နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာတွင် ပါလက်စတိုင်း အများအပြား သေဆုံး

မေလ (၇) ရက်။

မေလ (၇) ရက်နေ့ ညသန်းခေါင်အချိန် ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ ရာဖာအား အစ္စရေးစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်း အများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း အများအပြားရှိကြောင်း ပါလက်စတိုင်း အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့များသည် ရာဖာမြို့ အရပ်ရပ်ကို ညအချိန်၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသူ အများအပြားကို နေအိမ်အပျက်အစီးများအောက်မှ ဆွဲထုတ်ကာ ဒဏ်ရာရသူများကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကြေညာချက်နှင့်အတူ အရပ်ဘက်ကာကွယ်ရေးဌာနမှ အနည်းဆုံး ရုပ်အလောင်းနှစ်လောင်းပါရှိသော အိတ်များကို ပြသထားသည့် ဓာတ်ပုံကို ထုတ်ပြန်ခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်မှ ဦးစီးသည့် WAFA သတင်းဌာနက ရာဖာကို တိုက်ခိုက်မှု နှစ်ကြိမ်အတွင်း ပါလက်စတိုင်း ရှစ်ဦး သေဆုံးခဲ့ပြီး အချိန်အတိအကျကို မသိရသေးကြောင်း ပြောကြားခဲ့သည်။

ရာဖာရှိ ကူဝိတ်ဆေးရုံတွင် အလောင်း ၁၁ လောင်းရရှိထားကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုမစမီ အစ္စရေးဝန်ကြီးချုပ်ရုံးက ရာဖာတွင် စစ်ရေးအရ စစ်ဆင်ရေးများသည် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်အပေါ် စစ်ရေးအရ ဖိအားပေးရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မေလ (၆) ရက်နေ့က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ကလည်း အရှေ့ဘက် ရာဖာတွင် ဟားမတ်စ်များကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်ဟု မေလ (၆) ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရရှိသည့်သတင်းအရ ဤလေကြောင်းတိုက်ခိုက်မှုတွင် ပါလက်စတိုင်း အနည်းဆုံး ၄၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ဓာတ်ပုံ။

ပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးသည် ရာဖာမြို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအပြီး ဒဏ်ရာရသူအများအပြားကို သယ်ဆောင်လာစဉ်။/Palestinian Civil Defence

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “