နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

ပြည်တွင်းသတင်း

ပြည်တွင်းသတင်း မြန်မာ့နိုင်ငံရေး

စစ်အာဏာရှင်တွေဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုတဲ့ဆန္ဒမရှိဘူးလို့ KNU ဥက္ကဌပြော

ဇန်နဝါရီလ (၁၀)ရက်။

စစ်အာဏာရှင်တွေဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒမရှိဘူးလို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ကရင်နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်စကားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တွေဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုမှုမရှိတာ၊ သဘောထားဖြောင့်မှန်မှုမရှိတာတွေက နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာဖို့နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းယူမှုဟာ စစ်တပ်က တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်အဖြစ် တည်ထောင်လိုစိတ် လုံးဝမရှိဘူးဆိုတာ ပေါ်လွင်ထင်ရှားစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗမာစစ်တပ်က (၂၀၀၈)ဖွဲ့စည်းပုံက ရေးသားပေးအပ်ထားတဲ့ အခွင့်အာဏာအတိုင်း အာဏာကို ဆက်လက်ကိုင်စွဲထားလိုတာကြောင့်ပဲဖြစ်တယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တော်လှန်ရေး ပိုမိုအားကောင်းလာတာနဲ့အတူ ကရင်လူမျိုးတွေအပါအဝင် တိုင်းရင်းသားလူမျိုးတွေအားလုံး အခုအခြေအနေကို ကြံ့ကြံ့ခံပြီး တော်လှန်ရေးကြီးမှာ အတူတကွ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားပါတယ်။

ကရင်လူမျိုးအားလုံးအနေနဲ့ ကျရာကဏ္ဍမှာ အမျိုးသားရေးအတွက် အောင်မြင်မှုပန်းတိုင် ရောက်ရှိတဲ့အထိ တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ကြဖို့ကိုလည်း KNU ဥက္ကဌက ဆုမွန်းကောင်းတောင်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၂၇)ဦးအထိသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 8 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၂၇)ဦးသေဆုံးခဲ့ပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာ့နိုင်ငံရေး

ကရင်နီ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 10 Views
စက်တင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်မှာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့
ပြည်တွင်းသတင်း

ဆန်ဈေးတင်ရောင်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားကို စစ်ကောင်စီ ထောင်ဒဏ် တစ်နှစ်ချ

  • 2024 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 24 Views
သြဂုတ်လ (၁၂) ရက်။ ဆန်ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီ ကာဆာမတ်ဆု (Hiroshi Kasamatsu) ကို စစ်ကောင်စီက ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ် မိုင်းခွဲခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 38 Views
ဩဂုတ်လ (၈)ရက်။ မနေ့က နံနက် (၇)နာရီခန့်မှာ မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF-South Monywa ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြပုလဲစစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မုံရွာတိုးဂိတ်အနီး လမ်းသွားလမ်းလာပြည်သူတွေကို နေ့တိုင်း
မြန်မာ့နိုင်ငံရေး

နယ်‌စပ်ဒေသတွေထဲ ကျားဖြန့်တွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာတို့ကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 37 Views
ဇူလိုင်လ (၁၀)ရက်။ နယ်စပ်ဒေသတွေထဲ အွန်လိုင်းလိမ်လည်တာတွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ လောင်ကိုင်ဒေသအပါအ၀င် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်တာတွေဟာ ဟိုတယ်တွေ၊ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်ကြတာမို့လို့
မြန်မာ့နိုင်ငံရေး

ရန်ကုန်မှာ ညပိုင်းမီးပျက်တဲ့အချိန် စစ်ကောင်စီက မြို့နယ်အချို့ထဲ ဧည့်စာရင်းစစ်ရှာဖွေတာတွေပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 27 ရက်
  • 63 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းထဲ မီးပြတ်တောက်တဲ့အချိန် စစ်ကောင်စီဘက်က မြို့နယ်အချို့မှာ ဧည့်စာရင်းစစ်ပြီး ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ညက ရန်ကုန်တိုင်းတခုလုံး မီးပြတ်သွားတာ၊ ဘာလို့ပြတ်လဲဆိုတာတော့မသိဘူး၊ အဲ့ဒီမီးပြတ်တဲ့အချိန်
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

စစ်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး တွဲကား(၃)စီးပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 51 Views
ဇွန်လ (၂၁)ရက်။ မနေ့က နံနက်(၁၀)နာရီအချိန်မှာ မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးအဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို တိုက်ခိုက်ခဲ့တယ်လို့ Aera 71 Monywa PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အသုံးအဆောင်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို
မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး ဆွေးနွေးခန်း

  • 2024 ခုနှစ်၊ ဇွန်လ 18 ရက်
  • 56 Views
မြန်မာ့နိုင်ငံရေး ဆွေးနွေးခန်း ဒီအပတ် ခေတ်မျက်လုံးရဲ့ဆွေးနွေးခန်းကို ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်၊ ဘာသာပေါင်းစုံ ကွန်ရက်မှ ဦးထွန်းကြည်နဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဦးမျိုးထိုက်တန်သိန်းတို့က စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ပြောကြားခဲ့တဲ့ မိန့်ခွန်းရဲ့ရှေ့နောက်မညီ ပြောကြားချက်တွေကို ရှင်းလင်းစွာထောက်ပြပြီး ဆွေးနွေးထားကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဘာကြောင့်