နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကိုယ်စားလှယ်တွေကို ဖယ်ထုတ်ဖို့ အရပ်ဘက်အဖွဲ့ (၂၃၇)ဖွဲ့ တောင်းဆို

အောက်တိုဘာလ (၃)ရက်။

မကြာခင် ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကိုယ်စားလှယ်တွေကို ဖယ်ထုတ်ဖို့ အရပ်ဘက်အဖွဲ့ (၂၃၇)ဖွဲ့က မနေ့က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းထဲ လာအိုနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ ကိုယ်စားပြုခွင့်ကို ထောက်ခံအားပေးဖို့ တောင်းဆိုတဲ့အနေနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

အခုအစည်းအဝေးတွေထဲ စစ်အုပ်စု တက်ရောက်တာနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေအပေါ် ပြန်လည်သုံးသပ်ကာ အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြုမှုကို ပြန်လည်သုံးသပ်ပေးဖို့ ဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ်‌ အောက်တိုဘာလပိုင်းကစပြီး အာဆီယံအစည်းအဝေးပေါင်း (၅၀၀)ကျော်ကို စစ်အုပ်စုကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ဝန်ကြီးအဆင့် အာဆီယံအစည်းအဝေး (၂၀)ကျော်နဲ့ အဆင့်မြင့်အစည်းအဝေးတွေကို စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အာဆီယံအနေနဲ့ ချမှတ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုမယ်ဆိုတာက ထိရောက်တာမရှိဘူးလို့ ပြောဆိုထားပါတယ်။

အာဆီယံအနေနဲ့ စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူတို့ခန့်အပ်ထားသူတွေကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ပေးတာဟာ စစ်အုပ်စုကို တရားဝင်ဖြစ်စေတာနဲ့ မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းတဲ့အပေါ် ချိနဲ့စေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်အုပ်စုကို ဆက်လက်ပံပိုးနေတာက မြန်မာနိုင်ငံထဲရှိ တင်းမာတာတွေကို ပိုမိုပြင်းထန်စေပြီး အာဆီယံရဲ့ သံခင်းတမန်ခင်းနဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းရေးတို့အတွက် အများပြည်သူယုံကြည်တာကို သိသိသာသာ ပျက်ပြားစေတယ်လို့ ‌ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ဆောင်ရွက်တဲ့အခါ NUG ကို တရားဝင်အစိုးရအနေနဲ့အပါအဝင် NUCC ကို အတိုင်ပင်ခံအဖွဲ့နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို အဓိက Stakeholder တွေအနေနဲ့ အသိအမှတ်ပြုဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ကြိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 21 Views
‌ရပ်နားထားတဲ့လုပ်ငန်းစဉ်တွေကို ပြန်လည်စတင်မယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ ဒေါ်ကြည်ပြာကိစ္စ NUG ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် ကြိုဆိုတယ်လို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

တွန်းဇံမြို့နယ်ထဲရှိ လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ မြို့နယ်ကောင်စီထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 20 Views
စစ်မှုမထမ်းလိုသူတွေကို နယ်နှင်ဒဏ်ပေးမယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ တွန်းဇံမြို့နယ်ထဲရှိ လူငယ် အမျိုးသားနဲ့ အမျိုးသမီးတွေကို တပ်သားသစ် စုဆောင်းသွားမယ်လို့ တွန်းဇံမြို့နယ်ကောင်စီရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

IPDF အပါအဝင် မဟာမိတ်အင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 20 Views
ဖေဖေယ်ဝါရီလ (၂၃)ရက်။ အင်းလေးဒေသ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့(IRLO)ကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ အဆုံးအဖြတ်ပေးမယ့်အဆင့်ကို ရောက်ရှိလာတာနဲ့အတူ အင်းလေးဒေသထဲက တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ IRLO အနေနဲ့ အဆင့်မြှင့်တင်
မြန်မာသတင်း

Non CDM ဝန်ထမ်းတွေ ထိန်းချုပ်ဒေသထဲ‌တွေ့ရင် အရေးယူမယ်လို့သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ အလင်းမဝင်တဲ့ Non CDM ဝန်ထမ်းတွေကို ထိန်းချုပ်ဒေသထဲ တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့ စေတုတ္တရာမြို့နယ်ပကဖရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။ စေတုတ္တရာမြို့နယ်ထဲ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ထမ်းဆောင်နေတဲ့ Non CDM
မြန်မာသတင်း

“အတီအတာ ပလီပလာနဲ့ ကြည်ပြာအမှုပလပ်”

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 31 Views
အထက်ပါ ခေါင်းစဥ်နဲ့ဒီအပတ် ၃၅ ကြိမ်မြောက် အပတ်စဉ်နိုင်ငံရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ခြင်း ဆွေးနွေးပွဲကိုပြောကြမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအတွင်းဝန် မကြည်ပြာအမှုကို NUG က ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ တရားလိုတွေက ဘယ်လိုတုံပြန်ခဲ့ကြသလဲဆိုတာတွေအပြင် မကြည်ပြာအမှုနဲ့တပြိုင်တည်း ပြည်တွင်းပြည်ပကို ဂယက်ရိုက်ခတ်စေခဲ့တဲ့ ၄ နှစ်ကျော် တည်ထောင်လာတဲ့
မြန်မာသတင်း

ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးဖို့ ULA/AA တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ဒေသထဲနဲ့ အပြင်ဖက်မှာ နေထိုင်တဲ့ ချင်းလူမျိုးအပါအဝင် အခြားမျိုးနွယ်စု လူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကထဲက ရှည်လျားတဲ့သမိုင်းကြောင်း၊
မြန်မာသတင်း

ဒေါ်ကြည်ပြာကို ရာထူးတာဝန် ပြန်ခန့်အပ်ထားတာ မရှိသေးဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ဒေါ်ကြည်ပြာကို ရာထူးတာဝန်ကနေ ယာယီရပ်နားထားဆဲဖြစ်ပြီး ပြန်လည်ခန့်အပ်တာ မရှိသေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျနော်တို့ စစ်ဆေးချိန်ကနေ အခုအချိန်အထိ ဒီအမှုအခင်းနဲ့ပတ်သက်တဲ့သူတွေ
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က မြစ်ကြီးနားလေဆိပ်မှာ MNA ခရီးသည်တင်လေယာဉ်တစီး အသေခံဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒရုန်းတွေနဲ့ ပစ်ခတ်ခံရတဲ့ လေယာဉ်ဟာ မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ပြန်လည်ထွက်ခွာမယ့် MNA