နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံ (၄)ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်နိုင်ခဲ့

ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံ (၄)ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်နိုင်ခဲ့

++++++++++++++++

အခုမြင်တွေ့နေရတာကတော့ ဂါဇာကမ်းမြောင်အလယ်ပိုင်း နူဆီရတ်ကနေ အစ္စရေးတပ်ဖွဲ့ဝင်တွေကယ်ဆယ်ခဲ့တဲ့ ဓားစာခံ ၄ ဦးထဲက ၃ ဦးကို ရဟတ်ယာဉ်နဲ့ ပြန်ခေါ်လာခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။ အဲဒီ ဓားစာခံ ၄ ဦးဟာ ဟားမက်စ်စစ်သွေးကြွတွေက အောက်တိုဘာလ ၇ ရက်နေ့မှာ နိုဗာဂီတပွဲကနေ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရသူတွေဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်မှာ ဆိုးရွားတဲ့ စစ်ပွဲကြီးဖြစ်ပေါ်လာခဲ့ရတာပါ။ အခုလွတ်မြောက်လာခဲ့တဲ့ ဓားစာခံတွေထဲက နိုအာ အာမန်ဂါနီဟာ အစ္စရေးဘက်က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ သူမဖခင်နဲ့ ပြန်လည်ဆုံတွေ့ခဲ့ရသူဖြစ်ပါတယ်။  သူမဟာ အောက်တိုဘာလ ၇ ရက်နေ့က မော်တော်ဆိုင်ကယ်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ ငါ့ကို မသတ်ပါနဲ့လို့ အော်ဟစ် အကူအညီတောင်း နေတဲ့သူ လည်း ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ ကယ်ထုတ်လာခဲ့တဲ့ အစ္စရေးဓားစာခံတွေကို တွေ့ဆုံဖို့အတွက် ဆေးရုံကို သွားရောက်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အဲဒီနောက် အစ္စရေးစစ်တပ်က ဓားစာခံတွေကို သူတို့ ကယ်ထုတ်လာခဲ့တဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂရီက လူနေရပ်ကွက်တစ်ခုရဲ့  အလယ်မှာ ပစ်ခတ်တိုက်ခိုက်ကာ ကယ်ထုတ်ခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

ဟားမက်စ်တွေဟာ ဂါဇာထဲက  အရပ်သားတွေနေထိုင်တဲ့နေရာတွေမှာ ဓါးစာခံတွေကို လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့လည်း ဟာဂရီက ထောက်ပြခဲ့ပါတယ်။ လူနေရပ်ကွက်အတွင်း ထိတွေ့မှုဖြစ်စဉ်မှာ လေကြောင်းကလည်း ကူညီပစ်ခတ်ပေးခဲ့ရတယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း အစ္စရေးစစ်တပ်ဘက်က တစ်ဦးသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးအပြီး ဂါဇာထဲမှာတော့ ထူးခြားတဲ့ ရုပ်ပုံတချို့ ထွက်ပေါ် လာခဲ့ပါတယ်။ အစ္စရေးတို့ ဓါးစာခံတွေကို ကယ်တင်ခဲ့တဲ့ ဧရိယာအတွင်း အမျိုးသမီးတွေနဲ့ ကလေးငယ် အများအပြားသေဆုံးခဲ့ရတယ်လို့ ပါလက်စ်တိုင်းကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့တာပါ။ ဒဏ်ရာရသူအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ဒီယာအဲလ်ဘာလာမြို့က ဆေးရုံကို အရေးပေါ်ပို့ဆောင်ဖို့ ကြိုးပမ်းခဲ့ ကြပေမယ့် လမ်းမတွေပေါ်မှာ ရုပ်အလောင်းအများအပြားရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ နူဆီရတ်ဆိုတာဟာ ပါလက်စ်တိုင်းတွေရဲ့ သမိုင်းဝင် ဒုက္ခသည်စခန်းတစ်ခုဖြစ်ပြီး အစ္စရေးတို့က အဲဒီအပေါ်ကို အခုစစ်ပွဲအတွင်း ဗုံးကြဲချခဲ့ဖူးပါတယ်။

အစ္စရေး ဓါးစာခံ ၄ ဦးပြန်လည်လွတ်မြောက်လာတဲ့အပေါ် ပဲရစ်မြို့မှာ ရောက်ရှိနေကြတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်းတို့က ကြိုဆိုခဲ့ကြပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်းက “လွတ်မြောက်လာတဲ့သူ ၄ ဦးကို ကြိုဆိုသလို ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေကို လွှတ်ပေးဖို့ ကျတော်တို့ တောင်းဆိုပါတယ်။ တိုက်ပွဲတွေကို ရပ်တန့်ပြီး နိုင်ငံရေးနည်းအရ အဖြေရှာဖို့ကို တိုက်တွန်းချင်ပါတယ်။ ဒါမှလည်း ရေရှည်တည်တံ့ပြီး နှစ်နိုင်ငံလုံခြုံရေးအတွက် အခြေအနေတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်” ပြောသွားခဲ့ပါတယ်။

အလားတူ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း “ သမ္မတမက်ခရွန်းရဲ့ တောင်းဆိုချက်တွေကို လိုက်နာဖို့ တိုက်တွန်းချင်ပါတယ်။ ဓါးစာခံတွေမလွတ်မချင်း၊ အပစ်အခတ်မရပ်မချင်း ကျတော်တို့ကတော့ အလုပ်တွေ ဆက်လုပ်နေကြရမှာပဲ”လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ဂျိုးဘိုင်ဒန်နဲ့ မက်ခရွန်းတို့ဟာ လက်ဘနွန်၊  အီရန်တို့နဲ့ တင်းမာမှုတွေကို လျှော့ချဖို့ကိုလည်း အလေးအနက်ပြောဆိုခဲ့ကြပါတယ်။

အစ္စရေးက ထုတ်ပြန်တဲ့စာရင်းတွေအရတော့ အောက်တိုဘာလ ၇ ရက်နေ့က ဟားမက်စ်တွေရဲ့ တိုက်ခိုက်မှုမှာ အစ္စရေးအရပ်သား 1200 ကျော်အသက်သေဆုံးခဲ့ရပြီး ဓါးစာခံအဖြစ် လူ ၂၄၀ ကျော် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတာပါ။ အခုဆိုရင် ဟားမက်စ်တွေလက်ထဲမှာ ဓါးစာခံ 116 ဦးကျန်ရှိနေဆဲဖြစ်တယ်လို့လည်း အစ္စရေးဘက်က ထုတ်ပြန်ထားပါတယ်။ ဟားမက်စ်တွေကို လက်စားချေဖို့နဲ့ ဓါးစာခံတွေကို ပြန်ကယ် ထုတ်နိုင်ဖို့အတွက် ဂါဇာကမ်းမြောင်ကို အစ္စရေးဘက်က တိုက်ခိုက်မှုမှာတော့ ပါလက်စ်တိုင်းအရပ်သား ၃၆၈၀၀ ကျော်အသက်သေဆုံးခဲ့ရတယ်လို့ ပါလက်စ်တိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာ ထားပါတယ် ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ