မေလ (၇)ရက်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က တပ်ရင်းအမှတ် (၂၅)ကို ဒီကနေ့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတပ်ရင်းအမှတ်(၂၅)ဟာ ဧပြီလ (၃၀)ရက်နေ့က KNDF အမှတ်(၇)ဗျူဟာကပြုလုပ်တဲ့ အခြေခံစစ်သင်တန်းကို တက်ရောက်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။
တပ်ရင်းစတင်ဖွဲ့စည်းဖို့ကို အဘက်ဘက်က ဝိုင်းဝန်းကူညီပံ့ပိုးပေးတဲ့ လူတစ်ဦး တစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိတယ်လို့ ရေးသားထားပါတယ်။
အခုလို KNDF က တပ်ရင်းအသစ် ဖွဲ့စည်းတည်ထောင်တာကို သတင်းဓါတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။
KNDF အမှတ်(၇)ဗျူဟာကနေ သင်တန်းသား ရဲဘော်၊ ရဲမေ စုစုပေါင်း (၅၀၀)ကျော် သင်တန်းဆင်းထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။