နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီဟာ ရခိုင်မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေ

ဖေဖော်ဝါရီလ (၁၀)ရက်။

ရခိုင်ဒေသထဲ စစ်ရေးဗျူဟာအထိနာနေတဲ့ စစ်ကောင်စီက အရပ်သားပြည်သူဆွေကို ပစ်မှတ်ထားကာ ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ စစ်စခန်းတွေကို နေ့စဉ်ရက်ဆက် ဆုံးရှုံးနေရတာကြောင့် အရပ်သားတွေရှိတဲ့ မြို့၊ ရပ်ရွာတွေနဲ့ အဆောက်အအုံတွေကို ပစ်ခတ်မှတ်ထား တိုက်ခိုက်တာနဲ့ မီးရှို့ဖျက်ဆီးနေဆယ်လို့ ဆိုပါတယ်။

ဒါ့ပြင် အပြစ်မဲ့ အရပ်သားပြည်သူတွေကို လုပ်ကြံစွပ်စွဲချက်နဲ့ မတရားဖမ်းဆီးသတ်ဖြတ်တာတွေကို ခပ်စိပ်စိပ် ကျူးလွန်လာကာ နိုင်ငံအနှံ့မှာလဲ စစ်ရာဇ၀တ်မှုတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။

မနေ့က နံနက် (၁၁)နာရီ (၁၁)မိနစ်က စစ်ကောင်စီရဲ့ သိမ်တောင်ကုန်းဘုရားပေါ်မှာ တပ်စွဲထားတဲ့ စခန်းကနေ ရမ်းဗြဲမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီး၀န်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီနေ့ ညနေ (၅)နာရီ (၁၅)မိနစ်ခန့်ကလဲ ကျောက်ဖြူမြို့ထဲကနေ အိမ်စီးကား (၃)စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ဂုံးချွိန်ကျေးရွာက အရပ်သား (၄)ဦးကို လက်နက်အင်အားသုံးပြီး ဖမ်းဆီးသွားတယ်လို့ ပြောဆိုထားပါတယ်။

AA အနေနဲ့ အရပ်သားပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတဲ့ မောင်တောမြို့က စစ်ကောင်စီရဲ့ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

တအာင်းပြည်ထဲ တင်သွင်းလာတဲ့ ပို့ကုန်/သွင်းကုန်တွေအပေါ် TNLA က အခွန်ကင်းလွတ်ခွင့်ပြု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 8 Views
နိုဝင်ဘာလ (၆)ရက်။ တအာင်းပြည်ထဲ တင်သွင်းလာတဲ့ ပို့ကုန်၊ သွင်းကုန် ပစ္စည်းတွေအတွက် PSLF/TNLA က အခွန်ကင်းလွတ်ခွင့်ပြုထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရကာ မီးနေသည်ကလေးမိခင်အပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 19 Views
‌နိုဝင်ဘာလ (၃)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၄)နာရီကျော်အချိန်က နောင်ချိုမြို့ ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၃၈)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၂၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 29 Views
‌နိုဝင်ဘာလ (၂)ရက်။ ဇူလိုင်လကစပြီး အောက်တိုဘာလအထိ ကိုးကန့်ရဲ့ အထူးဒေသ(၁)ထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြိမ်ရေ (၅၀)ကျော်အထိရှိခဲ့တယ်လို့ MNDAA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အထူးဒေသ(၁)ထဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 21 Views
နိုဝင်ဘာလ (၁)ရက်။ ဒီကနေ့ နံနက် (၃)နာရီခွဲဝန်းကျင်မှာ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့မှာ စစ်ကောင်စီရဲ့ နပခ ဒုတိုင်းမှူးနဲ့ အရာရှိအချို့လိုက်ပါတဲ့ ရဟတ်ယာဉ်တစ်စီးကို AA ပစ်ချခဲ့တယ်လို့ သတင်းထွက်ပေါ်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 109 Views
အောက်တိုဘာလ (၃၁)ရက်။ အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လယ် (၃)နာရီခွဲကျော်အချိန်က အမ်းမြို့မှာ စစ်ကောင်စီရဲ့ Mi-17 အမျိုးအစား ရဟတ်ယာဉ်တစ်စီးကို အာရက္ခတပ်တော်(AA)က ပစ်ချခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေအရ သိရပါတယ်။ “ ‌(၂၈)ရက်နေ့ နေ့လယ် (၃)နာရီ (၄၀)မိနစ်က
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ 

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 109 Views
စစ်ကောင်စီဘက်က (၁၀)ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့‌ အောက်တိုဘာလ (၃၀)ရက်။ အောက်တိုဘာလ (၂၈)ရက် နေ့လယ် (၁၂)နာရီခွဲအချိန်က အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲမြို့ အမ်း-ပဒါန်းလမ်းပိုင်းမှာ
1027 Operations မြန်မာသတင်း

လားရှိုးမြို့က လူနေရပ်ကွက်ထဲ စစ်ကောင်စီက ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 19 Views
အောက်တိုဘာလ (၂၉)ရက်။ ဒီကနေ့ လားရှိုးမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၁၂)နာရီလောက်နဲ့ နေ့လယ် (၂)နာရီခွဲလောက်မှာ လားရှိုးက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့အခြေစိုက် နပခဌာနချုပ်ကို AA အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 26 Views
အောက်တိုဘာလ (၂၉)ရက်။ ဒီကနေ့မှာ အမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AA က အပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ မနေ့ အောက်တိုဘာလ (၂၈)ရက်မှာ နပခလက်အောက်ရှိ စစ်ကောင်စီရဲ့ ခမရ (၃၇၁)၊ (၃၇၂)၊ (၃၇၃)အပြင်