နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာရှိ စာသင်ကျောင်းတွေကို အစ္စရေးက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက် အနည်းဆုံး ၃၀ သေဆုံး

သြဂုတ်လ (၅) ရက်။

ဂါဇာကမ်းမြှောင်ရှိ စာသင်ကျောင်းနှစ်ကျောင်းကို အစ္စရေးက သြဂုတ်လ ၄ ရက်နေ့ကလည်း နောက်ထပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းအရပ်ဘက်တပ်ဖွဲ့က ကြေညာခဲ့ပါသည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပါသည်။

တနေ့က သြဂုတ်လ (၃) ရက်နေ့ကလည်း ဂါဇာကမ်းမြောင်ဒေသရှိ စာသင်ကျောင်း ၂ ကျောင်းကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့သည်။

ပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စနေနေ့တွင် ပြန်လည်တွေ့ရှိခဲ့သည့် ရုပ်အလောင်းအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း CNN သို့ ပြောကြားခဲ့သည်။ ပျက်စီးသွားသော ကျောင်းအဆောက်အအုံသို့ ရွှေ့ပြောင်းလာသူ မိသားစုများနှင့် အခြားသူများမှာ ခိုလှုံနေကြရပြီး အပျက်အစီးများအောက်တွင် ပိတ်မိနေသူများလည်း ရှိနေသေးသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့နှင့် အစ္စရေးအထွေထွေလုံခြုံရေးအေဂျင်စီတို့က အဆိုပါတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း အသိအမှတ်ပြုခဲ့ပြီး အဆိုပါကျောင်းရှိ ဟားမတ်စ်ဌာနချုပ်မှ အကြမ်းဖက်သမားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဟားမတ်စ်အဖွဲ့ဝင်အရေအတွက်၊ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် အရပ်သားအရေအတွက်၊ ကြိုတင်သတိပေးထားကြောင်း ရှိမရှိ CNN ၏ မေးခွန်းများကို ဖြေကြားခြင်းမရှိပေ။

CNN မှ ရရှိသော ဗီဒီယိုဖိုင်တွင် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၏ ကစားကွင်းအတွင်း အပြင်းအထန် ဖျက်ဆီးခံခဲ့ရသည့် အဆောက်အအုံများနှင့် ရုပ်အလောင်းများကို တန်းစီလျက် ပြသထားသည်။ ဒဏ်ရာရ ကလေးငယ်များကို လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားသည်ကို တွေ့မြင်ရသည်။

Nasr ကျောင်း၏မြောက်ဘက်အထပ်သုံးထပ်နှင့် အိမ်နီးချင်း Hassan Salama ကျောင်း၏မြေညီထပ်တို့ ပျက်စီးသွားခဲ့ကြောင်း ဒေသခံသတင်းထောက်တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ အဆိုပါကျောင်းနှစ်ကျောင်းသည် လူဦးရေထူထပ်သောနေရာများတွင် တည်ရှိပြီး လူရာနှင့်ချီသော အမျိုးသမီးများနှင့် ကလေးသူငယ်များ အများစုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။

ပါလက်စတိုင်း အရာရှိများ၏ ပြောကြားချက်အရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အစ္စရေးထံမှ ကြိုတင်သတိပေးခြင်း မရှိကြောင်း သိရသည်။ “ ကြိုတင်သတိပေးချက်သာ ရှိခဲ့မယ်ဆိုရင် သေဆုံးမှုအရေအတွက်က အများကြီးနည်းသွားလိမ့်မယ်။” ဟု သူကဆိုသည်

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ ယမန်နှစ် အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၉,၅၈၃ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၉၁,၃၉၈ ဦးရှိခဲ့ကြောင်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ဓာတ်ပုံ။

Omar Al-Qattaa/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ