နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်အား (၅၀၀)နီးပါးရှိတဲ့ မွန်ပြည်သစ်ပါတီက တပ်ရင်းတစ်ခုလုံး NMSP-AD ထံ ပူးပေါင်း

အောက်တိုဘာလ (၉)ရက်။

အောက်တိုဘာလ (၆)ရက်နေ့က မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA)က တပ်ရင်းတစ်ခုလုံး NMSP-AD ထံ ပူးပေါင်းသွားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ MNLA တပ်ရင်းတွေထဲက ဘုရားသုံးဆူဒေသက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နိုင်ဗွတ်မွန် ဦးစီးတဲ့ အင်အား (၅၀၀)နီးပါးရှိ အမှတ် (၅)တပ်ရင်းတခုလုံးဟာ NMSP-AD ထံ ပူးပေါင်းသွားခဲ့တာလို့ ဆိုပါတယ်။

အခုလို တပ်ရင်းတစ်ခုလုံး လာရောက်ပူးပေါင်းခဲ့တာကို NMSP-AD ဘက်က အတည်ပြုပြောဆိုထားပေမယ့် မိခင်ဗဟိုဌာနချုပ်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP)ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အမှတ် (၅)တပ်ရင်းဟာ ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်း၊ ဗလဲ့ဒွန်းဖိုက်၊ ဟလော့ဟနီစခန်းနဲ့ တားဒိန်စခန်းတို့ကို ထိန်းချုပ်ထားကာ အခုအခါမှာတော့ NMSP-AD ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီလို့ ဒေသတွင်းသတင်းတွေက ပြောဆိုထားကြပါတယ်။

စစ်ကောင်စီကို တော်လှန်ဖို့ အမှတ် (၅)တပ်ရင်းက NMSP-AD နဲ့ ပူးပေါင်းလိုက်တဲ့အပေါ် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက အင်အားတစ်ခုဖြစ်တာကြောင့် ကြိုဆိုတယ်လို့ ထုတ်ပြန်ထားကြပါတယ်။

မွန်ပြည်သစ်ပါတီက ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ NCA လမ်းကြောင်းကို စွန့်လွှတ်ပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့ NMSP-AD(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ကို ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 10 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 12 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်
မြန်မာသတင်း

(၂)လတာထဲ စစ်တပ်ထံက ဖမ်းမိသူ (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 11 Views
ဇန်နဝါရီလ (၁၃)ရက်။ (၂)လတာထဲ စစ်တပ်ထံက ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (၁၆)ဦးနဲ့ အလင်းဝင်သူ (၁၃)ဦးရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေဟာ SAF ရဲ့ စစ်ဆင်ရေးနယ်မြေတခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းမကြတဝိုက်က
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ SAC-M ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 13 Views
ဇန်နဝါရီလ (၁၃)ရက်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကိုယ်ပွားပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အောင်နိုင်ဖို့ အခိုင်အမာ အကွက်ချထားတဲ့ လုပ်ဇာတ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပြည်သူတွေက စစ်အုပ်စုနဲ့ သူ့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 45 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးက ကြိမ်ခါးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တာ” လို့
မြန်မာသတင်း

ယောဒေသစစ်ဆင်ရေးထဲ ပျုစောထီးရွာ (၂)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 39 Views
စစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ဇန်နဝါရီလ (၁၂)ရက်။ ယောဒေသစစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂန့်ဂေါခရိုင်စစ်ဌာနက ယောဒေသစစ်ဆင်ရေးကို ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက်
မြန်မာသတင်း

ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)အပါအဝင် တပ်စခန်းအချို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 32 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၈)နာရီလောက်မှာ စကခ(၁၉)ကို ရှော့တိုက်ဒုံး
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 45 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာကာ