မတ်လ (၉)ရက်။
မနေ့က နံနက် (၁၁)နာရီခန့်မှာ ဟိုပုံးမြို့ရှိ ကျောက္ကဆျားရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ PNLA ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကျဲတိုက်ခိုက်တာကြောင့် နေအိမ် (၆)အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ပြည်သူ (၁)ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဗုံႏကျဲတိုက်ခိုက်တာကြောင့် သေဆုံးသွားတဲ့ ပြည်သူဟာ အသက် (၅၀)နှစ်အရွယ်ရှိ ဦးခွန်ထွန်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ ကျောက္ကဆျားကျေးရွာဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမဟုတ်သလို PNLA တပ်စွဲထားတဲ့ နေရာလဲမဟုတ်ဘူးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။