နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့်ပတ်သက်ပြီး အမေရိကန် စစ်ခေါင်းဆောင်များသည် မှန်ကန်သည့်အရာကိုသာ လုပ်ဆောင်ကြမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ပြော

နိုဝင်ဘာလ (၈) ရက်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ အမေရိကန်တပ်များကို အသုံးပြုနိုင်မှုနှင့် ပတ်သက်၍ မေးခွန်းများ ပျံ့နှံ့နေချိန်တွင် အမေရိကန် စစ်ခေါင်းဆောင်များသည် မှန်ကန်သည့်အရာကို သာလုပ်ဆောင်ကြမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ကြာသပတေးနေ့ တွင် ပြောကြား ခဲ့သည်။

ပထမအကြိမ် ထရန့်အစိုးရလက်ထက်တွင် စစ်တပ်ကို နိုင်ငံရေးအရအသုံးချ ခြင်းနှင့် ပတ်သက်၍ အော်စတင်ကို မေးမြန်းခံရပြီး ဒုတိယအကြိမ် ထရန့် သက်တမ်းတွင်လည်း အလားတူ လုပ်ဆောင် နိုင်မည်ဟု ယုံကြည်ပါသလား မေးမြန်းခဲ့သည်။

လာမယ့် အစိုးရသစ်က ဘာလုပ်မယ် ဆိုတာကို ခန့်မှန်းဖို့ ငြင်းဆိုခဲ့ပေမယ့် အော်စတင်က စစ်တပ်ရဲ့ ဦးဆောင်မှုကို သူယုံကြည်မှုရှိတယ်ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေဟာ မှန်ကန်တဲ့လုပ်ရပ်ကို ဆက်လက် လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် လုံးဝ ယုံကြည်ပါတယ်” ဟု အော်စတင်က မိုင်ယာမီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကွန်ဂရက်လွှတ်တော်က ကျွန်တော်တို့ရဲ့ စစ်တပ်ကို ထောက်ပံ့ဖို့ မှန်ကန်တဲ့အရာတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ယုံကြည်ပါတယ်။”

နောက်ခံအချက်အလက်။

ထရန့် သည် ၂၀၂၀ ခုနှစ်တွင် ဆန္ဒပြမှုများကို ချေမှုန်းရန် တက်ကြွသောတပ်များချထားရန် သူပုန်ထမှုနှိမ်နင်းရန် အက်ဥပဒေကို ကျင့်သုံးရန် စဉ်းစားခဲ့သည်။ ထရန့် ၏အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိခါနီးတွင်အသစ်ရောက်လာမည့် စစ်ဦးစီးချုပ်အား ဥပဒေမဲ့အမိန့်များ ထုတ်ပြန်နိုင်ခြေနှင့်ပတ်သက်၍ အော်စတင်အား မေးမြန်းခဲ့သည်။

“ဥပဒေမှာ တကယ်တာဝန်ယူထားတဲ့ စစ်တပ်ကို အသုံးပြုပြီး ဘယ်အရာကို လုပ်လို့ရပြီး ဘယ်အရာကို လုပ်လို့မရဘူးဆိုတာကို တိတိကျကျ သတ်မှတ်ပေးထားပါတယ်” ဟု အော်စတင်က ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေဟာ အဲ့ဒီဥပဒေတွေကို ကောင်းစွာနားလည်ထားပြီး ကျွန်တော်တို့ကို လမ်းကြောင်းမှန်ပေါ်ရှိစေဖို့ ကျွန်ုပ်တို့ကိုကူညီပေးမယ့် ကမ္ဘာ့အကြီးကျယ်ဆုံးဥပဒေရေးရာအဖွဲ့တွေလည်း ရှိနေပါတယ်။”

ရွေးကောက်ပွဲအပြီး တစ်ရက်အကြာတွင် တပ်ဖွဲ့ထံပေးပို့သည့် မက်ဆေ့ချ်တွင် အော်စတင်က အမေရိကန်စစ်တပ်သည် “အရပ်သားအစိုးရကွပ်ကဲမှုကွင်းဆက်မှ တရားဝင် အမိန့်အားလုံးကို နာခံမည်” ဟု ရေးသားခဲ့သည်။ ထို “တရားဝင်သောအမိန့်များ” ဆိုသည့်အသုံးအနှုန်းကြောင့် မျက်ခုံးပင့်သတိထားမိကြသည်။

ပူးတွဲစစ်ဦးစီးချုပ်ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးစီကျူဘရောင်း (CQ Brown) ကို လက်ယျာအုပ်စုမှ အကြိမ်ကြိမ် တိုက်ခိုက်မှုကိုခံခဲ့ရသောကြောင့် ထရန့်က ရာထူးမှ ထုတ်ပစ်နိုင်သည်ဟု ထင်ကြေးပေးမှုများနှင့်အတူ ၎င်း၏စစ်ခေါင်းဆောင်များကို ရွေးချယ်ရန်မှာ သမ္မတအပေါ် မူတည်သည်ဟု အော်စတင်က ပြောကြားခဲ့သည်။

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 12 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 106 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 43 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 47 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။