နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် အစိုးရရပ်ဆိုင်းထားမှုအခြေအနေကို ရှင်းလင်း ပြောကြား။

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်

အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် က သူနှင့် အထက်လွှတ်တော် အများစုခေါင်းဆောင် ဂျွန် သူးန် တို့သည် မနေ့က တစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ပြီး အစိုးရ ရန်ပုံငွေ ရပ်ဆိုင်းမှု (shutdown) ကာလအတွင်း သမ္မတ ဒေါ်နယ်လ် ထရမ့် နှင့် အစိုးရ ရန်ပုံငွေကိစ္စ ဆွေးနွေးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကက်ပီတယ်လ် ဟေးလ် (Capitol Hill) တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဂျွန်ဆင်က သူနှင့် သူးန်တို့သည် “သမ္မတနဲ့အတူ တစုတဝေးတည်း ၁၀၀% တူညီတဲ့ သဘောထားရှိကြောင်း” ပြောခဲ့သည်။

သူ့ကို လက်ရှိ GOP (ရီပတ်ဘလစ်ကန်) ပါတီ ကျောထောက်နောက်ခံပြုထားသည့် အဆိုပြုချက်၏ နောက်ဆုံးရက်ဖြစ်သော နိုဝင်ဘာလ ၂၁ ရက်နောက်ပိုင်းအထိ ရန်ပုံငွေကို သက်တမ်းတိုးမည့် အစိုးရရန်ပုံငွေဥပဒေကြမ်းကို ရီပတ်ဘလစ်ကန်များက လက်ခံသင့်သလားဟု မေးမြန်းခဲ့သည်။ ရန်ပုံငွေ ရပ်ဆိုင်းမှု ကြာမြင့်လာသည်နှင့်အမျှ၊ တစ်နှစ်ကြာ ဘဏ္ဍာငွေခွဲဝေမှု ဥပဒေကြမ်းများအတွက် လုပ်ငန်းများ အပြီးသတ်ရန် အချိန်လုံလောက်စွာရရှိစေရန်အတွက် အစိုးရ ရန်ပုံငွေကို ထိုရက်နောက်ပိုင်းအထိ ထပ်မံတိုးမြှင့်ရန် လိုအပ်လာနိုင်သည်ဟူသော ဖြစ်နိုင်ခြေကို မြင့်တက်စေခဲ့သည်။

“ရှင်းနေတာပဲ၊ ဒီမိုကရက်တွေရဲ့ နိုင်ငံရေးအရ အဓိပ္ပာယ်မရှိတဲ့ အရာတွေကြောင့် ပြက္ခဒိန်က အချိန်တွေကို ကုန်ဆုံးသွားအောင် စားသုံးပစ်နေပါတယ်” ဟု ဥက္ကဋ္ဌက ပြောဆိုကာ “အရမ်းအရေးကြီးပြီး လိုအပ်တဲ့အရာတွေကို လုပ်ဖို့ ကျွန်တော်တို့ အချိန်ကုန်လုနီးပါး ဖြစ်နေပါပြီ” ဟု ထပ်လောင်း ပြောကြားခဲ့သည်။

GOP ခေါင်းဆောင်များသည် နေ့စဉ်နှင့်အမျှ ဆုံးဖြတ်ချက်များ ချမှတ်သွားမည်ဖြစ်ကြောင်း သူက ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ နိုဝင်ဘာလကို ပိုမို နီးကပ်လာနေပါတယ်။ အချိန်မီ ဘဏ္ဍာငွေခွဲဝေမှု အားလုံးကို ပြီးစီးအောင် လုပ်ဖို့ဆိုတာ အချိန် တစ်နာရီချင်းစီ ကုန်ဆုံးလာတာနဲ့အမျှ ပိုပြီး ခက်ခဲလာပါလိမ့်မယ်။ ကျွန်တော်တို့ ဒါကို အသိအမှတ်ပြုပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို နေ့စဉ် အခြေခံနဲ့ ဆုံးဖြတ်သွားရမှာပါ” ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက