ဧပြီလ (၂၂)ရက်။
ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီအချိန်က သရက်ကန်ပျူစောထီးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အဲဒီနေ့က ကျွန်တော်တို့ ပတ်ပြီးကြည့်တဲ့အချိန် မိုင်းကွင်းထဲမှာ ရဲခွေးတစ်ကောင်ရောက်နေတာကို တွေ့ ရတယ်။ ကင်းပတ်ထွက်လာတယ်လို့တော့ ထင်တာပဲ၊ ရွာနဲ့ မီတာ (၃၀၀)လောက်ပဲကွာမယ်၊ ကျွန်တော်တို့က တစ်ယောက်ကိုပဲ မြင်ရတာ သူတို့က အင်အား ဘယ်လောက်နဲ့ ထွက်လာလဲ မသိရဘူး၊ အဲတာကြောင့် လက်နက်ငယ်နဲ့တိုက်ခိုက်ဖို့ထက် မိုင်းဆွဲတိုက်ခိုက်ဖို့ပဲ ရွေးချယ်ပြီး မိုင်းဆွဲခဲ့တာ” လို့ ဆိုပါတယ်။
သရက်ကန်ပျူရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတဦးဟာ ကင်းပတ်ထွက်ချိန် မိုင်းကွင်းထဲရောက်လာတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် မိုင်းကွဲတဲ့နေရာကို ရှင်းလင်းခဲ့ရာ အလောင်းတလောင်းကို တွေ့ရသလို G-3 (၁)လက်၊ ကျည် (၂)ဘောက်နဲ့ ကျည် (၆၀)ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
“ ပြန်ကြားရတဲ့ သတင်းအရတော့ ကိုင်းတောမရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲခွေး (၂)ယောက် ထွက်လာတာလို့ပြောတယ်၊ တစ်ကောင်ဂိသွားတယ်၊ တစ်ကောင်ကတော့ ကြောက်အားလန့်အားနဲ့ တစ်ချက်မှတောင် ပြန်မပစ်နိုင်ပဲ ခွေးပြေးဝက်ပြေး ပြန်ဝင်ပြေးသွားတယ်လို့သိရတယ်” လို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်တာကို TYK ပြောက်ကြားတပ်ဖွဲ့၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့ (အရှေ့ပိုင်းဇုန်)၊ ဒေါင်းညီနောင်တပ်ဖွဲ့ နဲ့ ဒေါင်းမာန်တပ်ဖွဲ့တို့ ပါဝင်ခံ့တယ်လို့ သိရပါတယ်။








