နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒုတိယသမ္မတ ကာမလာဟဲရစ်သည် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို အသိအမှတ်ပြုခဲ့ပြီး ထောက်ခံသူများကို မိန့်ခွန်းပြော

ဒုတိယသမ္မတ ကာမလာဟဲရစ်သည် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို အသိအမှတ်ပြုခဲ့ပြီး လွန်ခဲ့သော လေးနှစ်က သူမ ကတိပြုထားသည့်ထက် များစွာကွဲပြားသည့် နည်းလမ်းဖြင့် တိုင်းပြည်အကျိုးအတွက် “တိုက်ပွဲဝင်သွားမည်” ဟု ကတိပြုကာ ဒုတိယသမ္မတ ကာမလာဟဲရစ်က ၎င်း၏ ထောက်ခံသူများကို အပြုသဘောဆောင်သည့် တင်ပြချက်တစ်ခု ကမ်းလှမ်းခဲ့သည်။

“ဒီနေ့အစောပိုင်းက ရွေးကောက်ခံသမ္မတ (ဒေါ်နယ်) ထရန့် နဲ့ စကားပြောခဲ့ပြီး သူ့ရဲ့အောင်ပွဲ အတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ သူနဲ့သူ့အဖွဲ့ကို အာဏာလွှဲပေးတဲ့ အသွင်ကူး ပြောင်းရေးမှာ ကူညီပေးမှာဖြစ်ပြီး ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းရေးမှာ ပါဝင်ဆောင်ရွက်မယ်လို့လည်း ပြောခဲ့ပါတယ်” ဟု ဝါရှင်တန်ဒီစီရှိ သူမ၏ ဘွဲ့ယူခဲ့သည့် Howard တက္ကသိုလ်၌ ပြောကြားခဲ့ပါသည်။

မှတ်ချက်ချရာတွင်၊ ဟဲရစ် သည် ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ၎င်း၏ပြိုင်ဘက် (ထရန့်)က အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည့်အမူအရာမျိုးကို သူမအနေနှင့်မလုပ်ခဲ့ဘဲ ရွေးကောက်ပွဲ၏ ရလဒ်များကို အသာတကြည်လက်ခံပေးခဲ့သည်။

“အမေရိကန် ဒီမိုကရေစီရဲ့ အခြေခံမူကတော့ ရွေးကောက်ပွဲ ရှုံးတဲ့အခါ ရလဒ်ကို လက်ခံဖို့ပါပဲ။ တစ်ချိန်တည်းမှာပဲ ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ဟာ သမ္မတ ဒါမှမဟုတ် ပါတီတစ်ခုအပေါ်မှာ မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာစောင့်သိမှု၊ ကျွန်မတို့ရဲ့ ကိုယ်ကိုကိုယ် သိစိတ်နှနဲ့ ကျွန်မတို့ရဲ့ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုတို့ ရှိကြပါတယ်။ အဲ့ဒီ သုံးခုစလုံးအပေါ် ကျွန်မရဲ့သစ္စာခံမှုက ဒီရွေးကောက်ပွဲရလာဒ်ကို ကျွန်မ လက်ခံပြီး ဒီရွေးကောက်ပွဲကမ်ပိန်းမှာ အနိုင်မရခဲ့ပေမဲ့ အများအတွက် တိုက်ပွဲဝင်နေမှုကိုတော့ အရှုံးပေးမှာ မဟုတ်ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

သူမရဲ့ သမတအဖြစ် မဲဆွယ်စည်းရုံးမှုစတင်ပြီး ရက်ပေါင်းတစ်ရာ့ရှစ်ရက်အကြာမှာ သူမကိုယ်တို င်မိမိကိုယ်ကို “ပျော်ရွှင်နေတဲ့စစ်သူရဲကောင်း” အဖြစ် ဖော်ညွှန်းထားတဲ့သူသည် သူမ၏ဆုံးရှုံးမှုအကြောင်းကို အမေရိကန်ပြည်သူများကို စိတ်ချမှုရရှိရန် ကြိုးပမ်းသည့်အနေနှင့် ပြောဆိုခဲ့သည်။

“လူတွေဟာ ခံစားချက်မျိုးစုံနဲ့ ခံစားနေကြရတာကို ကျွန်မသိပါတယ်။ နားလည်းလည်ပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲရလဒ်ကို ကျွန်မတို့ လက်ခံရမယ်” ​​ဟု ပြောသည်။

တင်းမာသောမဲဆွယ်ပွဲအပြီးတွင် သမိုင်းစာအုပ်များ၏ အခန်းတစ်ခန်းကို ပိတ်ကာ ရွေးကောက်ပွဲ ရလဒ်ကို တုံ့ပြန်သည့်အနေဖြင့် ထောက်ခံသူများကို “ကျွန်မတို့ရဲ့ အင်္ကျီလက်မောင်းတွေကို ပင့်တင်ထားပြီး” အသင့်ဖြစ်နေစေရန် ဒုတိယသမ္မတက တောင်းဆိုခဲ့သည်။

“စိတ်မပျက်ပါနဲ့။ ဒီအချိန်ဟာ ကျွန်မတို့ လက်မြှောက်ရမယ့်အချိန်မဟုတ်ဘူး။ ဒီအချိန်ဟာ ကျွန်မတို့ရဲ့ အင်္ကျီလက်မောင်းတွေကို ပင့်တင်ထားပြီး အလုပ်လုပ်ကြရမဲ့ အချိန်ဖြစ်တယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ကျွန်မတို့အားလုံး အတူတကွ အနာဂတ်အတွက် တည်ဆောက်နိုင်တဲ့ စည်းရုံးဖို့နဲ့ စေ့စပ်နေထိုင်သွားကြဖို့ အချိန်ဖြစ်ပါတယ်” ဟု သူမ၏ ၁၂ မိနစ်စာ မှတ်ချက်တွင် ပြောကြားခဲ့သည်။

သူမအနေနှင့် “မဲရုံ၊ တရားရုံး၊ ပြည်သူ့ရင်ပြင်” တို့တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် အခြား”ဆိတ်ငြိမ်သောနည်းလမ်းများကိုလည်း အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အချင်းချင်းတဦးနှင့်တဦး ကြင်နာမှုနှင့် အပြန်အလှန်လေးစားစွာ ဆက်ဆံခြင်ဖြင့်အမြဲတမ်း ကျွန်မတို့၏ အင်အားကို ပြည်သူများအတွက် မြှင့်တင်ပေးရန် အသုံးချဖို့” ‌ပြောကြားခဲ့ပြီး သူမသည် သူမကို ထောက်ခံအားပေးသူ လူငယ်များထံသို့လည်း သတင်းစကားပေးပို့ခဲ့သည်။

“ကြည့်ရှုနေတဲ့လူငယ်တွေအတွက်တော့ ဝမ်းနည်းစရာ စိတ်ပျက်စရာ ရှိကောင်းရှိခဲ့ပေမဲ့ နောက်မှာအဆင်ပြေသွားမယ်ဆိုတာ ကျေးဇူးပြုပြီး သိထားပါ။ ကမ်ပိန်းမှာ ‘ကျွန်မတို့တိုက်တဲ့အခါ ကျွန်မတို့အနိုင်ရမယ်’ လို့ မကြာခဏ ကျွန်မပြောလေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ‌ပြောပြချင်တာက တစ်ခါတလေ တိုက်ပွဲက ကြာရှည်တတ်တယ်။ အဲဒါ ငါတို့ အနိုင်မရဘူးလို့ မဆိုလိုပါဘူး။ အဲဒါ ငါတို့ အနိုင်မရဘူးလို့ မဆိုလိုပါဘူး” လို့ ထပ်ခါတလဲပြောခဲ့ပါသည်။

“အရေးကြီးတာက ဘယ်တော့မှ လက်မလျှော့ပါနဲ့။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာတစ်ခုဖြစ်အောင်လုပ်နေရာကနေ ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့” ဟု သူက ဆက်ပြောပါသည်။ “မင်းတို့မှာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား ကောင်းတာတွေ လုပ်နိုင်စွမ်းအားတွေ ရှိတယ်။”

နိုင်ငံတစ်နိုင်ငံ၏ သမိုင်းဝင် အမျိုးသမီးသမ္မတ တစ်ဦးအဖြစ် တက်လှမ်းရန် အတွက် ကာဆီးထားသည့် မျက်နှာကျက် (အတားအဆီး) က ရှိနေသေးသဖြင့် ဟားရစ်သည်သူ၏ အမျိူးသမီးသမတလောင်းတယောက်အဖြစ် ဒုတိယအကြိမ်မြောက် အတားအဆီးကို ကျော်လွှားရန် ကြိုးစားမှုသည်လည်း မအောင်မြင်ခဲ့ပေ။ သူမ၏ စည်းရုံးရေးခရီးစဥ် တလျှောက် အသားပေးဖော်ပြမှုကို ရှောင်ရှားခဲ့ပြီး သူမကိုယ်စား‌ ပြောကြား မဲဆွယ်ပေးသူများကို သူမအတွက်‌ ပြောကြားပေးစေခဲ့သည်။

သို့သော် သူမသည် အကြောင်းအရာတခုကိုထောက်ပြခဲ့သည် “အရင်က မလုပ်ဖူးတဲ့အတွက် မဖြစ်နိုင်ဘူးလို့ တစ်စုံတစ်ယောက်က ပြောလာတဲ့အခါ ဒါကိုမင်းနားထောင်စရာမလိုဘူး။”

အဆိုပါ မိန့်ခွန်းသည် ကပ်ဘေးကာလတွင် အငြင်းအခုံဖြစ်ပြီးနောက် သမ္မတဂျိုးဘိုင်ဒင်ကို သမတရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ပါ၀င်သည့် သမိုင်းဝင် ရှုပ်ထွေးသော ရွေးကောက်ပွဲရာသီအတွင်း စကားစစ်ထိုးခြင်းတွင် သိသာထင်ရှားစွာ အထစ်အငေါ့ဖြစ်ပြီးနောက် ပြိုင်ပွဲမှနှုတ်ထွက်ခြင်းဖြင့် နိဂုံးချုပ်သွားခဲ့သည်။ ၎င်း၏ အရွေးကောက်ခံ အဖော်ဖြစ်သူ ကင်မလာသည် ပါတီ၏ ထောက်ခံမှုကို လျင်မြန်စွာ စုစည်းကာ ဒီမိုကရက်တစ် သမတလောင်းလက်မှတ်ဖြင့် ပြိုင်ပွဲ၏ ထိပ်ဆုံးသို့ တက်သွားခဲ့သည်။

ဟားရစ်သည် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် အညိုရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ဘီယွန်းစေး၏ အထွတ်အထိပ်သီချင်းဖြစ်သည့် “လွတ်လပ်ခြင်း” ဟူသော မဲဆွယ်စည်းရုံးရေးလမ်းကြောင်းပေါ်ရှိ အချိန်ကာလတစ်လျှောက်လုံးတွင် လူအုပ်က သူမအား လက်ခုပ်တီးကာ အားပေးမှုကို ရရှိခဲ့ပြီး စည်းရုံးရေး ခရီးစဥ်တလျှောက် နေရာဒေသတို့တွင် မကြာခဏ ရပ်နားကာ ထွက်ခွာလာခဲ့သည်။

သူမ၏ အတူပြိုင်ဖက်အဖော်ဖြစ်သော မင်နီဆိုတာအုပ်ချုပ်ရေးမှူး တင်မ် ဝေါ့ဇ် (Tim Walz) နှင့် သူမရှေ့ရှိ ရှေ့ဆုံးတန်းတွင် ရပ်နေသူများစွာတွင် အချို့သူများသည် ငိုယိုနေကြသည် တွေ့မြင်နိုင်သည်။

ဟားရစ်သည် အင်္ဂါနေ့ညနေပိုင်းတွင် ရေတပ်လေ့လာရေးစခန်းတွင် ရင်းနှီးသော မိသားစုများနှင့် လက်ထောက်များနှင့်အတူ စုရုံးခဲ့ပြီး ရလဒ်များကို ကြည့်ရှုရန် Howard တက္ကသိုလ်ရှိ သူမ၏မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်း မရှိခဲ့ပေ။

သူမသည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းအစောပိုင်းက ပြိုင်ပွဲတွင်အရေးနိမ့်ခဲ့မှုကို တရားဝင် လက်ခံခဲ့ပြီး မိနစ်အနည်းငယ်ကြာသည့် ဖုန်းခေါ်ဆိုမှုတွင် ထရန့်အား ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း ရင်းနှီးသူတစ်ဦးက ပြောကြားခဲ့သည်။

အကြီးတန်းလက်ထောက်တစ်ဦးဖြစ်သူက ဟားရစ်သည် “ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းခြင်းနှင့် အမေရိကန်အားလုံးအတွက် သမ္မတဖြစ်ခြင်း၏ အရေးကြီးပုံကို ဆွေးနွေးခဲ့သည်” ဟု ပြောကြားခဲ့သည်။

သမိုင်း၏အထေ့အငေါ့ရှိသော အလှည့်အပြောင်းတစ်ခုတွင် ဟားရစ်၏အလုပ်သည် မကြာမီက သူမ၏ ကိုယ်ပိုင်ဆုံးရှုံးမှုကို တရားဝင်အသိအမှတ်ပြုပေးရန် လိုအပ်လာမည် ဖြစ်သည်။

အမျိုးသားမော်ကွန်းတိုက်၏ အဆိုအရ ဆီးနိတ်ဥက္ကဋ္ဌအဖြစ် ဒုတိယသမတသည် “ရွေးကောက်ပွဲ မဲရလဒ်များကို ဇန်နဝါရီ ၆ ရက်၌ ရေတွက်ပြီး ရလဒ်ကို အတည်ပြု ကြေညာခြင်း” ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက