နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အိန္ဒိယက ရုရှားရေနံ ဝယ်ယူမှု ရပ်ဆိုင်းရန် သဘောတူခဲ့ကြောင်း ထရမ့်က ပြောဆိုခဲ့ သော်လည်း နယူးဒေလီက ၎င်းတို့ မသိရှိကြောင်း တုံ့ပြန်

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်

အိန္ဒိယသည် ရုရှားရေနံ တင်သွင်းမှုကို ရပ်တန့်ရန် သဘောတူညီခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်ကို ဆန့်ကျင်ငြင်းပယ်ခဲ့ပုံရပြီး၊ ဆက်ဆံရေး တင်းမာစေသော ဤကိစ္စသည် မကြာမီ ဖြေရှင်းနိုင်ဖွယ်မရှိကြောင်း အရိပ်အယောင် ပြသလိုက်သည်။

ဗုဒ္ဓဟူးနေ့တွင် ထရမ့်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက အမေရိကန်၏ ဒဏ်ခတ် အရေးယူမှုများနှင့် သက်ဆိုင်သော ရုရှားထံမှ ရေနံဝယ်ယူမည်မဟုတ်ကြောင်း “ဒီနေ့ ကျွန်တော့်ကို အာမခံခဲ့ပါတယ်” ဟု ပြောကြားခဲ့ပြီး၊ ၎င်းသည် ကြီးမားသော ခြေလှမ်း” ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သို့သော် ကြာသပတေးနေ့တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရမ်ဒီယာ ဂျိုင်ဆွာလ်က ထရမ့်နှင့် မိုဒီတို့အကြား မည်သည့် စကားစမြည်ပြောဆိုမှု” သို့မဟုတ် ရုရှားရေနံ ဝယ်ယူမှုကို ရပ်တန့်မည်ဟု အိန္ဒိယခေါင်းဆောင်၏ အာမခံမှု မည်သည့်အရာကိုမျှ သူ မသိရှိကြောင်း” သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းနေ့ အစောပိုင်းတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားအမည်ကို ထည့်သွင်းခြင်း သို့မဟုတ် မိုဒီ၏ ပြောဆိုခဲ့သော အာမခံချက်ကိုလည်း ရည်ညွှန်းခြင်း မပြုဘဲ နိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ အရေးပါသော တင်သွင်းသူ” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“တည်ငြိမ်သော စွမ်းအင်စျေးနှုန်းများနှင့် လုံခြုံသော ထောက်ပံ့မှုများရရှိဖို့ သေချာစေရန်မှာ ကျွန်ုပ်တို့၏ စွမ်းအင်မူဝါဒ၏ ရည်မှန်းချက် နှစ်ခုဖြစ်သည်။ ယင်းတွင် ကျွန်ုပ်တို့၏ စွမ်းအင်ရရှိမှုရင်းမြစ်များကို ကျယ်ပြန့်လာစေရန်နှင့် ဈေးကွက်အခြေအနေများနှင့် ကိုက်ညီအောင် သင့်လျော်သလို ဘက်ပေါင်းစုံသို့ ပြောင်းလဲခြင်းတို့ ပါဝင်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယသည် ကရင်မလင်နန်းတော်နှင့် ရေရှည်ဆက်ဆံရေး နီးကပ်စွာ ထိန်းသိမ်းထားပြီး ယခုနှစ်နှောင်းပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လက်ခံကျင်းပရန် စီစဉ်ထားသည်။ ၂၀၂၂ ခုနှစ်တွင် မော်စကိုမှ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်းတွင် ရုရှားရေနံကို အကြီးဆုံး ဝယ်ယူသူများထဲမှ တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။ စစ်ပွဲသည် မော်စကို၏ ရေနံလုပ်ငန်းအပေါ် အကြီးအကျယ် ဒဏ်ခတ်အရေးယူမှုများ ဖြစ်ပေါ်စေပြီး စျေးနှုန်းများ ကျဆင်းစေခဲ့သည်။

လပေါင်းများစွာကြာအောင် နယူးဒေလီသည် ရုရှားရေနံဝယ်ယူမှုကို ရပ်တန့်ရန် ထရမ့်၏ တောင်းဆိုမှုများကို ဆန့်ကျင်ခဲ့ပြီး၊ ၎င်း၏ ဖွံ့ဖြိုးတိုးတက်နေသော စီးပွားရေးနှင့် ယခုအခါ လူဦးရေ ၁.၄ ဘီလီယံကျော်ရှိနေပြီဖြစ်သော တိုးပွားလာသည့် လူဦးရေ၏ စွမ်းအင်လိုအပ် ချက်များကို လျစ်လျူရှုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လတွင် ထရမ့်သည် ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုအတွက် အပြစ်ပေးဒဏ်ခတ်မှုအဖြစ် အိန္ဒိယအပေါ် အပို ၂၅% အခွန်ကောက်ခံမှုကို ကြေညာခဲ့ပြီး၊ ယခင်ကြေညာထားသည့် ၂၅% အခွန်နှုန်းထားအပေါ် တည်ဆောက်ထားခြင်း ဖြစ်သည်။

ကုန်သွယ်ရေး ထောက်လှမ်းရေးကုမ္ပဏီ Kpler မှ အကြီးတန်း ရေနံဆန်းစစ်သူ မူယူဇူ(Muyu Xu) က အိန္ဒိယအတွက် ၎င်း၏ အကြီးဆုံး ရင်းမြစ်ဖြစ်သော ရုရှားထံမှ ရေနံစိမ်းဝယ်ယူမှုကို ရုတ်တရက် ရပ်ဆိုင်းရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲကြောင်း ပြောကြားခဲ့သည်။

ဇူ(Xu) က ယခုနှစ်၏ ပထမ ကိုးလအတွင်း အချက်အလက်များကို ကိုးကား၍ ရုရှားမှ တစ်နေ့လျှင် ရေနံစည် ၁.၇–၁.၈ သန်းခန့် ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။

“အိန္ဒိယက ရုရှားရေနံကို တစ်ညတည်း ရပ်တန့်နိုင်မယ်လို့ ကျွန်မ မထင်ဘူး။ ပမာဏတွေက အလွန်ကြီးမားပါတယ်” ဟု ၎င်းက CNN ကို ပြောကြားခဲ့သည်။ “အဲဒီပမာဏကို စျေးကွက် ကနေ အစားထိုးဖို့က လွယ်ကူတဲ့အလုပ်မဟုတ်ဘူး။ အရေအတွက်သက်သက်အပြင် ရေနံစိမ်းရဲ့ အရည်အသွေး ကွဲပြားမှုတွေနဲ့ ချက်လုပ်စက်ရုံက ထွက်ရှိမှု ကွာခြားချက်တွေက အစားထိုးတာကို တစ်ခုချင်းစီ ဖလှယ်တာနဲ့ ဝေးကွာစေပါတယ်”။

Kpler မှ အချက်အလက်များက နိုင်ငံပိုင် ရေနံချက်စက်ရုံများသည် မကြာသေးမီလများ အတွင်း ရုရှားထံမှ ဝယ်ယူမှုများကို လျှော့ချခဲ့ကြောင်း ပြသနေသော်လည်း၊ ပုဂ္ဂလိကကုမ္ပဏီ အချို့ကမူ ရုရှားရေနံစည်များကို ပိုမိုဝယ်ယူခဲ့ကြသည်။

Kpler မှ အချက်အလက်များအရ နိုင်ငံပိုင် Indian Oil Corporation Limited သည် ဇန်နဝါရီလတွင် ရုရှားရေနံ စည်ပေါင်း ၁၀.၃၅ သန်း ဝယ်ယူခဲ့ပြီး စက်တင်ဘာလတွင် စည်ပေါင်း ၄.၆၂ သန်း ဝယ်ယူခဲ့သည်။ အချက်အလက်များအရ အောက်တိုဘာလတွင် Indian Oil Corporation Limited သည် စည်ပေါင်း ၇.၀၃ သန်း ဝယ်ယူခဲ့ကြောင်း ပြသသည်။

CNN သည် Indian Oil Corporation Limited သို့ ဆက်သွယ်ပြီး ရုရှားရေနံဝယ်ယူမှုကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ခြင်း ရှိ၊မရှိနှင့် ရုရှားထံမှ ရင်းမြစ်ရှာဖွေမှု မဟာဗျူဟာကို လမ်းညွှန်သော အချက်များကို မေးမြန်းခဲ့သည်။

မိုဒီ၏ နိုင်ငံရေးပုံရိပ်

မိုဒီ၏ အမေရိကန်ဖိအားပေးမှုကို ခေါင်းမငုံ့ခြင်းသည် ကမ္ဘာ့စင်မြင့်တွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အာရုံစိုက်သော အိန္ဒိယနိုင်ငံကို ဦးဆောင်သည့် ခိုင်မာသော ခေါင်းဆောင် ပုံရိပ်ကို အခြေခံထားသည့် ၎င်း၏ နိုင်ငံရေးပုံရိပ်အတွက် အထောက်အကူ ဖြစ်စေသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း နယူးဒေလီနှင့် ဝါရှင်တန်မှ အရာရှိများသည် ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်လည်ဖြစ်မြောက်စေရန် သံတမန်ရေးကို အာရုံစိုက်ခဲ့ကြပြီး၊ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့များသည် သဘောတူညီချက် ပိတ်ရန် အာရုံစိုက်ခဲ့ကြသည်။

ယခုလအစောပိုင်းတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar က အိန္ဒိယသည် အမေရိကန်ပြည်ထောင်စုနှင့် ပြဿနာများရှိသည်” ကို အသိအမှတ်ပြုခဲ့ပြီး၊ ပွတ်တိုက်မှု၏ အရေးပါသော အစိတ်အပိုင်းကို မဖြေရှင်းရသေးသော ကုန်သွယ်ရေး ဆွေးနွေးမှုများကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက နှစ်နိုင်ငံသည် ကျွန်ုပ်တို့၏ ကုန်သွယ်ရေး ဆွေးနွေးပွဲများအတွက် ပြုလုပ်မည့် အနေအထား မြေနေရာတစ်ခုဆီသို့ မရောက်ရှိသေး” ကြောင်း ထောက်ပြခဲ့သော်လည်း၊ အိန္ဒိယသည် ဖြေရှင်းချက် ရှာဖွေရန် တက်ကြွစွာ လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

“အဲဒီပြဿနာတွေကို ဆွေးနွေး၊ တိုင်ပင်ပြီး ဖြေရှင်းဖို့ လိုပါတယ်၊ ဒါက ကျွန်တော်တို့ လုပ်ဖို့ ကြိုးစားနေတာပါပဲ” ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက