နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

သူလျှိုရဲ့ကလေးတွေ ကိုယ့်ကိုကို ရုရှားမှန်းတောင် မသိခဲ့ကြ

သူလျှိုရဲ့ကလေးတွေ ကိုယ့်ကိုကို ရုရှားမှန်းတောင် မသိခဲ့ကြ

ဒါကတော့ စစ်အေးတိုက်ပွဲနောက်ပိုင်း အကြီးမားဆုံး အရှေ့-အနောက် အကျဉ်းသားလဲလှယ်မှုအစီအစဉ်အရ ရုရှားသူလျှိုမိသားစုဟာ မော်စကိုမြို့ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီရုရှားသူလျှိုမိသားစုရဲ့ ကလေးတွေဟာ လေယာဉ်ပေါ်ကဆင်းသက်ပြီးချိန်မှသာ သူတို့ဟာ ရုရှားနိုင်ငံသားတွေဖြစ်တယ်ဆိုတာကို သိခဲ့ရတယ်လို့ ဩဂုတ်လ ၂ ရက်နေ့၊ သောကြာနေ့မှာ ကရင်မလင်နန်းတော်က ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

ရုရှားမြေကို ပြန်ရောက်လာပြီး သမ္မတ ဗလာဒီမာပူတင်နဲ့တွေ့ဆုံချိန်မှာ သူလျှိုမိသားစုရဲ့ ကလေးတွေဟာ ရုရှားလူမျိုးဆိုတာကို မသိကြဘဲ စပိန်လိုပြောဆိုနှုတ်ဆက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒူ့ဆီဗက်ဇနီးမောင်နှံဟာ စုံစမ်းထောက်လှမ်းဖို့အတွက် အာဂျင်တီးနားလူမျိုးဟန်ဆောင်ခဲ့ကြတာကြောင့် စလိုဗေးနီးယားတရားရုံးမှာ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူတွေဖြစ်ပါတယ်။

သူတို့လင်မယားဟာ ထောင်ကျနေချိန်ကာလအတွင်း ကလေးတွေနဲ့တွေ့ဆုံခွင့်ကို ကန့်သတ်ခံခဲ့ရပြီး မိဘအခွင့်အရေးဆုံးရှုံးရမှာကို စိုးရိမ်ခဲ့ရတယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ပြောပါတယ်။ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကနေ ပြန်ရောက်လာသူတွေကို ရုရှားသမ္မတဗလာဒီမာပူတင်က ချီးကျူးကြိုဆိုခဲ့ပြီး စစ်မှုထမ်းခဲ့သူတွေကို ရုရှားနိုင်ငံရဲ့ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ဖို့ အမည်စာရင်းတင်သွင်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ကြာသပတေးနေ့က ရောက်ရှိလာခဲ့တဲ့ ပထမအသုတ်မှာ ရုရှားလုံခြုံရေးအရာရှိတစ်ဦးဖြစ်တဲ့ ဗာဒင် ကရာဆီကော့ဗ်လည်း ဂျာမနီကလွတ်မြောက်လာခဲ့ပါတယ်။ သူဟာ ဂျာမနီနိုင်ငံ ဘာလင်ပန်းခြံမှာ ချေချင်းညာစစ်သွေးကြွတစ်ဦးကို သတ်ဖြတ်ခဲ့မှုအတွက် 2019 ခုနှစ်က ဂျာမန်တရားရုံးရဲ့ ပြစ်ဒဏ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ သူ့ရဲ့လွတ်မြောက်မှုဟာ မော်စကိုရဲ့ အောင်ပွဲတစ်ခုဖြစ်သလို နိုင်ငံရပ်ခြားမှာ ဖမ်းဆီးခံခဲ့ရတဲ့ ထောက်လှမ်းရေးအရာရှိတွေကို အိမ်ပြန်ခေါ်နိုင်ခဲ့ခြင်းကလည်း ရုရှားနိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်အတွက် ဂျာမန်လူမျိုးတွေက ခံစားချက်တွေ ရောထွေးနေပါတယ်။ “ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စတွေမှာ ဂျာမနီ ပါဝင်ခဲ့တာက သနားစရာပါပဲ၊ တခြားနိုင်ငံမှာ သူကောင်းပြုခံရတဲ့ လူသတ်သမားတွေကို လွှတ်ပေးလိုက်ရတာပါ..”

အရှေ့နဲ့အနောက် အကျဉ်းသား လဲလှယ်မှုအစီအစဉ်မှာ စုစုပေါင်း 24 ဦးပါဝင်ခဲ့ပြီး ရုရှားက အနောက်အကျဉ်းသား 16 ဦး ပြန်လွှတ်ကာ အနောက်က ရုရှားအကျဉ်းသား 8 ဦး ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံဘက်က ပြန်လွှတ်ပေးလိုက်ရတဲ့ အကျဉ်းသားအရေအတွက် ပိုမိုများပြားနေပေမယ့် ရုရှားအာဏာပိုင်တွေကတော့ ဒါကို​အောင်ပွဲတစ်ခုအဖြစ် ပုံဖော်ခဲ့ကြပါတယ်။ “ သမ္မတပူတင်က ဒီလိုလဲလှယ်မှုမျိုးကို သဘောတူခဲ့တာ တကယ့်ကို မှန်ကန်တဲ့လုပ်ရပ်ပါ။ သူ့ကို ယုံကြည်သလို သူရဲ့အတွေးအခေါ်တွေကိုလည် ယုံကြည်ပါတယ်”

နိုင်ငံပေါင်းစုံရဲ့ အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်ဟာ တစ်ကြိမ်တည်းသာဖြစ်ပြီး အဲဒီသဘောတူညီချက်တွေအရ ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း ဆိုးရွားခဲ့တဲ့ ရုရှား-အမေရိကန်ဆက်ဆံရေး အသစ်က ပြန်စဖွယ်မရှိဘူးလို့လည်း သိရပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 53 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 58 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း