နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လောက်ကိုင်မှာ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို ကိုးကန့်တပ် ရှင်းလင်း

ဖေဖော်ဝါရီလ (၅) ရက်။

ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသ လောက်ကိုင်မှာ နယ်‌မြေရှင်းလင်းရေး အထူးစီမံချက်ကနေ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်လို သံသယရှိသူ (၃၆) ဦးကို ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို ကိုးကန့်တပ်ရဲ့ သတင်းပြန်ကြားရေး The Kokang မှာ ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ ဖော်ပြထားပါတယ်။

လောက်ကိုင်အတွင်း အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေး တိုက်ဖျက်ရေးနဲ့ တရားမဝင် လက်နက်ကိုင်ဆောင်မှုပပျောက်ရေးအတွက် စစ်ဆင်ရေး ဆောင်ရွက်ချိန်မှာ ကိုးကန့်ဒေသ၊ လောက်ကိုင်ရဲ့ စွမ်ဟော့ချိန်နဲ့ တုံချိန်ရှိ အဓိကနေရာနှစ်ခုကနေ အခုလို ဖမ်းဆီးရမိတာလို့ သိရပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူ (၃၆) ဦးနဲ့အတူ လက်ကိုင်ဖုန်း၊ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပြီး ကိုးကန့်တပ် (MNDAA) ရဲ့ အထူးရဲဌာနကို အပ်နှံထားတယ်လို့ ရေးသားထားပါတယ်။

တရားဝင်နေထိုင်နေတဲ့ ပြည်ပနိုင်ငံသား (နိုင်ငံခြားသား) တွေအနေနဲ့ ယာယီနေထိုင်ခွင့်အတွက် မှတ်ပုံတင်ဖို့နဲ့ ယာယီနေထိုင်ခွင့်သက်သေခံလက်မှတ်တွေအတွက် ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

မြန်မာလူမျိုးတွေကို အခုထိ လောက်ကိုင်ကို ပြန်လည်ဝင်ရောက်ခွင့် မပေးသေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးပရိဿတ်များ –

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 4 Views
ဒီအပတ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၂၆ရက် ၊ တနင်္ဂနွေနေ့ မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင် ဟောပြောသူတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော် နဲ့
မြန်မာသတင်း

မြင်းခြံမြို့ ဆင်းဂွတ်ရွာစာသင်ကျောင်းအနီး ဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် ဒါဇင်နဲ့ချီသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 19 Views
ဇန်နဝါရီလ (၂၆)ရက်။ ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မြင်းခြံမြို့ ဆင်းဂွတ်ရွညစာသင်ကျောင်းအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်ရှေ့တန်းပို့ခံရတဲ့ စစ်ကောင်စီတပ်သား(၇)ဦး KNDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 6 Views
ဇန်နဝါရီလ (၂၆)ရက်။ စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွေဆီ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား (၇)ဦး ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၁၉)ရက်နေ့က လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ထွက်ပြေးလာတဲ့ ခမရ(၃၄၀)တပ်ရင်းက
မြန်မာသတင်း

စစ်ရေးသတိရှိဖို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုရောက်ချိန် စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 7 Views
ဇန်နဝါရီလ (၂၆)ရက်။ မနေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ် သန်လျင်တပ်နယ်မှာ စစ်ရေးသတိရှိဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့ ဘယ်တပ်ဖွဲ့၊ ဘယ်နေရာမှာ တာဝန်ထမ်းဆောင်နေပါစေ စစ်ရေးသတိ၊ စစ်ရေးအသိ၊
မြန်မာသတင်း

တရုတ်အနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကို ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 11 Views
ဇန်နဝါရီလ (၂၆)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်နိုင်ငံပြည်သူတွေအကြား ရင်းနှီးချစ်ကြည်ဖို့ကို ပိုမိုတိုးတက်ခိုင်မာအောင် အလေးအနက်ထား ဆောင်ရွက်သွားမယ်လို့
မြန်မာသတင်း

တပတ်တာတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၂၀)ဦးကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 13 Views
ဇန်နဝါရီလ (၂၅)ရက်။ အခုလ (၁၈)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ကို (၁၆)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်သား စုစုပေါင်း (၂၇)ဦး
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ CDM ဝန်ထမ်းတွေနဲ့ အရပ်သားတွေ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 17 Views
ဇန်နဝါရီလ (၂၅)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲပြည်သူ့ဆေးရုံကို နေ့လယ်(၁)နာရီ (၂၅)မိနစ်နဲ့ (၂၉)မိနစ်တို့မှာ လေကြောင်းကနေ
မြန်မာသတင်း

ပအိုဝ်းဒေသကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့က အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 9 Views
ဇန်နဝါရီလ (၂၅)ရက်။ ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းရှိ ပအိုဝ်း‌ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလို ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းက ပအိုဝ်းရွာတွေကို လက်နက်ကြီးတွေနဲ့