နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

နမ့်ဖတ်ကာမှာ သံဃာ (၂) ပါးနဲ့ အမျိုးသားတစ်ဦးကို KIA တပ်ဖွဲ့က ကြိုးတုတ်ပြီး ရိုက်နှက်၊ KIA ဘက်က ပြန်တောင်းပန်

ဖေဖော်ဝါရီ (၅) ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် နမ့်ဖတ်ကာရွာမှာရှိတဲ့ စစ်တပ်ရဲ့စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် နေရပ်ပြန်လာတဲ့ သံဃာ (၂) ပါးနဲ့ အမျိုးသားတစ်ဦးကို KIA တပ်က ကြိုးတုတ်ပြီး ရိုက်နှက်ခဲ့တယ်လို ဒေသတွင်းသတင်းရင်းမြစ် ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဖြစ်စဥ်က နမ့်ဖတ်ကာ တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီး သုံးရက်အကြာ ဇန်နဝါရီလ (၂၇) ရက်နေ့ နေ့လယ် ၃ နာရီခွဲမှာ ပျက်စီးတဲ့ နေအိမ်တွေကို လာကြည့်တဲ့ ရန်အောင်မြင်ကျောင်းက သံဃာ (၂) ပါးနဲ့ အမျိုးသားတစ်ဦးကို နမ့်ဖတ်ကာအဝင် လွယ်ကုံရွာမှာ ဂိတ်စောင့်နေတဲ့ KIA တပ်ဖွဲဝင်က ဘုန်းကြီးအတုလို ပြောဆိုပြီး ခေါ်ယူစစ်ဆေးကာ ကြိုးတုတ်ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

ကြိုးတုတ်ရိုက်နှက်ခံရတဲ့သူတွေကတော့ ဦးဇင်း ပန္နိတ သက်တော် (၂၃ နှစ်)၊ သက်တော် (၁၇) နှစ်ရှိ ကိုရင်တစ်ပါးနဲ့ အသက် ၄၂ နှစ်အရွယ် တာအိုက်ကျင်ဆိုသူတို့ ဖြစ်တယ်လို သိရပါတယ်။

၁ နာရီကြာ ဖမ်းဆီးကြိုးတုတ်ထားပြီးတဲ့နောက် KIA အရာရှိတစ်ဦး ရောက်လာတော့မှ သူတိုကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်တဲ့နေရာကို သွားကြည့်ပြီး ပြန်လာမှ ခေါ်စစ်ခဲ့တယ်လို့ သိရပါတယ်။ ဦးဇင်းတွေကို သင်္ကန်း ချွတ်ခိုင်းပြီး ဘုန်းကြီးအတုတွေလို့ဆိုကာ ကြိုးနဲ့တုတ်ထားတယ်လို့ သိရပါတယ်။ ဦးဇင်းနဲ့ ကိုရင်ရဲ့ ခေါင်းတွေကို နင်းတာတွေ၊ ရိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

KIA ဘက်က ရာထူးကြီးတဲ့ ခေါင်းဆောင် ရောက်လာမှ ဘုန်းကြီးတွေကို အဲလိုမလုပ်ရဘူးဆိုပြီး ပြန်လွှတ်ပေးတာလို့ ဆိုပါတယ်။

ဦးဇင်း ပန္နိတနဲ့ ကိုရင်တစ်ပါးကတော့ ပွန်းပဲ့ဒဏ်ရာ ရတာမျိုးမရှိဘဲ တာအိုက်ကျင်ဆိုသူကတော့ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

ဦးဇင်းနဲ့ ကိုရင်တစ်ပါးကို KIA တပ်ဖွဲက ကြိုးတုတ် ရိုက်တာနဲ့ ပတ်သက်ပြီး KIA တပ်ဘက်က လာရောက် တောင်းပန်သွားတယ်လို့ သိရပါတယ်။

လားရှိး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖတ်ကာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ ၁၂၃) စခန်းကို KIA က တစ်လနီးပါးကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ (၂၄) ရက်နေ့မှာ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Source/Photo: ရွှေဖီမြေသတင်းဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို