိုခဲ့သည်။

“စစ်ပွဲအလယ်မှာ ဆာလောင်မွတ်သိပ်နေတဲ့ အရပ်သားတွေကို အစားအစာတွေ ထောက်ပံ့ပေးနေတယ်” ဟု ဘိုင်ဒန်က အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။ “သူတို့က ရဲရင့်ပြီး ကိုယ်ကျိုးဖက်တဲ့သူတွေမဟုတ်ဘူး။ သူတို့ သေဆုံးရမှုဟာ ဝမ်းနည်းစရာပါ”ဟုဆိုသည်။

အစ္စရေးသည် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ “စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်” ကတိပြုထားသော်လည်း “စုံစမ်းစစ်ဆေးမှုသည် လျင်မြန်ရမည်၊ တာဝန်ခံမှုရှိရမည်၊ ၎င်း၏တွေ့ရှိချက်များကို လူသိရှင်ကြား ထုတ်ပြန်ရမည်” ဟု ရေးသားခဲ့သည်။ “ပိုဝမ်းနည်းစရာ ကောင်းတာက ဒါက ဖြစ်ရပ်တစ်ခု တည်းမဟုတ်ပါဘူး” ဟု ဘိုင်ဒင် က ရေးသားခဲ့သည်။

“ဒီပဋိပက္ခဟာ အကူအညီပေးရေးလုပ်သား မည်မျှအသတ်ခံရတယ်ဆိုတဲ့ အကြောင်းနဲ့ မကြာသေးမီက အမှတ်ရစရာတွေထဲမှာ အဆိုးဆုံး တစ်ခုပါပဲ။ ဒါဟာ ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဖြန့်ဝေရာမှာ အလွန်ခက်ခဲရတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး၊ ဘာကြောင့်လဲဆိုတော့ အရပ်သားတွေကို အလွန်အမင်းလိုအပ်နေတဲ့ အကူအညီတွေကို ပေးပို့ဖို့ ကြိုးစားနေတဲ့ အကူအညီပေးရေးလုပ်သားတွေကို အစ္စရေးဟာ အကာအကွယ်ပေးဖို့ လုံလောက်တဲ့ လုပ်ဆောင်နိုင်မှုမရှိလို့ပဲ ဖြစ်တယ်။” ဒီလိုဖြစ်ရပ်မျိုးဟာ “ရိုးရိုးတန်းတန်းဖြစ်တာတော့မဟုတ်ဘူး” ဆိုပြီး “အစ္စရေးက အရပ်သားတွေကို အကာအကွယ်ပေးဖို့ လုံလောက်အောင် မလုပ်ခဲ့ဘူး” လို့ ဆိုပါတယ်။

World Central Kitchen (WCK) သည် တနင်္လာနေ့တွင် ဂါဇာအလယ်ပိုင်းတွင် အစ္စရေးတို့၏ တိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးသွားသည့် အကူအညီပေးရေးလုပ်သား ခုနစ်ဦး၏ အထောက်အထားများကို မျှဝေခဲ့သည်။

အင်္ဂါနေ့က X ပို့စ်တစ်ခုတွင်၊ အကူအညီပေးရေးအဖွဲ့သည် သေဆုံးသူများကို အမည်များကို ဖော်ပြပေးခဲ့သည်။

ဂျွန်ချပ်မင် (John Chapman) သည် လုံခြုံရေးအဖွဲ့မှ ဗြိတိန်နိုင်ငံသား ၅၇ နှစ်ဖြစ်သည်။

လုံခြုံရေးအဖွဲ့မှ ဗြိတိန်နိုင်ငံသား ဂျိမ်း (ဂျင်)ဟန်ဒါဆင် ( James (Jim) Henderson) ၊ ၃၃ နှစ်။

လုံခြုံရေးအဖွဲ့မှ ဗြိတိန်နိုင်ငံသား ဂျိမ်း ကာဘီ (James Kirby) ၄၇ နှစ်။

ကယ်ဆယ်ရေးအဖွဲ့မှ အမေရိကန်-ကနေဒါနိုင်ငံ နှစ်နိုင်ငံသားဖြစ်သည့် ဂျေကော့ဘ် ဖလစ်ကင်ဂျာ (Jacob Flickinger)၊ ၃၃ နှစ်။

ကယ်ဆယ်ရေးအဖွဲ့မှ ပိုလန်နိုင်ငံသား ေးမီယန် ဆိုဘောလ် (Damian Sobol) ၃၅ နှစ်။

လာလ်ဇာဝါမီ (ဇိုမီ) ဖရင့်ကွမ် (Lalzawmi (Zomi) Frankcom) (၄၃) နှစ်၊ သြစတြေးလျနိုင်ငံသားဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွင် ဦးဆောင်သူဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့မှ ပါလက်စတိုင်းလူမျိုး ဆာအီ ဖက်ဒင် အစ်ဆမ် (Saifeddin Issam) ၂၅ နှစ်။

“သူတို့တွေဟာ WCK ရဲ့ သူရဲကောင်းတွေပါ။ ဒီလှပတဲ့ဝိညာဉ် ၇ ခုဟာ တစ်နေကုန်ကယ်ဆယ်ရေးမစ်ရှင်က ပြန်လာစဉ်မှာ IDF (အစ္စရေးကာကွယ်ရေးတပ်ဖွဲ့) ရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့ရပါတယ်။ သူတို့ရဲ့ အပြုံးတွေ၊ ရယ်မောသံတွေနဲ့ စကားသံတွေဟာ ကျွန်ုပ်တို့ရဲ့ အမှတ်ရစရာတွေထဲမှာ ထာဝရ ထည့်သွင်းထားပါတယ်” ဟု WCK အမှုဆောင်အရာရှိချုပ် အီရင် ဂေါ (Erin Gore) ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး ထိုတိုက်ခိုက်မှုသည် ကြီးမားသော အမှားတစ်ခုဖြစ်ပြီး အကူအညီပေးရေးလုပ်သားများကို ထိခိုက်စေရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

See insights and ads

Boost post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက