ဇန်နဝါရီလ (၈)ရက်။
ဇန်နဝါရီလ (၇)ရက်နေ့ ည(၉)နာရီခွဲအချိန်က လားရှိုမြို့၊ မိုင်းယော်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုးသမီး(၄)ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လားရှိုး၊ မိုင်းယော်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ပေါင်(၅၀၀)ဗုံးနဲ့ ပြည်သူတွေဆီ ဦးတည်တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မိုင်းယော်ကျေးရွာထဲက အမျိုးသမီး(၄)ဦး ကျည်ထိမှန်သေဆုံးခဲ့တဲ့အပြင် လူနေအိမ် (၂၀)လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ စစ်ရေးနဲ့ ပတ်သက်ဆက်နွယ်တာမရှိတဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာနဲ့ မတရားဖမ်းဆီးတာတွေလည်း ဆက်လက်ရှိနေတယ်လို့ TNLA က ပြောဆိုထားပါတယ်။
အခုနှစ်ဆန်းပိုင်း ရက်သတ္တပတ်ထဲ စစ်ဆင်ရေးနဲ့ စစ်ရေးအရ မဖြစ်မနေ ရယူသိမ်းပိုက်ရမယ့် မြို့ကြီးအပါအဝင် စခန်းကြီးတွေကို ညီနောင်(၃)ဖွဲ့က သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။