နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမှတ်(၂)စစ်ဒေသနယ်မြေထဲ တလတာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၀၀)ကျော်သေဆုံးခဲ့

အောက်တိုဘာလ (၇)ရက်။

စက်တင်ဘာလက အမှတ်(၂)စစ်ဒေသနယ်မြေထဲ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၁၅)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အမှတ် (၂)စစ်ဒေသနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အပါအဝင် မြို့နယ်ပေါင်း (၂၀)မှာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က (၁၀၉)ဦး သေဆုံးခဲ့ပြီး (၆၁)ဦး ဒဏ်ရာရရှိခဲ့ကာ လက်နက်ကြီးငယ်မျိုးစုံနဲ့ ခဲယမ်းတွေအပါအဝင် စစ်သုံးဆက်စပ်ပစ္စည်းနဲ့ ရိက္ခာအမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဘက်ကလဲ ရဲဘော် (၁၁)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၄)ဦး သေဆုံးကာ (၂၂)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီလိုတိုက်ခိုက်တာကို တောင်ပိုင်းစစ်ဒေသ၊ (JOC) ကွပ်ကဲမှုနဲ့ KNLA၊ အမှတ် (၂)စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးတွဲလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ချင်းအမျိုးသားကောင်စီနဲ့ လက်တွဲသွားမယ်လို့ KNPP ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ချင်းပြည်ကောင်စီ(CC)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ ပေါင်းစည်းဖွဲ့စည်းမယ့် ချင်းအမျိုးသားကောင်စီ Chin National Council (CNC)နဲ့ လက်တွဲသွားမယ်လို့ KNPP
မြန်မာသတင်း

မန်တုံမှာ KIA တပ်ဖွဲ့ဝင်တွေကို TNLA ရာနဲ့ချီက ဝိုင်းပိတ်ရိုက်နှက်မှုဖြစ်ပွား၊ ရိုက်နှက်ခံရတဲ့ KIA တပ်ဖွဲ့ဝင်တွေကို ဆေးရုံတင်ထားပြီး TNLA တွေ့ခွင့်မပေး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲဝန်းကျင်က မန်တုံမြို့ မန်မောက်ကျေးရွာမှာ KIA တပ်ဖွဲ့ဝင်တွေကို အင်အား (၄၀၀)ခန့်ရှိတဲ့ TNLA
မြန်မာသတင်း

မိတ္ထီလာမှာ မြို့နယ်ထွေ/အုပ်စာရေးတစ်ဦး ပစ်ခတ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၂၈)ရက် မနေ့က နံနက် (၁၀)နာရီအချိန်က မိတ္ထီလာမြို့မှာ မြို့နယ်ထွေ/အုပ်စာရေးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ဖော်ပြထားချက်တွေအရ သိရပါတယ်။ “ သူက မိတ္ထီလာကို ရုံးတက်ဖို့ အိမ်ကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် မိတ္ထီလာ-မြင်းခြံကားလမ်းမှာ
မြန်မာသတင်း

ကန့်ဘလူမှာ အချုပ်သူကို မုဒိန်းကျင့်ပြီး ထွက်ပြေးနေတဲ့ ပအဖတာဝန်ခံ တန့်ဆည်မှာ ဖမ်းမိ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ကန့်ဘလူမြို့က ပလဖအချုပ်စခန်းတခုမှာ အချုပ်သူတစ်ဦးကို မုဒိန်းကျင့်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ခရိုင်ပအဖတာဝန်ခံ မြင့်ဇော်ဦး(ခ)မဲခေါင်ကို တန့်ဆည်မြို့မှာဖမ်းမိခဲ့တယ်လို့ နီးစပ်သူတွေရဲ့ အတည်ပြုပြောဆိုချက်တွေအရ သိရပါတယ်။ “ သူကိုယ်တိုင် တန့်ဆည်ပလဖဆီမှာ အဖမ်းခံတာပါ။ အဲ့ဒီကနေ ချိတ်ဆက်ပြီး ကန့်ဘလူဘက်ကို
မြန်မာသတင်း

မိုးဗြဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်ခဲ့ရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 0 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ မိုးဗြဲကို ပြန်လည်ထိန်းချုပ်ဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွားခဲ့ရတယ်လို့ မိုးဗြဲ PDF Rescue Team ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ဖို့
မြန်မာသတင်း

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ငြိနေသလား?

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 4 Views
ဒီနေ့တင်ပြမဲ့အကြောင်းကတော့ မြန်မာစစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတယ်လို့ ဂန်ဘီယာနိင်ငံက နိုင်ငံတကာ တရားဥပဒေခုံရုံးမှာ တရားစွဲဆိုထားခဲ့တာကို‌ ဒေါ်အောင်ဆန်းစုကြည်က သာဟိတ်တရားရုံးမှာ သွားရောက်ဖြေရှင်းချက်ပေးခဲ့ပါတယ်။ အခုမကြာသေးမီက အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်‌ကျော်တို့ကိုပါ ပူးတွဲတရားစွဲထားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ချင်းအမျိုးသားကောင်စီ တည်ထောင်ဖို့ သဘောတူညီခဲ့တဲ့အပေါ် NUG ကြိုဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ချင်းပြည်ကောင်စီ(Chinland Council)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ရဲ့ ချင်းအမျိုးသားကောင်စီ တည်ထောင်ဖို့ သဘောတူညီခဲ့တဲ့အပေါ် ကြိုဆိုဂုဏ်ပြုတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှာ ချင်းပြည်သူတစ်ရပ်လုံးရဲ့ ရေရှည်အနာဂတ်အကျိုးကို မျှော်မှန်းပြီး
မြန်မာသတင်း

မြင်းခြံမြို့ရှိ စစ်ကောင်စီအထိုင်ဂိတ် တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်ရှိ စစ်ကောင်စီအထိုင်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ မြင်းခြံ (၁၈)ရပ်ကွက်က