နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်ပ်၏ပူတင်နှင့် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး အမြန်ပြုလုပ်လိုသော မျှော်လင့်ချက် ရပ်ဆိုင်း၊ အကြိုအစည်းအဝေးကိုစီစဥ်

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၁ရက်

သမ္မတဒေါ်နယ်ထရမ့်ပ်၏ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် လျင်မြန်စွာတွေ့ဆုံလိုသော မျှော်လင့်ချက်မှာ ရပ်တန့်သွားနိုင်ဖွယ်ရှိနေသည်ဟု CNN သတင်းဌာနသို့ အဆိုပါကိစ္စနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုသီတင်းပတ်အတွင်း ကမ္ဘာ့ခေါင်းဆောင်နှစ်ဦး၏ အဓိကနိုင်ငံခြားရေးရာ အကြံပေးများ အကြား အကြိုတွေ့ဆုံဆွေးနွေးပွဲကို အနည်းဆုံး လောလောဆယ်တွင် ထည့်သွင်းထားသည်။

ထရမ့်ပ်သည် ပူတင်နှင့် ဖုန်းပြောပြီးနောက် ကြာသပတေးနေ့တွင် ၎င်းတို့နှစ်ဦးသည် “လာမည့် သီတင်းပတ်တွင် ကျွန်ုပ်တို့၏ အဆင့်မြင့်အကြံပေးများ တွေ့ဆုံရန် သဘောတူခဲ့ ကြသည်” ဟု ပြောကြားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုရဲ့ ကနဦးအစည်းအဝေးတွေကို နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ဦးဆောင်သွားမှာဖြစ်ပြီး၊ တခြားသတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်အများအပြား လည်း ပါဝင် မှာပါ” ဟု ၎င်းက Truth Social တွင် ရေးသားခဲ့သည်။

သို့သော်လည်း ရူဘီယိုနှင့် ၎င်းနှင့်ဆွေးနွေးမည့်ရုရှားဘက်မှ ဆာဂေးလက်ဗ်ရော့ဗ်တို့အကြား မျှော်လင့်ထားခဲ့သော ထိုတွေ့ဆုံပွဲကို ယခုအချိန်အတွက် ဆိုင်းငံ့ထားကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုအစည်းအဝေးကို ယခုသီတင်း ပတ် အတွင်း မပြုလုပ်တော့သည့် အကြောင်းရင်းကို ချက်ချင်းရှင်းရှင်းလင်းလင်း မသိရ သော်လည်း သတင်းရင်းမြစ်များအနက်မှ တစ်ခုက ရူဘီယိုနှင့် လက်ဗ်ရော့ဗ်တို့အကြား ရုရှား၏ယူကရိန်းကျူးကျော်မှုကို အဆုံးသတ်နိုင်ဖွယ်ရှိသော ရလဒ်နှင့် ပတ်သက်၍ မျှော်လင့်ချက် ကွဲပြားမှုများရှိသည်ဟု ပြောကြားခဲ့သည်။

လက်ဗ်ရော့ဗ်နှင့် ရူဘီယိုတို့အကြား ကြိုတင်အစည်းအဝေး ရွှေ့ဆိုင်းခြင်းက ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့တွင် ပြုလုပ်ရန် မျှော်လင့်ထားသော ထရမ့်ပ်-ပူတင် ထိပ်သီးအစည်းအဝေး အပေါ် မည်သို့သော သက်ရောက်မှုရှိမည်ကိုလည်း ချက်ချင်းမသိရသေးပေ။

“သမ္မတထရမ့်ပ်ဟာ ဒီအဓိပ္ပာယ်မဲ့စစ်ပွဲကို အဆုံးသတ်ပြီး လူသတ်မှုကို ရပ်တန့်ဖို့အတွက် ငြိမ်းချမ်းတဲ့၊ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းချက်ကို ရှာဖွေဖို့ အမြဲတမ်းလုပ်ဆောင် နေခဲ့ ပါတယ်” ဟု အိမ်ဖြူတော် ဒုတိယပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ “သူဟာ ပါတီအားလုံးကို ရဲရင့်စွာပါဝင်စေခဲ့ပြီး ငြိမ်းချမ်းရေးရရှိဖို့အတွက် သူတတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ရူဘီယိုနှင့် လက်ဗ်ရော့ဗ်တို့သည် တနင်္လာနေ့တွင် ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ ၎င်းတို့၏ သမ္မတနှစ်ဦး ပြီးခဲ့သည့်သီတင်းပတ်က ပြုလုပ်ခဲ့သော ဖုန်းခေါ်ဆိုမှုကို ဆက်လက်လုပ်ဆောင်ရန်အတွက် “နောက်ဆက်တွဲအဆင့်များ” ကို ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရူဘီယိုသည် “လာမည့်တွေ့ဆုံ ဆွေးနွေးမှုများ၏ အရေးကြီးပုံကို အလေးထားပြောကြားခဲ့ပြီး၊ ယင်းသည် သမ္မတထရမ့်ပ်၏ ရည်မှန်းချက်နှင့်အညီ ရုရှား-ယူကရိန်းစစ်ပွဲ၏ ခိုင်မာသော ဖြေရှင်းချက်ကို ရှေ့ဆက် ဆောင်ရွက်ရန် မော်စကိုနှင့် ဝါရှင်တန်တို့ ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းဖြစ်ကြောင်း” အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

တစ်ချိန်တည်းမှာပင်၊ ကရင်မလင်နန်းတော်က ထိုဖုန်းခေါ်ဆိုမှုကို “အပြုသဘောဆောင်သော ဆွေးနွေးမှု” အဖြစ် ဖော်ပြခဲ့ပြီး၊ ထရမ့်ပ်နှင့် ပူတင်တို့ ဖုန်းခေါ်ဆိုစဉ်က ရရှိခဲ့သော “နားလည်မှု များကို အကောင်အထည်ဖော်ရန် ဖြစ်နိုင်ဖွယ်ရှိသော တိကျသောအဆင့်များ” ကို ကိုင်တွယ် ဖြေရှင်းခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း အဆိုပါကိစ္စနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တစ်ခုက CNN သတင်းဌာနသို့ ပြောကြားရာတွင် ရူဘီယို-လက်ဗ်ရော့ဗ် ဖုန်းခေါ်ဆိုပြီးနောက် အရာရှိများက ရုရှား၏ ရပ်တည်ချက်သည် ၎င်း၏ အမြင့်ဆုံး တောင်းဆိုချက်ထက် လုံလောက်စွာ ပြောင်းလဲမှု မရှိသေးကြောင်း ခံစားမိသည်ဟု ဆိုသည်။ ထိုသတင်းရင်းမြစ်က ယခုအချိန်အတွက် ရူဘီယိုသည် ပူတင်-ထရမ့်ပ် တွေ့ဆုံပွဲကို လာမည့်သီတင်းပတ်တွင် ရှေ့ဆက်လုပ်ဆောင်ရန် အကြံပြုမည်မဟုတ်သော်လည်း ရူဘီယိုနှင့် လက်ဗ်ရော့ဗ်တို့သည် ယခုသီတင်းပတ်အတွင်း ထပ်မံစကားပြောဆိုနိုင်သည်ဟု ပြောကြားခဲ့သည်။

ထရမ့်ပ်သည် ပူတင်နှင့် နောက်ဆုံးအနေဖြင့် အလာစကာပြည်နယ်၊ အန်ကောရေ့ချ်မြို့တွင် လူကိုယ်တိုင် ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့သည်မှာ နှစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုအစည်းအဝေးသည် သုံးနာရီနီးပါးကြာမြင့်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးစလုံးက တိုးတက်မှုများ ရှိသည်ဟု ကြွေးကြော်ခဲ့သော်လည်း သဘောတူညီချက်မရရှိဘဲ အဆုံးသတ်ခဲ့သည်။

ထရမ့်ပ်သည် ထိုအချိန်မှစ၍ ကိယက်ဗ်နှင့် မော်စကိုတို့ကို “စစ်ပွဲကို ချက်ချင်းရပ်တန့်ရန်” လူသိရှင်ကြား တောင်းဆိုခဲ့သည်။

“ဘယ်နေရာမှာပဲဖြစ်ဖြစ် စစ်မြေပြင်မျဉ်းကြောင်းအတိုင်း သွားပါ။ မဟုတ်ရင် အရမ်းရှုပ်ထွေး သွား မှာပါ။ ဘယ်တော့မှ တွက်ဆနိုင်မှာမဟုတ်ဘူး။ ‌ရှေ့တန်းရှိ စစ်မြေပြင်မျဉ်းကြောင်းမှာ စစ်ကို ရပ်တန့်လိုက်ပါ” ဟု ထရမ့်ပ်က စနေနေ့တွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက