နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

အိန္ဒိယအစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့နည်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အချို့ ထုတ်ပြန်

ဒီဇင်ဘာ (၅)ရက်။

အိန္ဒိယအစိုးရအနေနဲ့ စစ်အုပ်စုကို တရားဝင်ဖိတ်ကြား တွေ့ဆုံပြီး တော်လှန်ရေးအင်အားစုတွေကို တရားဝင်မဟုတ်တဲ့ နည်းလမ်းနဲ့ တွေ့ဆုံတာက မှားယွင်းတဲ့ချဉ်းကပ်မှုလို့ အရပ်ဘက်အဖွဲ့အစည်းအချို့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြန်မာအရေးအပေါ် အိန္ဒိယအစိုးရရဲ့ ချဉ်းကပ်မှုနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ India For Myanmar၊ Blood Money Campaign(BMC)၊ Defend Myanmar Democracy(DMD)နဲ့ Generation’s Solidarity Coalition of Nationality(GSCB)တို့က သဘောထားထုတ်ပြန်ထားတာပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ မြန်မာပြည်တွင်းပဋိပက္ခ ဖြေရှင်းနိုင်ဖို့၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိခေါင်းဆောင်အချို့နဲ့ စတင်ပြောဆိုတဲ့အပေါ် မြန်မာပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကိုယ်စား ကြိုဆိုထောက်ခံတယ်လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ မြန်မာအရေးဖြေရှင်းရာမှာ သက်ဆိုင်ရာ တာဝန်ရှိခေါင်းဆောင်အချို့နဲ့ တွေ့ဆုံပြောဆိုတာဟာ ကောင်းမွန်တဲ့ ချဉ်းကပ်မှုဖြစ်ပေမယ့် အကြမ်းဖက်စစ်အုပ်စုအပါအဝင် သူနဲ့နီးစပ်တဲ့ အဖွဲ့တွေကို တရားဝင် ဖိတ်ကြားတွေ့ဆုံပြီး တော်လှန်ရေးအင်အားစုအချို့ကို တရားမဝင်တဲ့နည်းနဲ့ တွေ့ဆုံတာက လုံးဝမှားယွင်းတဲ့ ချဉ်းကပ်မှုလို့ ဖော်ပြထားပါတယ်။

အခုလက်ရှိ မြန်မာအရေးကို ‌ဖြေရှင်းနိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ ကူညီပံ့ပိုးလိုပါက တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အုပ်စုအပါအဝင် သူနဲ့နီးစပ်တဲ့အဖွဲ့တွေအကြား မျှတတဲ့ ဆက်ဆံခြင်းကို အခြေခံမူအနေနဲ့ ကျင့်သုံးဖို့လိုတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အိန္ဒိယအစိုးရအနေနဲ့လဲ မြန်မာ့ပဋိပက္ခကို အောင်မြင်စွာ ကူညီဖြေရှင်းနိုင်ဖို့အတွက် ပါဝင်ပတ်သက်နေတဲ့ ပြည်တွင်း၊ ပြည်ပ အင်အားစုတွေနဲ့ လက်တွဲပြီး မြန်မာပြည်သူတွေ လိုလားတဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးရလဒ်တွေ ထွက်ပေါ်တဲ့အထိ ဦးဆောင်ကူညီပေးဖို့ တိုက်တွန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 33 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 62 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့
တရုတ် မြန်မာ့နိုင်ငံရေး

မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ တရုတ်အထူးကိုယ်စားလှယ်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 273 Views
အောက်တိုဘာလ (၁၆)ရက်။ မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijiun က မနေ့က NCA (၁၀)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို
မြန်မာ့နိုင်ငံရေး

အကြောင်းအမျိုးမျိုးကြောင့် MOD အောက်ကနေ ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ခံ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 456 Views
မတ်လ (၄)ရက်။ အကြောင်းအမျိုးမျိုးကြောင့် MOD ရဲ့ CoC အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာ့နိုင်ငံရေး

စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 535 Views
စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ။ ဦးထွန်းအောင်ကျော်နဲ့ ဦးကြီးမြင့်တို့ရဲ့ ဆွေး‌နွေးမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ ဒီဆွေး‌နွေးမှုမှာ စစ်အာဏာသိမ်းတာကနေ ဘယ်လိုကာကွယ်သင့်သလဲဆိုတာကို သူတို့နှစ်ဦးရဲ့အမြင်တွေကို တင်ပြကြသလို ဒုတိယမေးခွန်းဖြစ်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်မလဲဆိုတာကို သူတို့ရှုထောင့်တွေကနေ တဆက်တည်း ဆွေး‌နွေး ထားကြပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 445 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အသက် (၁၈)နှစ်အောက် ကလေးငယ်သေဆုံးခဲ့တာမှာ
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 522 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့
မြန်မာ့နိုင်ငံရေး

(၁)လတာထိုးစစ်အပြီး မံစီမြို့သိမ်းအောင်ပွဲ ABSDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 699 Views
ဇန်နဝါရီလ (၉)ရက်။ တော်လှန်ရေးတပ်တွေရဲ့ (၁)လတာ ထိုးစစ်အပြီး မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲအနေနဲ့ ABSDF က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မံစီမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ(၆၀၁)၊ ခမရ(၃၁၉)နဲ့ အမတ(၃၅၂)တို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့