နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒုတိယသမ္မတ ကာမလာဟဲရစ်သည် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို အသိအမှတ်ပြုခဲ့ပြီး ထောက်ခံသူများကို မိန့်ခွန်းပြော

ဒုတိယသမ္မတ ကာမလာဟဲရစ်သည် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို အသိအမှတ်ပြုခဲ့ပြီး လွန်ခဲ့သော လေးနှစ်က သူမ ကတိပြုထားသည့်ထက် များစွာကွဲပြားသည့် နည်းလမ်းဖြင့် တိုင်းပြည်အကျိုးအတွက် “ တိုက်ပွဲဝင်သွားမည်” ဟု ကတိပြုကာ ဒုတိယသမ္မတ ကာမလာဟဲရစ်က ၎င်း၏ ထောက်ခံသူများကို အပြုသဘောဆောင်သည့် တင်ပြချက်တစ်ခု ကမ်းလှမ်းခဲ့သည်။

“ဒီနေ့အစောပိုင်းက ရွေးကောက်ခံသမ္မတ (ဒေါ်နယ်) ထရန့် နဲ့ စကားပြောခဲ့ပြီး သူ့ရဲ့အောင်ပွဲ အတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ သူနဲ့သူ့အဖွဲ့ကို အာဏာလွှဲပေးတဲ့ အသွင်ကူး ပြောင်းရေးမှာ ကူညီပေးမှာဖြစ်ပြီး ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းရေးမှာ ပါဝင်ဆောင်ရွက်မယ်လို့လည်း ပြောခဲ့ပါတယ်” ဟု ဝါရှင်တန်ဒီစီရှိ သူမ၏ ဘွဲ့ယူခဲ့သည့် Howard တက္ကသိုလ်၌ ပြောကြားခဲ့ပါသည်။

မှတ်ချက်ချရာတွင်၊ ဟဲရစ် သည် ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ၎င်း၏ပြိုင်ဘက် (ထရန့်)က အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည့်အမူအရာမျိုးကို သူမအနေနှင့်မလုပ်ခဲ့ဘဲ ရွေးကောက်ပွဲ၏ ရလဒ်များကို အသာတကြည်လက်ခံပေးခဲ့သည်။

“အမေရိကန် ဒီမိုကရေစီရဲ့ အခြေခံမူကတော့ ရွေးကောက်ပွဲ ရှုံးတဲ့အခါ ရလဒ်ကို လက်ခံဖို့ပါပဲ။ တစ်ချိန်တည်းမှာပဲ ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ဟာ သမ္မတ ဒါမှမဟုတ် ပါတီတစ်ခုအပေါ်မှာ မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာစောင့်သိမှု၊ ကျွန်မတို့ရဲ့ ကိုယ်ကိုကိုယ် သိစိတ်နှနဲ့ ကျွန်မတို့ရဲ့ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုတို့ ရှိကြပါတယ်။ အဲ့ဒီ သုံးခုစလုံးအပေါ် ကျွန်မရဲ့သစ္စာခံမှုက ဒီရွေးကောက်ပွဲရလာဒ်ကို ကျွန်မ လက်ခံပြီး ဒီရွေးကောက်ပွဲကမ်ပိန်းမှာ အနိုင်မရခဲ့ပေမဲ့ အများအတွက် တိုက်ပွဲဝင်နေမှုကိုတော့ အရှုံးပေးမှာ မဟုတ်ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

သူမရဲ့ သမတအဖြစ် မဲဆွယ်စည်းရုံးမှုစတင်ပြီး ရက်ပေါင်းတစ်ရာ့ရှစ်ရက်အကြာမှာ သူမကိုယ်တို င်မိမိကိုယ်ကို “ ပျော်ရွှင်နေတဲ့စစ်သူရဲကောင်း” အဖြစ် ဖော်ညွှန်းထားတဲ့သူသည် သူမ၏ဆုံးရှုံးမှုအကြောင်းကို အမေရိကန်ပြည်သူများကို စိတ်ချမှုရရှိရန် ကြိုးပမ်းသည့်အနေနှင့် ပြောဆိုခဲ့သည်။

“လူတွေဟာ ခံစားချက်မျိုးစုံနဲ့ ခံစားနေကြရတာကို ကျွန်မသိပါတယ်။ နားလည်းလည်ပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲရလဒ်ကို ကျွန်မတို့ လက်ခံရမယ်” ​​ဟု ပြောသည်။

တင်းမာသောမဲဆွယ်ပွဲအပြီးတွင် သမိုင်းစာအုပ်များ၏ အခန်းတစ်ခန်းကို ပိတ်ကာ ရွေးကောက်ပွဲ ရလဒ်ကို တုံ့ပြန်သည့်အနေဖြင့် ထောက်ခံသူများကို “ကျွန်မတို့ရဲ့ အင်္ကျီလက်မောင်းတွေကို ပင့်တင်ထားပြီး” အသင့်ဖြစ်နေစေရန် ဒုတိယသမ္မတက တောင်းဆိုခဲ့သည်။

“စိတ်မပျက်ပါနဲ့။ ဒီအချိန်ဟာ ကျွန်မတို့ လက်မြှောက်ရမယ့်အချိန်မဟုတ်ဘူး။ ဒီအချိန်ဟာ ကျွန်မတို့ရဲ့ အင်္ကျီလက်မောင်းတွေကို ပင့်တင်ထားပြီး အလုပ်လုပ်ကြရမဲ့ အချိန်ဖြစ်တယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ကျွန်မတို့အားလုံး အတူတကွ အနာဂတ်အတွက် တည်ဆောက်နိုင်တဲ့ စည်းရုံးဖို့နဲ့ စေ့စပ်နေထိုင်သွားကြဖို့ အချိန်ဖြစ်ပါတယ်” ဟု သူမ၏ ၁၂ မိနစ်စာ မှတ်ချက်တွင် ပြောကြားခဲ့သည်။

သူမအနေနှင့် “ မဲရုံ၊ တရားရုံး၊ ပြည်သူ့ရင်ပြင်” တို့တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် အခြား” ဆိတ်ငြိမ်သောနည်းလမ်းများကိုလည်း အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အချင်းချင်းတဦးနှင့်တဦး ကြင်နာမှုနှင့် အပြန်အလှန်လေးစားစွာ ဆက်ဆံခြင်ဖြင့်အမြဲတမ်း ကျွန်မတို့၏ အင်အားကို ပြည်သူများအတွက် မြှင့်တင်ပေးရန် အသုံးချဖို့” ‌ပြောကြားခဲ့ပြီး သူမသည် သူမကို ထောက်ခံအားပေးသူ လူငယ်များထံသို့လည်း သတင်းစကားပေးပို့ခဲ့သည်။

“ကြည့်ရှုနေတဲ့လူငယ်တွေအတွက်တော့ ဝမ်းနည်းစရာ စိတ်ပျက်စရာ ရှိကောင်းရှိခဲ့ပေမဲ့ နောက်မှာအဆင်ပြေသွားမယ်ဆိုတာ ကျေးဇူးပြုပြီး သိထားပါ။ ကမ်ပိန်းမှာ ‘ကျွန်မတို့တိုက်တဲ့အခါ ကျွန်မတို့အနိုင်ရမယ်’ လို့ မကြာခဏ ကျွန်မပြောလေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ‌ပြောပြချင်တာက တစ်ခါတလေ တိုက်ပွဲက ကြာရှည်တတ်တယ်။ အဲဒါ ငါတို့ အနိုင်မရဘူးလို့ မဆိုလိုပါဘူး။ အဲဒါ ငါတို့ အနိုင်မရဘူးလို့ မဆိုလိုပါဘူး” လို့ ထပ်ခါတလဲပြောခဲ့ပါသည်။

“အရေးကြီးတာက ဘယ်တော့မှ လက်မလျှော့ပါနဲ့။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာတစ်ခုဖြစ်အောင်လုပ်နေရာကနေ ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့” ဟု သူက ဆက်ပြောပါသည်။ “ မင်းတို့မှာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား ကောင်းတာတွေ လုပ်နိုင်စွမ်းအားတွေ ရှိတယ်။”

နိုင်ငံတစ်နိုင်ငံ၏ သမိုင်းဝင် အမျိုးသမီးသမ္မတ တစ်ဦးအဖြစ် တက်လှမ်းရန် အတွက် ကာဆီးထားသည့် မျက်နှာကျက် (အတားအဆီး) က ရှိနေသေးသဖြင့် ဟားရစ်သည်သူ၏ အမျိူးသမီးသမတလောင်းတယောက်အဖြစ် ဒုတိယအကြိမ်မြောက် အတားအဆီးကို ကျော်လွှားရန် ကြိုးစားမှုသည်လည်း မအောင်မြင်ခဲ့ပေ။ သူမ၏ စည်းရုံးရေးခရီးစဥ် တလျှောက် အသားပေးဖော်ပြမှုကို ရှောင်ရှားခဲ့ပြီး သူမကိုယ်စား‌ ပြောကြား မဲဆွယ်ပေးသူများကို သူမအတွက်‌ ပြောကြားပေးစေခဲ့သည်။

သို့သော် သူမသည် အကြောင်းအရာတခုကိုထောက်ပြခဲ့သည် “ အရင်က မလုပ်ဖူးတဲ့အတွက် မဖြစ်နိုင်ဘူးလို့ တစ်စုံတစ်ယောက်က ပြောလာတဲ့အခါ ဒါကိုမင်းနားထောင်စရာမလိုဘူး။”

အဆိုပါ မိန့်ခွန်းသည် ကပ်ဘေးကာလတွင် အငြင်းအခုံဖြစ်ပြီးနောက် သမ္မတဂျိုးဘိုင်ဒင်ကို သမတရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ပါ၀င်သည့် သမိုင်းဝင် ရှုပ်ထွေးသော ရွေးကောက်ပွဲရာသီအတွင်း စကားစစ်ထိုးခြင်းတွင် သိသာထင်ရှားစွာ အထစ်အငေါ့ဖြစ်ပြီးနောက် ပြိုင်ပွဲမှနှုတ်ထွက်ခြင်းဖြင့် နိဂုံးချုပ်သွားခဲ့သည်။ ၎င်း၏ အရွေးကောက်ခံ အဖော်ဖြစ်သူ ကင်မလာသည် ပါတီ၏ ထောက်ခံမှုကို လျင်မြန်စွာ စုစည်းကာ ဒီမိုကရက်တစ် သမတလောင်းလက်မှတ်ဖြင့် ပြိုင်ပွဲ၏ ထိပ်ဆုံးသို့ တက်သွားခဲ့သည်။

ဟားရစ်သည် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် အညိုရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ဘီယွန်းစေး၏ အထွတ်အထိပ်သီချင်းဖြစ်သည့် “လွတ်လပ်ခြင်း” ဟူသော မဲဆွယ်စည်းရုံးရေးလမ်းကြောင်းပေါ်ရှိ အချိန်ကာလတစ်လျှောက်လုံးတွင် လူအုပ်က သူမအား လက်ခုပ်တီးကာ အားပေးမှုကို ရရှိခဲ့ပြီး စည်းရုံးရေး ခရီးစဥ်တလျှောက် နေရာဒေသတို့တွင် မကြာခဏ ရပ်နားကာ ထွက်ခွာလာခဲ့သည်။

သူမ၏ အတူပြိုင်ဖက်အဖော်ဖြစ်သော မင်နီဆိုတာအုပ်ချုပ်ရေးမှူး တင်မ် ဝေါ့ဇ် (Tim Walz) နှင့် သူမရှေ့ရှိ ရှေ့ဆုံးတန်းတွင် ရပ်နေသူများစွာတွင် အချို့သူများသည် ငိုယိုနေကြသည် တွေ့မြင်နိုင်သည်။

ဟားရစ်သည် အင်္ဂါနေ့ညနေပိုင်းတွင် ရေတပ်လေ့လာရေးစခန်းတွင် ရင်းနှီးသော မိသားစုများနှင့် လက်ထောက်များနှင့်အတူ စုရုံးခဲ့ပြီး ရလဒ်များကို ကြည့်ရှုရန် Howard တက္ကသိုလ်ရှိ သူမ၏မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်း မရှိခဲ့ပေ။

သူမသည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းအစောပိုင်းက ပြိုင်ပွဲတွင်အရေးနိမ့်ခဲ့မှုကို တရားဝင် လက်ခံခဲ့ပြီး မိနစ်အနည်းငယ်ကြာသည့် ဖုန်းခေါ်ဆိုမှုတွင် ထရန့်အား ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း ရင်းနှီးသူတစ်ဦးက ပြောကြားခဲ့သည်။

အကြီးတန်းလက်ထောက်တစ်ဦးဖြစ်သူက ဟားရစ်သည် “ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းခြင်းနှင့် အမေရိကန်အားလုံးအတွက် သမ္မတဖြစ်ခြင်း၏ အရေးကြီးပုံကို ဆွေးနွေးခဲ့သည်” ဟု ပြောကြားခဲ့သည်။

သမိုင်း၏အထေ့အငေါ့ရှိသော အလှည့်အပြောင်းတစ်ခုတွင် ဟားရစ်၏အလုပ်သည် မကြာမီက သူမ၏ ကိုယ်ပိုင်ဆုံးရှုံးမှုကို တရားဝင်အသိအမှတ်ပြုပေးရန် လိုအပ်လာမည် ဖြစ်သည်။

အမျိုးသားမော်ကွန်းတိုက်၏ အဆိုအရ ဆီးနိတ်ဥက္ကဋ္ဌအဖြစ် ဒုတိယသမတသည် “ရွေးကောက်ပွဲ မဲရလဒ်များကို ဇန်နဝါရီ ၆ ရက်၌ ရေတွက်ပြီး ရလဒ်ကို အတည်ပြု ကြေညာခြင်း” ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 36 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 44 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 50 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 56 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်