နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်ရှိ လှိုင်မြစ်ထဲ ကျောင်းသားတွေပါတဲ့ စက်လှေတိမ်းမှောက်၊ (၈)ဦးပျောက်ဆုံးနေ

ဇူလိုင်လ (၁၀)ရက်။

ဒီကနေ့ နံနက် (၈)နာရီကျော်က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့ရှိ လှိုင်မြစ်ထဲ ကျောင်းသားနဲ့လူအချို့ လိုက်ပါလာတဲ့ စက်လှေတစ်စီး တိမ်းမှောက်ခဲ့တယ်လို့ ပရဟိတအသင်းတွေထံက သိရပါတယ်။

“ ကြည့်မြင်တိုင်တဖက်ကမ်းကနေ ကျောင်းသူ/သားတွေနဲ့ လူအချို့ပါတဲ့ သမ္ဗာန်က တွဲသင်္ဘောနဲ့တိုက်မိပြီး မှောက်သွားတာပါ၊ အဲ့ဒီသမ္ဗာန်မှာ စုစုပေါင်း (၁၆)ယောက်ပါတာ အခု (၈)ဦးပျောက်ဆုံးနေပါတယ်” လို့ ကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းတစ်ခုက ဆိုပါတယ်။

ကျောင်သား၊ ကျောင်းသူနဲ့ လူအချို့အပါအ၀င် စုစုပေါင်း (၁၆)ဦး လိုက်ပါစီးနင်းလာတဲ့ သမ္ဗာန်ဟာ လှိုင်မြစ်ထဲ တွဲသင်္ဘောနဲ့တိုက်မိကာ တိမ်းမှောက်ခဲ့တာကြောင့် ပရဟိတအသင်းတွေနဲ့ မီးသတ်တို့က ကယ်ဆယ်ရေးတွေလုပ်ဆောင်နေပါတယ်။

သမ္ဗာန်တိမ်းမှောက်ခဲ့တဲ့ဖြစ်စဉ်ထဲ ပြန်လည်ဆယ်ယူရရှိခဲ့တဲ့သူတွေကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ကျန်သူတွေကို ဆက်လက်ရှာဖွေနေပြီး (၈)ဦးပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့ကတော့ ကြည့်မြင်တိုင်မြို့၊ ဈေးကလေးရပ်ကွက်က ဗားကရာဆိပ်ကမ်းမှာ သမ္ဗာန်တစ်စီး တိမ်းမှောက်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 14 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့
မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 58 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 48 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ ရုံးပိတ်ရက်အတွက် ယူကရိန်း နှင့် ၃၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ ၎င်းသည်
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 44 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 55 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 50 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 55 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 53 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။