နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ချက် လပိုင်းခန့် ကြာမြင့်နိုင်

မေလ (၄) ရက်။

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားတွေ ပြည်ပနိုင်ငံတွေထံ သွားရောက်အလုပ်လုပ်ခွင့် ကန့်သတ်ချက်ကို မေလ (၁) ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်ပြီးတဲ့နောက် အဲ့ဒီကန့်သတ်ချက်ဟာ လအနည်းသာ ကြာမြင့်နိုင်တယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧပြီလ (၃၀) ရက်နေ့က အမျိုးသားအလုပ်သမားတွေအတွက် အလုပ်ခေါ်စာ ပြည်ပအလုပ်ခေါ်စာအသစ်တင်တာတွေ ယာယီရပ်ထားဖို့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က အေဂျင်စီတွေကို ပင်လုံခန်းမမှာ ခေါ်တွေ့ပြီး နှုတ်နဲ့ အသိပေးထားတယ်လို့ သိရှိရပါတယ်။ ယာယီပိတ်တာသာဖြစ်ပြီး ၊မကြာခင် ပြန်ဖွင့်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားဝန်ကြီးဌာနဘက်ကတော့ ပြည်ပထွက်ခွာခွင့် ကိစ္စရပ်တွေ ပိုမိုအချိန်ယူစိစစ်နိုင်ဖို့နဲ့ အခြားအခြေအနေတွေအရ ယာယီအားဖြင့် ဆိုင်းငံ့ထားခြင်းဖြစ်ပါကြောင်းလို့ မီဒီယာတွေကို ဖြေကြားထားပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်မယ့်သူတွေဆိုရင် ဘာသာစကားသင်ဖို့ ကျောင်းတက်ရတာ၊ Tokutei Gino လို့ခေါ်တဲ့ အလုပ်နဲ့သက်ဆိုင်တဲ့ အောင်လက်မှတ်ရဖို့ လုပ်ရတာအတွက် အနည်းဆုံး နှစ်နှစ်နီးပါး အချိန်ယူရတဲ့အပြင် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းကိုလည်း အာဏာပိုင်တွေ တရားဝင်သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ ပေးရတာအတွက် ကုန်ကျစရိတ်တွေကလည်း ရှိနေပါသေးတယ်။

တဖက်မှာလည်း ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်ချက်ဟာ ထိုင်း၊ ဂျပန် စတဲ့ နိုင်ငံတွေကို နိုင်ငံကူးလက်မှတ် PJ နဲ့ သွားရောက်အလုပ်လုပ်ဖို့ ပြင်ဆင်နေသူတွေအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။

အဲဒီလို အမျိုးသားအလုပ်သမားတွေရဲ့ ပြည်ပအလုပ်ခေါ်စာ (Demand Letter) ကို ဘာကြောင့်ပိတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာ မရှိပေမယ့် စစ်မှုမထမ်းလိုသူတွေ ပြည်ပကို တိမ်းရှောင်ဖို့ ကြိုးစားလာတာတွေကို ထိန်းချုပ်ဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အခုလို ပိတ်လိုက်တဲ့အတွက် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့လည်း ထိခိုက်မှုတွေရှိပြီး ပြန်ခွင့်ပြုမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီမှာ အကျိုးဆောင် လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၅၀၀ ကျော်ဝန်းကျင်ရှိတယ်လို့ သိရပြီး ထိုင်း၊ ဂျပန် နဲ့ဒူဘိုင်းနိုင်ငံတွေကို အလုပ်သမားတွေ စေလွှတ်ပေးနေတယ်လို့ သိရှိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 23 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 26 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ တအာင်းပညာရေးရန်ပုံငွေထီကို တအာင်းပြည်ရဲ့ ပညာရေးကို ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ နိုင်ငံရေးမတည်ငြိမ်တာနဲ့
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 35 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 33 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မြန်မာမှာ အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ပေါ်နေတာအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာဒေသဖြစ်စေဖို့ ဖန်တီးပေးနေတယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 28 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ