ဖေဖော်ဝါရီလ (၁၀)ရက်။
စစ်ကောင်စီတပ်ဖွဲ့၀င်တစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံ အလင်း၀င်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့၀င်ဟာ MA-31 တစ်လက်၊ ကျည်ဘောက် (၃)ဘောက်နဲ့ ကျည် (၂၅၀)နဲ့အတူ အလင်း၀င်လာခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ခဲယမ်းတွေနဲ့ အလင်း၀င်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်ကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အနေနဲ့ ပြည်သူလူထုဘက်ကို ရပ်တည်ပြီး အလင်း၀င်ရောက်လိုတဲ့ စစ်ကောင်စီတပ်သားတွေကို နွေးထွေးလုံခြုံစွာ လက်ခံနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။