နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို KIA ထိုးစစ်ဆင်တိုက်ခိုက်နေ

မတ်လ (၇)ရက်။

ကချင်ပြည်နယ်၊ လိုင်ဇာဒေသက စစ်ကောင်စီတပ်စခန်း (၄)ခုကို KIA က ဒီကနေ့ နံနက်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ဒီကနေ့ နံနက် (၆)နာရီကစပြီး လိုင်ဇာဘက်က ရန်သူ့တပ်စခန်း (၄)နေရာကို တစ်ပြိုင်ထဲ KIA က ထိုးစစ်ဆင်နေတာ။ အဲ့ဒီအတွက်လဲ ပြင်ဆင်နေတာကြာပြီ” လို့ စစ်ရေးသတင်းအရင်းအမြစ်က ဆိုထားပါတယ်။

အခုလို KIA က ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ခလရ(၃၂၁)တပ်စခန်း၊ ရှဒန်ပါစခန်း၊ အင်တပ်ဘွမ်စခန်းနဲ့ အင်လုန်ခစခန်းတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

လိုင်ဇာဒေသထဲက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နေတာနဲ့ပတ်သက်ပြီး KIA ဘက်ကတော့ သတင်းထုတ်ပြန်ထားတာမရှိသေးပါ။

ဒါ့ပြင် မိုးမောက်နဲ့ ဝိုင်းမော်မြို့တွေထဲက စစ်ကောင်စီတပ်စခန်းတွေကိုလဲ KIA နဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေကာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တာဟာ ပထမဆုံးအနေနဲ့ ဆောင်ရွက်လာတာဖြစ်ပြီး အဲ့ဒီစစ်တပ်စခန်းတွေဟာ လိုင်ဇာမြို့နဲ့အနီးတစ်ဝိုက်ကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုသိမ်မှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 20 Views
ဒီဇင်ဘာလ (၄)ရက်။ ပုသိမ်မြိုမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး ရောဂါနဲ့ သေဆုံးခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးသူဟာ
မြန်မာသတင်း

ျောက်ကြီးမြိုမှာ ဆေးပေးခန်း ဗုံးကြဲခံရပြီး CDM ဆရာဝန်အပါ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 22 Views
ဒီဇင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ပဲခူးတိုင်း ကျောက်ကြီးမြို ညောင်ပင်သာရွာရှိ ဆေးပေးခန်းကို စစ်တပ်က စက်တက်လေထီးနဲ့ ဗုံးကြဲခဲ့တယ်လို
မြန်မာသတင်း

သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မြေကွက်ကို သမက်ဖြစ်သူက အလွဲသုံးစားရောင်းချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 18 Views
ဒီဇင်ဘာလ (၄)ရက်။ သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မန္တလေးက မြေကွက်ကို သမက်ဖြစ်သူ ဦးတာယာမြင့်ဆွေက အလွဲသုံးစားလုပ် ရောင်းချခဲ့တယ်လို ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ ဦးမြင့်ဆွေရဲ့ မန္တလေးတိုင်း မဟာအောင်မြေမြိုနယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ်(၃၁)ရှိ ဧရိယာ (၀.၁၁၀၂)အကျယ်
မြန်မာသတင်း

ရွေးကောက်ပွဲကို တရားမျှတစွာ ဝင်ပြိုင်ကြဖိုဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 19 Views
ဒီဇင်ဘာလ (၄)ရက်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တရားမျှတစွာ ဝင်ပြိုင်ကြဖို စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က ပြင်ဦးလွင်မြိုမှာပြုလုပ်တဲ့ စစ်တက္ကသိုလ်သင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အခုနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဥပဒေနဲ့အညီ မဲပေးခွင့်မရှိသူတွေကလွဲပြီး ကျန်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး
မြန်မာသတင်း

အင်ဒိုနီးရှားမှာပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အကြမ်းဖက်စစ်အုပ်စု လုံးဝမပါဘူးလို NUCC ထုတ်ပြန်ရှင်းလင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 15 Views
ဒီဇင်ဘာလ (၄)ရက်။ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားတာနဲ့ပတ်သက်ပြီး NUCC က မနေ့က အသိပေးရှင်းလင်းချက်တစောင် ထုတ်ပြန်ထားတယ်လို သိရပါတယ်။ NUCC အနေနဲ့ Office of Special Envoy on Myanmar
မြန်မာသတင်း

Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားတဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 44 Views
ဒီဇင်ဘာလ (၃)ရက်။ နိုဝင်ဘာလ (၂၈)ရက်နေ့က Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားအမျိုးသားတဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူဟာ ရန်ကုန်တိုင်း သန်လျင်မြို့‌ ‌ဗိုလ်ချုပ်ကျေးရွာနေ (၅၈)နှစ်အရွယ်
မြန်မာသတင်း

ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို ပကဖတွေထံ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 41 Views
ဒီဇင်ဘာလ (၃)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို တိုက်နယ်ပကဖနဲ့ UG ပကဖတွေကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ စစ်လက်နက်တွေထဲက MA-1 သေနတ် (၁၀)လက်နဲ့ G-3
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူစုစုပေါင်း (၄၀၀၀)ကျော်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 44 Views
ဒီဇင်ဘာလ (၃)ရက်။ ပြီးခဲ့တဲ့လကုန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၄၂၀၀)ရှိပြီး သေဆုံးသူ (၄၄၇၀)ဦးရှိတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူတွေထဲမှာ အသက် (၁၈)နှစ်အောက် ကလေးသူငယ် (၈၇၆)ဦး