နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ ဥရောပ

ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၅၀၀ စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီပြော။

အောက်တို ဘာလ (၁၉) ရက်။

မြောက်ကိုရီးယားသည် ရုရှားနိုင်ငံသို့ စစ်သား ၁,၅၀၀ စေလွှတ်လေ့ကျင့်ရန် စေလွှတ်လိုက်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက သောကြာနေ့တွင် ပြောကြားပြီး ယင်းလှုပ်ရှားမှုသည် မော်စကိုနှင့် ယူကရိန်းစစ်ပွဲတွင် ‌မြောက်ကိုရီးယား၏ စစ်ရေးပါဝင် ပတ်သက်မှု၏ ပထမခြေလှမ်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အထီးကျန်နိုင်ငံသည် ၎င်း၏ အထူးတပ်ဖွဲ့ တိုက်ခိုက်ရေးသမားများကို အောက်တိုဘာလအစောပိုင်းတွင် ရုရှားသင်္ဘော ခုနစ်စင်းဖြင့် ပို့ဆောင်ခဲ့ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (NIS) က သောကြာနေ့တွင် သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်ရေးယူနစ်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် မှ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

ကြီးမားသော ရုရှား သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးများသည် ဗလာဒီဗော့စတော့ (Vladivostok) နှင့် ပြုံယမ်းကြားတွင် မကြာခဏ ပျံသန်းသွားလာနေကြသည်ဟု ဆိုသည်။

ရုရှားနှင့် မြောက်ကိုရီးယားကြား မဟာမိတ်ဖွဲ့မှုသည် မြောက်ကိုးရီးယားတပ်များ စစ်ပွဲတွင် ပါဝင်လာရခြင်းဖြစ်သည်ဟု ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးမှ ထပ်ခါတလဲလဲ သတိပေးမှုများနောက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ကျွန်တော့်တို့ ထောက်လှမ်းရေးကနေ… သူတို့ဟာ စစ်သား တစ်သောင်း (၁၀,၀၀၀၊) မတူညီတဲ့ကျွမ်းကျင်နယ်ပယ်က စစ်သားတွေ၊ မြေပြင်တပ်ဖွဲ့တွေ၊ နည်းပညာဝန်ထမ်းတွေကို ပို့ဆောင်ဖို့ပြင်ဆင်နေပါတယ်” ဟု ဇလန်းစကီးက ကြာသပတေးနေ့တွင် ဘရပ်ဆဲလ်ရှိ နေတိုးထိပ်သီးအစည်းအဝေးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားစစ်သား ၁၀,၀၀၀ လောက်က ငါတို့ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတာ ငါတို့သိတယ်။ ဒါက တကယ်ကို အရေးတကြီးကိစ္စပဲ၊ အမေရိကန်နဲ့ ဆွေးနွေးခဲ့တယ်၊ ခေါင်းဆောင်တွေအားလုံးနဲ့ စကားပြောခဲ့တယ်”

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အင်ဒရေး ရှာဘီဟာ (Andrii Sybiha) က မြောက်ကိုရီးယားသည် ယူကရိန်းအပေါ် ရုရှား၏ရန်လိုမှုကို ထောက်ပံ့သည့်အနေနှင့် လက်နက်နှင့် အမှုထမ်းများကို ကူညီပေးနေသည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။ သူတို့ဟာကြေးစားစစ်သားတွေ မဟုတ်ဘူးငွေကြေးအရလာတာမဟုတ်ဘူး။”

ရှာဘီဟာ (Sybiha) သည် ‌မြောက်ကိုရီးယားအား ၎င်း၏တရားဝင်အမည်ဖြစ်သော ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဟု အတိုကောက်အားဖြင့် DPRK ဟုရည်ညွှန်းပြီး ” မြောက်ကိုရီးယားသည် အတိုင်းအတာတစ်ခုဖြင့်စစ်တွင်းသို့ ပါဝင်လာခြင်း” ဖြင့် မော်စကိုသည် ၎င်း၏ “ ရန်လိုမှု” ကို ပြင်းထန်စွာ အရှိန်မြှင့်တင်နေသည်ဟု စွပ်စွဲခဲ့သည်။

“ DPRK သည် ရုရှားနှင့်အတူ ဥရောပကို ကျူးကျော်ဝင်ရောက်ပြီး နှောင့်နှေးမှုမရှိဘဲ ပြုမူနေခြင်းကို ဥရောပ-အတ္တလန်တိတ် (Euro-Atlantic )အသိုင်းအဝိုင်းမှ နိုးကြားသိရှိနေရမည်” ဟု ၎င်းက ပြောကြားခဲ့သည်။

သောကြာနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ထံ စာတစ်စောင်၌ အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ မိုက်တာနာ (Mike Turner) က သတင်းပေးပို့ခဲ့သည့် တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုသည် စိုးရိမ်ဖွယ်ရာဖြစ်ပြီး ယူကရိန်းတွင် ပဋိပက္ခများ ပြင်းထန်စွာ တိုးမြင့်လာကြောင်း ပြောကြားခဲ့သည်။

“တပ်သားတွေရဲ့ လှုပ်ရှားမှုတွေက မှန်တယ်ဆိုရင် အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေဆီက ချက်ချင်းတုံ့ပြန်ဖို့ လိုအပ်ပါတယ်” ဟု ကွန်ဂရက်လွှတ်တော်အမတ်ကဆိုခဲ့ပြီး ထိုကိစ္စကို အိမ်ဖြူတော်မှ “ချက်ခြင်းခွဲခြမ်းစိတ်ဖြာြပီးရှင်းလင်းချက်” ကို ထုတ်ပြန်ပေးရန် တောင်းဆို ရေးသားခဲ့သည်။

ရုရှ-မြောက်ကိုရီးယားတို့၏ ပိုမိုနီးကပ်လာသည့် ဆက်ဆံရေး

NIS ထုတ်ပြန်ချက်တွင် မပါဝင်သော်လည်း မြောက်ကိုရီးယားသည် စုစုပေါင်းတပ်ဖွဲ့ဝင် ၁၂,၀၀၀ စေလွှတ်မည်ဟု တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါ စွက်ဖက်မှုသည် နိုင်ငံတကာစစ်ပွဲတွင် မြောက်ကိုရီးယား၏ အဓိက နည်းလမ်းတစ်ခုအဖြစ် ပထမဆုံးအကြိမ် ပါဝင်ခဲ့ခြင်းကို အမှတ်အသားပြုနိုင်သည်။ တိုင်းပြည်တွင် စစ်သား ၁.၂ သန်းဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးစစ်တပ် ရှိသော်လည်း ထိုတပ်များသည် တိုက်ပွဲ အတွေ့အကြုံ နည်းပါးသည်။

သောကြာနေ့က NIS ၏ထုတ်ပြန်ချက်တွင် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကို မြောက်ကိုရီးယားနိုင်ငံနှင့် နယ်နိမိတ်အနီးရှိ ရုရှား၏ အရှေ့ဘက်စွန်းရှိ နက်ရှိုင်းသောဒေသများသို့ ပို့ဆောင်ခဲ့ပြီး “ ၎င်းတို့၏ လိုက်လျောညီထွေလေ့ကျင့်မှုပြီးဆုံးသည်နှင့် ရှေ့တန်းစစ်မျက်နှာ များသို့ ဖြန့်ကျက်ချထားရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

စစ်သားများအား ရုရှားစစ်ယူနီဖောင်းများနှင့် ရုရှားလုပ်လက်နက်များ ထောက်ပံ့ပေးထားပြီး ၎င်းတို့အား ဆိုက်ဘေးရီးယားဒေသခံများ၏ အသွင်အပြင်နှင့် ဆင်တူသည့် မှတ်ပုံတင်စာရွက်စာတမ်းအတုများ ထုတ်ပေးထားကြောင်း၊ ၎င်းတို့အား ရုရှားစစ်သားများအဖြစ် အသွင်ပြောင်းကာ စစ်မြေပြင်တွင် ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ထားဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံကို ကူညီရန် မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များ စေလွှတ်ခံရခြင်း ဟူသော စွပ်စွဲချက်များကို လွန်ခဲ့သည့် သီတင်းပတ်က ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ် (Dmitry Peskov) က နောက်ကောလဟာလတခုအဖြစ် ပယ်ချခဲ့သည်။

ယူကရိန်းစစ်ပွဲအတွက် ပြုံးယမ်းသည် မော်စကိုသို့ လက်နက်များ ထောက်ပံ့ပေးနေကြောင်း အစိုးရအများအပြားက စွပ်စွဲထားပြီး ယင်းကဲ့သို့ လွှဲပြောင်းမှုများ၏ သိသာထင်ရှားသော အထောက်အထားများ ရှိနေသော်လည်း နှစ်နိုင်ငံစလုံးက ငြင်းဆိုထားသည်။

အနောက်နိုင်ငံများ၏ အပယ်ခံများဖြစ်သည့် နှစ်နိုင်ငံစလုံးသည် ရုရှား၏ကျူးကျော်မှုနောက်ပိုင်း ပိုမိုနွေးထွေးသော ဆက်ဆံရေးကို ပုံဖော်ခဲ့ကြသည်။

ဇွန်လတွင် ပူတင်၏မြောက်ကိုရီးယားမြို့တော်သို့ သွားရောက်လည်ပတ်စဉ်တွင် နှစ်နိုင်ငံသည် ပြင်ပမှ မိမိတို့နိုင်ငံ တနိုင်ငံကို တိုက်ခိုက်ခံရသည့်အခါတွင် စစ်ရေးအရ ရနိုင်သောနည်းလမ်းအားလုံးကို အသုံးပြုပြီးတဦးနှင့်တဦးကို ကူညီကြရန် ကတိပြုခဲ့သည်။

နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်တစ်ခုအထိ တိုးမြှင့်လုပ်ဆောင်နေကြောင်း အဆိုပါခရီးစဉ်အတွင်း ပူတင်က ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးကြား ဆွေးနွေးပွဲမတိုင်မီ မှတ်ချက်ပေးရာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ရုရှားအစိုးရ၊ စစ်တပ်နှင့် ပြည်သူများ၏ ရုန်းကန်မှုများကို သူကအပြည့်အ၀ ထောက်ခံပြီး စည်းလုံးညီညွတ်မှုရှိကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် ၎င်း၏ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်ရေးကို ကာကွယ်ရန်အတွက် မော်စကို၏ ယူကရိန်းနိုင်ငံနှင့် စစ်ပွဲကို ဆင်နွှဲနေမှုကို ထောက်ပြခဲ့သည်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 27 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 35 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 41 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်