နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာတွင် ပါလက်စတိုင်း အများအပြား သေဆုံး

မေလ (၇) ရက်။

မေလ (၇) ရက်နေ့ ညသန်းခေါင်အချိန် ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ ရာဖာအား အစ္စရေးစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်း အများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း အများအပြားရှိကြောင်း ပါလက်စတိုင်း အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့များသည် ရာဖာမြို့ အရပ်ရပ်ကို ညအချိန်၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသူ အများအပြားကို နေအိမ်အပျက်အစီးများအောက်မှ ဆွဲထုတ်ကာ ဒဏ်ရာရသူများကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကြေညာချက်နှင့်အတူ အရပ်ဘက်ကာကွယ်ရေးဌာနမှ အနည်းဆုံး ရုပ်အလောင်းနှစ်လောင်းပါရှိသော အိတ်များကို ပြသထားသည့် ဓာတ်ပုံကို ထုတ်ပြန်ခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်မှ ဦးစီးသည့် WAFA သတင်းဌာနက ရာဖာကို တိုက်ခိုက်မှု နှစ်ကြိမ်အတွင်း ပါလက်စတိုင်း ရှစ်ဦး သေဆုံးခဲ့ပြီး အချိန်အတိအကျကို မသိရသေးကြောင်း ပြောကြားခဲ့သည်။

ရာဖာရှိ ကူဝိတ်ဆေးရုံတွင် အလောင်း ၁၁ လောင်းရရှိထားကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုမစမီ အစ္စရေးဝန်ကြီးချုပ်ရုံးက ရာဖာတွင် စစ်ရေးအရ စစ်ဆင်ရေးများသည် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အပေါ် စစ်ရေးအရ ဖိအားပေးရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မေလ (၆) ရက်နေ့က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ကလည်း အရှေ့ဘက် ရာဖာတွင် ဟားမတ်စ်များကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်ဟု မေလ (၆) ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရရှိသည့်သတင်းအရ ဤလေကြောင်းတိုက်ခိုက်မှုတွင် ပါလက်စတိုင်း အနည်းဆုံး ၄၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ဓာတ်ပုံ။

ပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးသည် ရာဖာမြို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအပြီး ဒဏ်ရာရသူအများအပြားကို သယ်ဆောင်လာစဉ်။/Palestinian Civil Defence

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ