နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပန မြို့လုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်ခဲ့

အောက်တိုဘာလ (၈)ရက်။

ဒီကနေ့ နေအိမ်ကနေ သုဿာန်သို့သွားတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကို မန္တလေးမြို့လုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“ ဒီနေ့ ဒေါက်ဇော်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတာ မြို့လုံးကျွတ်နီးပါးပဲ။ နာရေးယာဉ်တန်းရဲ့ လမ်းဘေးဝဲယာမှာ ပြည်သူတွေ အကုန်ထွက်ပြီးလိုက်ပို့တာ။ ဆိုင်ကယ်တွေကော ကားတွေကော လမ်းအပြည့်ပဲ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရုပ်ကလာပ်ကို ဒီကနေ့ နံနက် (၁၀)နာရီအချိန်ခန့်ကစပြီး မန္တလေးမြို့ ကျွဲဆည်ကန်နေအိမ်ကနေ တောင်အင်းမြောက်အင်းသုသာန်ကို ပို့ဆောင်ချိန် ကား‌တွေ ဆိုင်ကယ်တွေ အများအပြားနဲ့ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

နောက်ပြီး ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးယာဉ်တန်း ဖြတ်သန်းသွားတဲ့ လမ်းတလျှောက်ရှိ လမ်းဘေးဝဲယာက ပြည်သူတွေကလဲ နေအိမ်တွေက ထွက်လာပြီး ဒေါက်တာဇော်မြင့်မောင်ရဲ့ နောက်ဆုံးခရီးကို ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

မန္တလေးမြို့ကို ခေတ်မီစေသူလို့ သတ်မှတ်ခံထားရတဲ့ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် ပြည်သူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံတကာသံရုံးတွေနဲ့ အဖွဲ့အစည်းအသီးသီးက ဝမ်းနည်းကြေကွဲကြောင်း ပြောဆိုထားကြပါတယ်။

အသက် (၇၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါဝေဒနာကို ခံစားခဲ့ရပြီး စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရချိန်မှာ ဆေးဝါးလုံလောက်စွာ ကုသခွင့်မရတာကြောင့် အခုလို အသက်ဆုံးရှုံးခဲ့ရတာပါ။

ဒ့ါအပြင် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးဆိုးဝါးလာပြီး မန္တလေးဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်(ICU)ထဲ သတိလစ်ကာ မကွယ်လွန်ခင် တစ်ရက်အလိုမှသာ စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 12 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 13 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင် တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 17 Views
မတ်လ (၁၉)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ် General UKris Boontanondha နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိင်တို တွေ့ဆုံခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မင်းအောင်လှိင်က တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ
မြန်မာသတင်း

တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူမယ်လို GZA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 18 Views
မတ်လ (၁၈)ရက်။ တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို Generation Z Army ရဲ့ ဒီကနေ့မှာ အသိပေးကြေညာထားတယ်လို သိရပါတယ်။ GZA ရဲ့ ရဲဘော် (၈)ဦးဟာ တပ်ပိုင် လက်နက်ခဲယမ်း၊
မြန်မာသတင်း

ကျွန်းလှမြို့မှာ ရွှေဖောင်တွေ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 15 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၅)ရက်နေ့ နေ့လယ် (၃)နာရီကျော်အချိန်က ကျွန်းလှမြို့ သဖန်းဆိပ်ဆည်ရေပြင်ထဲရှိ ရွှေဖော်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ ဟုမ္မလင်းလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ သဖန်းဆိပ်ဆည်ရေပြင်ထဲက ရွှေဖောင်တွေကို (၃)ကြိမ်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်းဆင်းအင်အား (၁)သိန်းနီးပါးအထိရှိလာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 29 Views
မတ်လ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား (၉၄၉၆၀)ဦးအထိ ရှိလာပြီလို မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ(MDSI)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ စစ်ကော်မရှင်တပ် စုဆောင်းလေ့ကျင့်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀)အထိကို သင်တန်းဆင်းတပ်သား (၁)သိန်းနီးပါးရှိလာတာလို
မြန်မာသတင်း

MNDAA နဲ့ TNLA တော်လှန်ရေးအကျိုး မထိခိုက်စေဘဲ ညှိနှိင်းဖြေရှင်းဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 24 Views
မတ်လ (၁၈)ရက်။ MNDAA နဲ့ TNLA တိုရဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မေတ္တာရပ်ခံ တိုက်တွန်းချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီစာထဲ MNDAA နဲ့ TNLA ခေါင်းဆောင်တွေအနေနဲ့
မြန်မာသတင်း

ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်းတွေ လွတ်မြောက်ဖို့ဆိုတဲ့အချက် ထည့်သွင်းတောင်းဆိုဖို့ NLD တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 27 Views
မတ်လ (၁၈)ရက်။ CRPH ကျင်းပနေတဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပိုခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ ‌နွေဦးတော်လှန်ရေး (၅)နှစ်ကျော်ကာလရောက်ပေမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို (၉)ကြိမ်အထိ အဆက်မပြတ် ကျင်းပနိုင်တဲ့အပေါ်