နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီဟာ ရခိုင်မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေ

ဖေဖော်ဝါရီလ (၁၀)ရက်။

ရခိုင်ဒေသထဲ စစ်ရေးဗျူဟာအထိနာနေတဲ့ စစ်ကောင်စီက အရပ်သားပြည်သူဆွေကို ပစ်မှတ်ထားကာ ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ စစ်စခန်းတွေကို နေ့စဉ်ရက်ဆက် ဆုံးရှုံးနေရတာကြောင့် အရပ်သားတွေရှိတဲ့ မြို့၊ ရပ်ရွာတွေနဲ့ အဆောက်အအုံတွေကို ပစ်ခတ်မှတ်ထား တိုက်ခိုက်တာနဲ့ မီးရှို့ဖျက်ဆီးနေဆယ်လို့ ဆိုပါတယ်။

ဒါ့ပြင် အပြစ်မဲ့ အရပ်သားပြည်သူတွေကို လုပ်ကြံစွပ်စွဲချက်နဲ့ မတရားဖမ်းဆီးသတ်ဖြတ်တာတွေကို ခပ်စိပ်စိပ် ကျူးလွန်လာကာ နိုင်ငံအနှံ့မှာလဲ စစ်ရာဇ၀တ်မှုတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။

မနေ့က နံနက် (၁၁)နာရီ (၁၁)မိနစ်က စစ်ကောင်စီရဲ့ သိမ်တောင်ကုန်းဘုရားပေါ်မှာ တပ်စွဲထားတဲ့ စခန်းကနေ ရမ်းဗြဲမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီး၀န်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီနေ့ ညနေ (၅)နာရီ (၁၅)မိနစ်ခန့်ကလဲ ကျောက်ဖြူမြို့ထဲကနေ အိမ်စီးကား (၃)စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ဂုံးချွိန်ကျေးရွာက အရပ်သား (၄)ဦးကို လက်နက်အင်အားသုံးပြီး ဖမ်းဆီးသွားတယ်လို့ ပြောဆိုထားပါတယ်။

AA အနေနဲ့ အရပ်သားပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတဲ့ မောင်တောမြို့က စစ်ကောင်စီရဲ့ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

ပြည်သူတွေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ TNLA ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 6 Views
ဒီဇင်ဘာလ (၅)ရက်။ ပြည်သူတွေရဲ့ လုံခြုံမှုမးနဲ့ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်း စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အမြဲကြိုးပမ်းနေတယ်လို့ TNLA ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်ဆီးထိန်းသိမ်းထားတယ်လို့ ACDF ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 8 Views
ဒီဇင်ဘာလ (၄)ရက်။ နပခဌာနချုပ်ရှိတဲ့ အိမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ လိုလားတယ်လို့ MNDAA ထက်မံထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 13 Views
ဒီဇင်ဘာလ (၅)ရက်။ ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ လိုလားတယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ မနေ့က ထပ်မံထုတ်ပြန်ထားချက်အရ သိရပါတယ်။ MNDAA အနေနဲ့ နိုင်ငံသစ်တည်ထောင်တာကို ပြုလုပ်မှာမဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကိုသာ တောင်းဆိုတာဖြစ်ပြီး အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲဖို့ကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။
1027 Operations မြန်မာသတင်း

တအာင်းဒေသထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ (၃၈)ဦးသေဆုံးပြီး (၇၀)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 18 Views
ဒီဇင်ဘာလ (၂)ရက်။ နိုဝင်ဘာလထဲ တအာင်းဒေသကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၃၈)ဦးသေဆုံးခဲ့ပြီး (၇၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တအာင်းဒေသက TNLA ထိန်းချုပ်ထားတဲ့
1027 Operations မြန်မာသတင်း

မူဆယ်မြို့မှာ စစ်ကောင်စီက စက်သုံးဆီနဲ့ စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ပိတ်ပင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 14 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့ကစပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီက ဒေသခံတွေရဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကစပြီး မူဆယ်မှာ စားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူတာကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တောင်ကုတ်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ AA အတည်ပြုထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 19 Views
နိုဝင်ဘာလ (၂၉)ရက်။ နိုဝင်ဘာလ (၂၄)ရက်နေ့က တောင်ကုတ်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ တောင်ကုတ်မြို့ပြင်ရှိ စစ်ကောင်စီစခန်းတွေအပါအဝင် မြို့ထဲက မြို့မရဲစခန်းတို့ကို AA က နိုဝင်ဘာလ (၄)ရက်ကနေ (၂၀)ရက်ထဲ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နပခလက်အောက်ရှိ တစ်မိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 25 Views
စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး (၁၄)ဦး ဖမ်းမိခဲ့တယ်လို့ SAF ထုတ်ပြန် နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၃)ရက်နေ့က အမ်းမြို့အခြေစိုက် နပခဌာနချုပ်လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 72 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၂၅)ရက်နေ့က တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ တောင်ကုတ်မြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ စကခ(၅)လက်အောက်ခံ ခမရ(၃၄၆)နဲ့ ခမရ (၅၄၄)တို့က အလံဖြူထောင် လက်နက်ချအညံ့ခံပြီးနောက် မြို့ကို