နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

သမ္မတပူတင်က ထရန့်အနိုင်ရသည့်အတွက် ချီးကျူးဂုဏ်ပြုပြီး စကားပြောချင်တယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

နိုဝင်ဘာလ (၈) ရက်။

ကြာသပတေးနေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏အနိုင်ရရှိမှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ရွေးကောက်ခံသမ္မတနှင့် စကားပြောဆိုရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်သမ္မတရာထူးအတွက် သူ (ဒေါ်နယ်ထရန့်) ကို ဒီနေရာကနေ ဂုဏ်ပြုစကား ပြောလိုပါတယ်။ အမေရိကန်ပြည်သူတွေ ယုံကြည်လက်ခံတဲ့ ဘယ်နိုင်ငံ့အကြီးအကဲနဲ့မဆို လက်တွဲဆောင်ရွက်မယ်လို့ ပြောထားပြီးသားပါ။ တကယ်တော့ ဒါက တကယ်လက်တွေ့လုပ်ဆောင်ရမဲ့ကိစ္စပါ” ဟု ရုရှားနိုင်ငံ ဆိုချီမြို့ရှိ Valdai Discussion Club တွင် ပူတင်က ပြောကြားခဲ့သည်။

“ ထရန့်နဲ့ စကားပြောဖို့ ဆန္ဒရှိလား” ဟု မေးသည့်အခါ ပူတင်က “ဟုတ်ပါတယ်။ အဆင်သင့်ဖြစ်နေပြီ” ဟု ဆိုသည်။

“ တကယ်လို့ သူက ဖုန်းခေါ်ပြီး ဗလာဒီမာ ငါတို့ တွေ့ကြရအောင်’ လို့ ပြောလာရင် အဆင်သင့်ဖြစ်နေသလို ကျွန်တော်က သူ့ကို ဖုန်းစခေါ်မယ်ဆိုရင် ရှက်စရာလို့ မထင်ပါဘူး” ဟု ရုရှားခေါင်းဆောင်က ၎င်း၏ ပထမဆုံးသောအမေရိကန် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မှတ်ချက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းအဆုံးသတ်ရာတွင် လွယ်ကူချောမွေ့စေရန် အတွက်ထရန့်၏ “ ရုရှားနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်လိုသောဆန္ဒသည် အနည်းဆုံး အာရုံစိုက်သင့်သည်” ဟု ပူတင်က ပြောကြားခဲ့သည်။

သို့သော်လည်း သူက ထရန့်ကို ဦးစွာခေါ်ဆိုခြင်း မပြုခြင်းမှာ ” ဥရောပ အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေက အပတ်တိုင်းလိုလို ဖုန်းခေါ်နေတာ ရုတ်တရက် ရပ်တန့်သွားတယ် နောက်ဘာသံမှမကြားရတော့ဘူး” ဟု ရုရှားက ယူကရိန်းကို၂၀၂၂ခုနှစ်မှာ အပြည့်အ၀ ကျူးကျော် ပြီးနောက် နိုင်ငံတကာ၏တုံ့ပြန်မှုကို ရည်ညွှန်းပြီး ပြောခဲ့သည်။

ရုရှားခေါင်းဆောင်က ထရန့်သည် အတွေ့အကြုံမရှိသော နိုင်ငံရေးသမားတစ်ဦးအဖြစ် ဖော်ညွှန်းခဲ့သော်လည်း ဇူလိုင်လတွင် သူ့အားလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပြီး ၎င်း၏ “ရဲရင့်သော” အပြုအမူကိုလည်း ချီးကျူးခဲ့သည်။

နောက်ခံသမိုင်းအချို့

+++++++++++

ထရန့်သည် ယူကရိန်းစစ်ပွဲတွင် ယူကရိန်းအား အမေရိကန်၏ပံ့ပိုးမှုကို အဆုံးသတ်မည်ဟု ယခင်က အကြံပြု‌ပြောကြားထားပြီး ရုရှားနှင့် ထိုစစ်ပွဲကို တစ်ရက်အတွင်း ဖြေရှင်းနိုင်မည်ဟု အခိုင်အမာဆိုထားသည်။

ထို့အပြင်၊ ထရန့်သည် ပူတင်ကို ထပ်ခါတလဲလဲ ချီးမွမ်းခဲ့သလို သူနှင့်ရှုပ်ထွေးသောသမိုင်းရှိသည့် ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးကိုမူ ထပ်ခါတလဲလဲဝေဖန်ခဲ့သည်။

ထိုအတောအတွင်း ဇလန်းစကီးသည် ထရန့်နှင့် “ အကျိုးရှိသော” စကားပြောဆိုမှု ရှိကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတသည် နယ်မြေလိုက်လျောပေးအပ်စေမှု သို့မဟုတ် ကြားနေရေးထက် “အင်အားဖြင့် ငြိမ်းချမ်းရေး” ကို ရရှိအောင် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်း၏သတင်းစကားတွင် ထပ်လောင်းပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 77 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 54 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး