မြန်မာ့အရေး ထိုင်းအတွေး (၁၇)
ခေတ်မျက်လုံးရဲ့ အပတ်စဉ်တင်ဆက်နေတဲ့ မြန်မာ့အရေး ထိုင်းအတွေး အစီအစဉ် ၁၇ ကို ခေတ်မျက်လုံးရဲ့ ပင်တိုင်တင်ပြသူ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်ဆင်ရှင်နာဝပ်အနေနဲ့ သူ့ကို အာမခံနဲ့လွှတ်ထားတာကို ကတိဖောက်ဖျက်ပြီး နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားလာတာကြောင့် ထိုင်းစစ်တပ်ခေါင်းဆောင်များက မျက်မုန်းကျိုးလာပြီး အရေးယူဆောင်ရွက်လာမှုကို စိတ်ဝင်စားစရာပြောပြသွားတဲ့အပြင် တပ်ဆင်ဟာ မြန်မာလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘာကြောင့်ဆက်သွယ်ရတဲ့ရည်ရွယ်ချက်ကိုလည်း ကြားရမှာဖြစ်သလို နောက်ဆုံး မင်းအောင်လှိုင်အနေနဲ့ ထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူနေတဲ့ မြန်မာတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်လာတာကြောင့် ထိုင်းနိုင်ငံအပေါ် ဘယ်လိုသက်ရောက်လာသလဲဆိုတာကို နားဆင်ရမှာဖြစ်ပါတယ်။