နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အတိုက်အခံတပ်ဖွဲ့များက ၎င်းတို့သည် ဒမတ်စကတ်မြို့နှင့် ပိုမို နီးကပ်လာသည်ဟု ဆို

ဒီဇင်ဘာလ (၈) ရက်။

ဆီးရီးယား လက်နက်ကိုင်သူပုန်တပ်ဖွဲ့တွေ ဒမတ်စကတ်မြို့တော်ကို ဝိုင်းရံပြီး စစ်ဆင်ရေးတစ်ရပ် ကြိုးပမ်းနေကြတယ်ပေမယ့် ဆီးရီးယားစစ်တပ်ကတော့ သူတို့တပ်ဖွဲ့တွေဟာ မြို့တော်ကနေ ဆုတ်ခွာနေခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အလက်ပိုနဲ့ ဟားမားတို့ကို သိမ်းပိုက်ပြီးနောက် သူပုန်တပ်ဖွဲ့တွေဟာ မြောက်ဘက်ကနေ အဓိကမြို့ကြီးဟုမ်း (Homs) ဆီကို အရှိန်အဟုန်နဲ့ အရှိန်မြှင့်ချီတက်လာကာ အတိုက်အခံတွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေရှိတာကြောင့် မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ သီးခြားသူပုန်အဖွဲ့ခွဲတွေကလည်း နိုင်ငံတောင်ပိုင်းရှိ ဆီးရီးယားတပ်တွေကို တိုက်ခိုက်လျက်ရှိပါတယ်။

၂၀၁၁ ခုနှစ် အုံကြွမှု ဖြစ်ပွားခဲ့တဲ့ ဆီးရီးယား အနောက်တောင်ပိုင်းရှိ ဒါရာ (Daraa) မြို့ကို အတိုက်အခံအင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ခံသမိုင်း

++++++++

ဒီအခြေအနေကို ဘယ်လိုရောက်လာသလဲ။

⦁ ၂၀၁၁ ခုနှစ် အာရပ်နွေဦးရာသီမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေဟာ သူ့ရဲ့အာဏာရှင် သမ္မတ ဘာရှာအယ်အာဆတ် (Bashar al-Assad) ကို ဖြုတ်ချဖို့ ဆီးရီးယားမှာ တောင်းဆိုပြီး လမ်းတွေပေါ် ထွက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ရက်စက်စွာ သတ်ဖြတ်တဲ့ နှိမ်နင်းမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်တွင် အစွန်းရောက်အုပ်စုများသည် အတိုက်အခံညွန့်ပေါင်းအဖွဲ့အတွင်း အလယ်အလတ်အုပ်စုများထက် အင်အားကြီးမား သာလွန်လာပြီး အိုက်စစ် (ISIS) သည် နိုင်ငံတစ်ဝှမ်းတွင် စတင်ပျံ့နှံ့လာခဲ့ပါတယ်။

⦁ ကာ့ဒ်တိုက်ခိုက်ရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန်မိတ်ဖက်ဖြစ်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က အိုက်စစ် (ISIS) ကို တိုက်ခိုက်ခဲ့ပြီး အဖွဲ့ရဲ့ နယ်မြေတည်ရှိမှုကို ထိရောက်စွာ အဆုံးသတ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၀ ခုနှစ်မှာ ရုရှားနဲ့ တူရကီတို့ဟာ နောက်ဆုံးလက်ကျန် အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ အီလစ်ပြည်နယ်မှာ သူတို့ ကိုယ်စားပြု (proxy) ပါဝင်တဲ့ တိုက်ပွဲမှာ အပစ်အခတ် ရပ်စဲရေးကို သဘောတူညီခဲ့ကြပါတယ်။ ဒါပေမယ့် အခုအခါ သူပုန်တွေဟာ “စစ်ဆင်ရေးကွပ်ကဲမှု (Military Operations Command: MOC)” လို့ ခေါ်တဲ့ ညွန့်ပေါင်းအဖွဲ့သစ်ကို ဖွဲ့စည်းပြီးနောက် ထိုးစစ်စတင်ခဲ့ပါတယ်။

⦁ မဟာမိတ်အဖွဲ့ဟာ အလက်ပိုမြို့အပြင်ဘက်ရှိ ကျေးရွာတွေကို လျင်မြန်စွာ ဖြတ်ကျော် ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီး အခုအခါ မြို့အများအပြားကို ထိန်းချုပ်ထားပြီး စစ်ဆင်ရေး လမ်းခရီးမှာ ခုခံမှုအနည်းငယ်သာ ရှိကြောင်း ဒေသခံတွေက ပြောကြားခဲ့ကြပါတယ်။ တိုက်ခိုက်ရေးသမားတွေက သူတို့သိမ်းပိုက်ထားတဲ့နယ်မြေကို လွတ်မြောက်ဖို့ ကြိုးပမ်းနေကြပြီး အစိုးရတပ်ဖွဲ့တွေနဲ့ အီရန်လိုလားတဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ကာ တုံ့ပြန်တိုက်ခိုက်နေကြောင်း တိုက်ခိုက်ရေးသမားတွေက ပြောကြားခဲ့ပါတယ်။

⦁ မြို့တော်အပြင်ဘက်- အတိုက်အခံ အဖွဲ့ခွဲ တိုက်ခိုက်ရေးသမားတွေဟာ စနေနေ့က ဒမတ်စကတ်ကျေးလက်ဒေသရှိ ကန်နာကာ (Kanaker) မြို့ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သူပုန်မဟာမိတ်တွေက မြို့တော်နဲ့ နီးကပ်လာခဲ့ပါတယ်။ အတိုက်အခံ မဟာမိတ်တပ်ဖွဲ့တွေဟာ ဒမတ်စကတ်ဝန်းကျင်ရှိတဲ့ နိုင်ငံမြောက်ပိုင်းနဲ့ တောင်ဘက်စွန်းဒေသတွေက အာဆတ်ရဲ့တပ်တွေကို တိုက်ခိုက်လျက်ရှိပါတယ်။

⦁ ဆီးရီးယားသမ္မတဟာ ဒမတ်စကတ်မြို့မှာ ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပေမယ့် မိသားစုကတော့ ရုရှားကို ပို့လိုက်ပြီဖြစ်ပါတယ်။ မြို့တော်ကို အတိုက်အခံတပ်ဖွဲ့တွေ အရှိန်အဟုန်နဲ့ ချီတက်နေပေမယ့် အာဆတ်ဟာ ဒမတ်စကတ်မှ ထွက်ခွာခြင်း မရှိသေးဘူးလို့ ဆီးရီးယားသမ္မတရုံးက ပြောကြားခဲ့ပါတယ်။

⦁ ဆီးရီးယား စစ်သားတွေ အီရတ်နိုင်ငံအတွင်းကို ဖြတ်ကျော်ဝင်ရောက်ခြင်း။ ဆီးရီးယားစစ်တပ်က စစ်သား ၁၀၀၀ ကျော်ဟာ ဆီးရီးယား အရှေ့ပိုင်းရှိ နယ်စပ်ကို ဖြတ်ကျော်ပြီး အီရတ်နိုင်ငံတွင်းကို ရောက်ရှိလာခဲ့တယ်လို့ အီရတ်နိုင်ငံပိုင် သတင်းသတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

⦁ ရုရှားရဲ့ ပါဝင်ပတ်သက်မှု။ ဆီးရီးယားမှာ အကြမ်းဖက်သမားတွေ အောင်နိုင်မှု မရှိစေရေးအတွက် ရုရှားနိုင်ငံဟာ “အရာရာ” ကို လုပ်ဆောင်ဖို့ ကြိုးပမ်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့်ဗ် (Sergey Lavrov) က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ ရုရှားဂျက်တိုက်လေယာဉ်တွေဟာ လွန်ခဲ့တဲ့အပတ်က နောက်ဆုံးထိုးစစ်ဆင်နွှဲခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးသမားတွေ အပါအဝင် သူပုန်တိုက်ခိုက်ရေးသမားတွေကို နှိမ်နင်းတိုက်ခိုက်ရာမှာ ၂၀၁၅ ခုနှစ်ကတည်းက အာဆတ်ရဲ့တပ်ဖွဲ့တွေကို အကူညီပေးလျက်ရှိပါတယ်။

⦁ ဆုံးရှုံးသွားတဲ့အခွင့်အရေး။ အာဆတ်ဟာ နိုင်ငံရဲ့ပြည်တွင်းစစ် ငြိမ်သက်သွားတဲ့ကာလအတွင်းမှာ ဆီးရီးယားပြည်သူတွေနဲ့ ဆက်ဆံရေး ပြန်လည်သင့်မြတ်ဖို့ အခွင့်အရေးကို ဆုပ်ကိုင် မထားခဲ့ကြောင်း ကာတာဝန်ကြီးချုပ် မိုဟာမက်ဘင် အပ္ပဒူရာမန် အယ် တာနီ(Mohammed bin Abdulrahman Al Thani) က ပြောကြားခဲ့ပါတယ်။

ထရန့်ရဲ့လက်ရှောင်ခြင်းနည်းနာ

+++++++++++++++++

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ဟာ စနေနေ့မှာ ဆီးရီးယားမှာ ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့အခြေအနေအပေါ် အာရုံစိုက်ခဲ့ပြီး အမေရိကန် မပါဝင်သင့်ဘူးလို့ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 21 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 20 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 17 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ