နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂန့်ဂေါမြို့မှာ ပျူစောထီး (၅)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခဲ့

မတ်လ (၄)ရက်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ ပျူစောထီး (၅)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီပျူစောထီးတွေဟာ ဂန့်ဂေါမြို့နယ်ထဲရှိ စစ်ကောင်စီအခြေစိုက်တဲ့ ပျူရွာတွေကဖြစ်ပြီး သူတို့ကိုင်ဆောင်တဲ့ လက်နက်တွေနဲ့အတူ မြို့နယ်ပကဖထံ ချိတ်ဆက်အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်၊ ဝင်ဝ(ပျူ)ရွာက ပျူစောထီး (၃)ဦးဟာ သူတို့ကိုင်ဆောင်တဲ့ ကာဘိုင်သေနတ် (၃)လက်၊ ကာဘိုင်ကျည် (၄၅၀)တောင့်တို့နဲ့အတူ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၇)ရက်မှာ အလင်းဝင်ခဲ့တယ်လို့ ဖော်ပြထားပါတဘ်။

ဒါ့ပြင် ကျန် (၂)ဦးဟာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့မှာ မြို့နယ်ပကဖထံ ချိတ်ဆက်ပြီး ကာဘိုင်(၁)လက်၊ Shotgun (၁)လက်နဲ့ ကာဘိုင်ကျည် (၂၀၀)တောင့်၊ ၄.၈ကျည် (၅၉)တောင့်တို့နဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အလင်းဝင်လာတဲ့ ပျူစောထီးတွေကို စစ်ဆေးချက်တွေရယူပြီး မတ်လ (၁)ရက်နေ့မှာ လက်နက်ကိုယ်စီနဲ့ အလင်းဝင်လာသူတွေကို တစ်ဦး ကျပ်(၅)သိန်းနှုန်းနဲ့ ချီးမြှင့်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကသာမြို့အနီးတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မြို့အဝင်အထွက် ပိတ်ထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က ညနေပိုင်းအချိန်ကစပြီး ကသာမြို့အနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသထဲသတင်း‌ရင်းမြစ်တွေထံက သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

မြိတ်မြို့မှာ ရွေးကောက်ပွဲရှုံးတဲ့ ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 5 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က မြိတ်မြို့မှာ စစ်တပ်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲ ရှုံးနိမ့်တာကြောင့်ဆိုပြီး ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မြိတ်မြို့
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်/ကျဉ်းသူတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 5 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒိုက်ဦးထောင်ထဲ ခရစ္စမတ်နေ့ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူအချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ PPNM အပါအဝင် နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့အဖွဲ့ (၄)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ရှိ အမျိုးသမီးဆောင်မှာ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပတဲ့နေ့ စစ်တပ်ရဲ့ လပခနဲ့ ဘုရင့်နောင်တိုက်ခိုက်‌ရေးကျောင်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ သံတောင်ကြီးရှိ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လပခကို နံနက် (၁)နာရီလောက်က ရှော့တိုက်ဒုံး
မြန်မာသတင်း

မကွေးရှိ မြို့နယ်(၆)မြို့နယ်က စစ်တပ်စခန်းတွေ ထိုးစစ်ဆင်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 26 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့ကစပြီး မကွေးတိုင်းရှိ မြို့နယ် (၆)မြို့နယ်က စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ စိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ့် မကွေးတိုင်းရှိ စလင်းမြို့နဲ့ ပွင့်ဖြူမြို့အပါအဝင် မြို့နယ်
မြန်မာသတင်း

ဖာပွန်ဗျူဟာကို KNLA နဲ့ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 49 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဖာပွန်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ နဂါးနက်စစ်ကြောင်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ (၂၄)ရက်နေ့ကစပြီး ဖာပွန်ဗျူဟာကို ထိုးစစ်ဆင်ခဲ့တာပါ။ ဗျူဟာစခန်းကိုတော့ မသိမ်းနိုင် သေးပါဘူး။ လိုင်းပေါ်မှာတော့ သိမ်းနိုင်ပြီဆိုပြီး
မြန်မာသတင်း

“၂၀၂၆ တော်လှန်ရေးအလားလာ”

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 24 Views
အပတ်စဥ်နိုင်ငံ‌ရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၂၇) မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆွေးနွေးတင်ဆက်သူ ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က အခုရောက်ရှိလာတော့မဲ့နှစ်သစ် ၂၀၂၆ခုနှစ်မှာတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်လိုရှေ့ဆက်ချီတက်ကြမယ်၊ တပ်ပေါင်းစုတွေကိုဘယ်လောက်အထိမျှော်မှန်းနိုင်မလဲ၊ ဘုံရန်သူစစ်အုပ်စုကို ဘယ်လို သေနင်္ဂဗြူဟာ တွေချမှတ်ဆောင်ရွက်နေတယ်လို့မြင်သလဲ ၊ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ  နောက်ပိုင်းသူတို့ရှင်သန်နိုင်ပါ့မလားဆိုတာတွေကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ဒီတနင်္ဂနွေနေ့
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 40 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ ခလရ(၄၇)တပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာ။ အဲ့ဒီတိုက်ပွဲမှာ