နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ ကြံ့ခိုင်ရေးပါတီက AI ဆွေးနွေးပွဲပြုလုပ်

အောက်တိုဘာလ (၉)ရက်။

မနေ့က နေပြည်တော်ရှိ ပါတီဌာနချုပ်မှာ “ Artificial Intelligence(AI)” နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ကြံ့ခိုင်ရေးပါတီက ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို “ Artificial Intelligence(AI) အကြောင်းသိကောင်းစရာ” ခေါင်းစဉ်နဲ့ နံနက် (၁၀)နာရီဝန်းကျင်လောက်ကစပြီး ညနေ (၄)နာရီအချိန်အထိ ပြုလုပ်ခဲ့ကာ ဖိတ်ကြားထားတဲ့ ပညာရှင်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဆွေးနွေးပွဲထဲ တက်ရောက်လာသူတွေက AI ဖြစ်ပေါ်လာပုံနဲ့ ခေတ်နဲ့အညီ တိုးတက်လာတဲ့ နည်းပညာအပါအဝင် အားသာချက် အားနည်းချက်၊ လုံခြုံရေးဆိုင်ရာကိစ္စတွေအပြင် နိုင်ငံတကာက အသုံးပြုနေတာနဲ့ social media ကဏ္ဍကို ‌ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက AI နဲ့ပတ်သက်ပြီး ပညာသင်ကြားတဲ့အခန်းကဏ္ဍ၊ စာရင်းအချက်အလက်နဲ့ အသုံးဝင်တာတွေအပါအဝင် အနာဂတ်ကာလမှာ အရေးပါတာတွေကို ပြောဆိုခဲ့သေးတယ်လို့ ရေးသားထားပါတယ်။

ဆွေးနွေးပွဲကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းတည်ထောင်ထားပြီး စစ်တပ်ထောက်ခံတဲ့ ပါတီတစ်ခုဖြစ်သလို စစ်တပ်အာဏာသိမ်းတာကို ထောက်ခံပြီး စစ်အုပ်စုလက်အောက်ခံ နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တဲ့ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 6 Views
မေလ (၁၆)ရက်။ မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တာတွေ ကျူးလွန်တဲ့ (၁၇)ဦးပါ ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
နိုင်ငံတကာသတင်း မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာခုံရုံးတွေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့ ဆွေးနွေး

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 5 Views
မေလ (၁၅)ရက်။ မနေ့က တောင်ကိုရီးယားနိုင်ငံမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ SAC-M အဖွဲ့ဝင် Professor Yanghee Lee
မြန်မာသတင်း

ဘုရားသုံးဆူတွင် စစ်ရေးတင်းမာနေ

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
၂၀၂၅ခုနှစ်၊ မေလ ၁၅ ရက် ဘုရားသုံးဆူတွင် ကျားဖြန့်များ ရှိနေမှုကြောင့် ထိုင်းအစိုးရက နယ်စပ်ကို ပိတ်ခဲ့ပြီး လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီများကိုလည်း ပိတ်ပင်လိုက်ကြောင်း ထိုင်းဖက်မှ လူသိရှင်ကြား ကြေညာခဲ့သောကြောင့် ဘုရားသုံးဆူလူထုမှာ ဒုက္ခရောက်နေကြသည်ဟု သိရှိရသည်။
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီကို အရေးယူပေးဖို့ NLD တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီရဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာကို အရေးယူပေးဖို့ NLD က ဒီကနေ့မှာ ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက အပစ်ရပ်ကာလဆိုပြီး ကြေညာထားတဲ့ ဧပြီလ (၃)ရက်နေ့ကနေ မေလ
မြန်မာသတင်း

စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်း သိမ်းပိုက်ရရှိခဲ့တာကို KNU အတည်ပြုထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 19 Views
မေလ (၁၅)ရက်။ မေလ (၁၃)ရက်နေ့က ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KNU က ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီဗျူဟာစခန်းဟာ ပိုင်ကျုံမြို့၊ ကာတဲကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခလရ(၂၄)နဲ့ အမြောက်တပ်
မြန်မာသတင်း

မြိုင်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခလရ(၂၅၄)တပ် တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 15 Views
မေလ (၁၅)ရက်။ အခုလဆန်းပိုင်းက မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၅၄)တပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မေလ(၁)ရက်နေ့က မြိုင်ကို စစ်ကြောင်းထိုးလာတဲ့ စကစရဲ့ တပ်မ(၁၀၁)က ခလရ(၂၅၄)တပ်ရင်းစစ်ကြောင်းကို လိုက်လံချေမှုန်းခဲ့တာ။
မြန်မာသတင်း

အခုလ (၂)ပတ်ထဲ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိရှိခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 26 Views
မေလ (၁၄)ရက်။ မေလ (၁)ရက်နေ့ကစပြီး (၁၄)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူ (၆၇)ဦးအထိ ရှိခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသား (၂၉)ဦးနဲ့ အမျိုးသမီး (၃၈)ဦးဖြစ်ကာ
မြန်မာသတင်း

အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးကလေးငယ်ဦးရေ ထပ်တိုး

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 20 Views
မေလ (၁၄)ရက်။ ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရတဲ့ ကလေးငယ်တွေထဲက သေဆုံးသူဦးရေ ထပ်တိုးလာခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သေဆုံးဦးရေ ထပ်တိုးတာက ဒဏ်ရာရတဲ့ ကလေးတွေထဲက (၈)နှစ်အရွယ် G-2