နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်သည် `ဖက်ဆစ်´ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီသူဖြစ်ကြောင်း လက်ထောက်ဖြစ်သူက ပြောကြား++++++++++++++++++++++++++++++++++

ဒေါ်နယ်ထရန့်သည် “အာဏာရှင်နည်းလမ်းများကို နှစ်သက်သည်´ ဟုလည်းဆို

အောက်တိုဘာလ (၂၃) ရက်။

ဒေါ်နယ်ထရန့်အစိုးရအတွင်း အငြိမ်းစား ယူအက်စ် မရိန်းတပ်ဖွဲ့ အထွေထွေနှင့် ဝန်ထမ်းအကြီးအကဲ ဂျွန်ကယ်လီက ထရန့်သည် “ဖက်ဆစ်ဝါဒ၏ စံသတ်မှတ်ချက်နှင့် ကိုက်ညီသည်” ဟု ပြောကြားခဲ့သည်။ “ဟစ်တလာလက်ထက်မှာ အမှုထမ်းခဲ့တဲ့ ဗိုလ်ချုပ်အမျိုးအစား´ ကို ရှာနေတယ်လို့လည်း သူက ပြောပါတယ်။ ဤအကြောင်းကို အောက်တိုဘာလ ၂၂ ရက်နေ့က အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

သမ္မတရွေးကောက်ပွဲကျင်းပရန် သီတင်းနှစ်ပတ်သာလိုတော့သည့်အချိန်၌ ရီပတ်ဘလစ်ကန်သမ္မတလောင်းထရန့်၏ လက်ထောက်ဟောင်းများသည် သမ္မတရာထူးအပေါ် ထရန့်၏ခံယူချက်နှင့် သူပြန်လည် အရွေးခံရပါက ထရန့်ကိုင်စွဲမည့်အာဏာနှင့်ပတ်သက်၍ အချင်းချင်းသတိပေးနေကြသည်။

ကယ်လီသည် ထရန့်၏ ဝန်ထမ်းအကြီးအကဲအဖြစ် ၂၀၁၇ မှ ၂၀၁၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဖက်ဆစ်ဝါဒီများနှင့်ပတ်သက်သည့် ၎င်း၏မှတ်ချက်များအပြင် New York Times နှင့် အင်တာဗျူးတစ်ခုတွင် ထရန့်က “အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့နည်းလမ်းတွေကို သေချာပေါက် နှစ်သက်တယ်” ဟု ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာကို နာခံမှုရှိတဲ့ နာဇီဗိုလ်ချုပ်တွေလို ပြသဖို့ ထရန့်က အမေရိကန် စစ်ဘက်တွေကို အလိုရှိကြောင်း The Atlantic မဂ္ဂဇင်းက အတည်ပြုခဲ့ပါတယ်။

ထရန့်၏မဲဆွယ်စည်းရုံးရေးအဖွဲ့က ယင်းအချက်သည် မမှန်ကန်ကြောင်း ငြင်းဆိုခဲ့သည်။ မဲဆွယ်စည်းရုံးလှုံ့ဆော်ရေးအကြံပေး Alex Pfeiffer က “ဒါဟာ လုံးဝလွဲမှားနေပြီး သမ္မတထရန့် တစ်ခါမှ မပြောခဲ့ဖူးပါဘူး။” ဟု ဆိုခဲ့သည်။

ဒါပေမယ့် ဒီမိုကရက်တွေဟာ ထရန့်က စွပ်စွဲထားတဲ့ ဒီမှတ်ချက်တွေကို မြန်မြန်ဆန်ဆန် အသုံးချခဲ့ကြပါတယ်။ မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေ့ါဇ်သည် အောက်တိုဘာ ၂၂ ရက်ညတွင် ဝစ္စကွန်းဆင်းပြည်နယ်၌ မဲဆွယ်စည်းရုံးပွဲတစ်ခု၌ ဟစ်တလာနှင့်ပတ်သက်သော ထရန့်၏မှတ်ချက်များကို “အလွန်စက်ဆုပ်ရွံရှာသည်” ဟု ဝေဖန်ခဲ့သည်။

ထရမ့်က ဟစ်တလာကို ချီးကျူးကြောင်း ကယ်လီက နယူးယောက်တိုင်း(မ)စ်ကို ပြောခဲ့သည်။ “ဟစ်တလာက ကောင်းတာတွေ လုပ်ခဲ့တယ်” ဟု တစ်ကြိမ်ထက်မက ပြောခဲ့ဖူးသည်ဟု ပြောဆိုခဲ့သည်။

ဟစ်တလာ၏ ဗိုလ်ချုပ်များ၏ သစ္စာစောင့်သိမှုကို ချီးကျူးကြောင်း The Atlantic မဂ္ဂဇင်း၏ အစီရင်ခံစာနှင့် ပတ်သက်၍ မဂ္ဂဇင်း၏ အမှုဆောင် အယ်ဒီတာ ဂျက်ဖရီ ဂိုးလ်ဘာ့(ခ) (Jeffrey Goldberg) က ၎င်း၏ သမ္မတသက်တမ်း တစ်လျှောက်လုံး ဗိုလ်ချုပ်များကို မကျေနပ်ခဲ့ကြောင်း အင်္ဂါနေ့ညတွင် ပြောကြားခဲ့သည်။ စစ်ဗိုလ်ချုပ်များသည် သမ္မတထရန့်၏ စကားကို ခြွင်းချက်မရှိ နားမထောင်သလို မစဉ်းစားဘဲ အမိန့်ကို မလိုက်နာခဲ့ကြဟု ဆိုသည်။

ဗိုလ်ချုပ်များနှင့် အခြားအမေရိကန် စစ်ဘက်အရာရှိများသည် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတထံ ကျမ်းသစ္စာ ကျိန်ဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက