နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမှတ်(၂)စစ်ဒေသနယ်မြေထဲ တလတာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၀၀)ကျော်သေဆုံးခဲ့

အောက်တိုဘာလ (၇)ရက်။

စက်တင်ဘာလက အမှတ်(၂)စစ်ဒေသနယ်မြေထဲ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၁၅)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အမှတ် (၂)စစ်ဒေသနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အပါအဝင် မြို့နယ်ပေါင်း (၂၀)မှာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က (၁၀၉)ဦး သေဆုံးခဲ့ပြီး (၆၁)ဦး ဒဏ်ရာရရှိခဲ့ကာ လက်နက်ကြီးငယ်မျိုးစုံနဲ့ ခဲယမ်းတွေအပါအဝင် စစ်သုံးဆက်စပ်ပစ္စည်းနဲ့ ရိက္ခာအမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဘက်ကလဲ ရဲဘော် (၁၁)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၄)ဦး သေဆုံးကာ (၂၂)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီလိုတိုက်ခိုက်တာကို တောင်ပိုင်းစစ်ဒေသ၊ (JOC) ကွပ်ကဲမှုနဲ့ KNLA၊ အမှတ် (၂)စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးတွဲလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ကြိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 21 Views
‌ရပ်နားထားတဲ့လုပ်ငန်းစဉ်တွေကို ပြန်လည်စတင်မယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ ဒေါ်ကြည်ပြာကိစ္စ NUG ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် ကြိုဆိုတယ်လို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

တွန်းဇံမြို့နယ်ထဲရှိ လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ မြို့နယ်ကောင်စီထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 20 Views
စစ်မှုမထမ်းလိုသူတွေကို နယ်နှင်ဒဏ်ပေးမယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ တွန်းဇံမြို့နယ်ထဲရှိ လူငယ် အမျိုးသားနဲ့ အမျိုးသမီးတွေကို တပ်သားသစ် စုဆောင်းသွားမယ်လို့ တွန်းဇံမြို့နယ်ကောင်စီရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

IPDF အပါအဝင် မဟာမိတ်အင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 20 Views
ဖေဖေယ်ဝါရီလ (၂၃)ရက်။ အင်းလေးဒေသ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့(IRLO)ကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ အဆုံးအဖြတ်ပေးမယ့်အဆင့်ကို ရောက်ရှိလာတာနဲ့အတူ အင်းလေးဒေသထဲက တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ IRLO အနေနဲ့ အဆင့်မြှင့်တင်
မြန်မာသတင်း

Non CDM ဝန်ထမ်းတွေ ထိန်းချုပ်ဒေသထဲ‌တွေ့ရင် အရေးယူမယ်လို့သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ အလင်းမဝင်တဲ့ Non CDM ဝန်ထမ်းတွေကို ထိန်းချုပ်ဒေသထဲ တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့ စေတုတ္တရာမြို့နယ်ပကဖရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။ စေတုတ္တရာမြို့နယ်ထဲ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ထမ်းဆောင်နေတဲ့ Non CDM
မြန်မာသတင်း

“အတီအတာ ပလီပလာနဲ့ ကြည်ပြာအမှုပလပ်”

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 31 Views
အထက်ပါ ခေါင်းစဥ်နဲ့ဒီအပတ် ၃၅ ကြိမ်မြောက် အပတ်စဉ်နိုင်ငံရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ခြင်း ဆွေးနွေးပွဲကိုပြောကြမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအတွင်းဝန် မကြည်ပြာအမှုကို NUG က ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ တရားလိုတွေက ဘယ်လိုတုံပြန်ခဲ့ကြသလဲဆိုတာတွေအပြင် မကြည်ပြာအမှုနဲ့တပြိုင်တည်း ပြည်တွင်းပြည်ပကို ဂယက်ရိုက်ခတ်စေခဲ့တဲ့ ၄ နှစ်ကျော် တည်ထောင်လာတဲ့
မြန်မာသတင်း

ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးဖို့ ULA/AA တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ဒေသထဲနဲ့ အပြင်ဖက်မှာ နေထိုင်တဲ့ ချင်းလူမျိုးအပါအဝင် အခြားမျိုးနွယ်စု လူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကထဲက ရှည်လျားတဲ့သမိုင်းကြောင်း၊
မြန်မာသတင်း

ဒေါ်ကြည်ပြာကို ရာထူးတာဝန် ပြန်ခန့်အပ်ထားတာ မရှိသေးဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ဒေါ်ကြည်ပြာကို ရာထူးတာဝန်ကနေ ယာယီရပ်နားထားဆဲဖြစ်ပြီး ပြန်လည်ခန့်အပ်တာ မရှိသေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျနော်တို့ စစ်ဆေးချိန်ကနေ အခုအချိန်အထိ ဒီအမှုအခင်းနဲ့ပတ်သက်တဲ့သူတွေ
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က မြစ်ကြီးနားလေဆိပ်မှာ MNA ခရီးသည်တင်လေယာဉ်တစီး အသေခံဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒရုန်းတွေနဲ့ ပစ်ခတ်ခံရတဲ့ လေယာဉ်ဟာ မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ပြန်လည်ထွက်ခွာမယ့် MNA