နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန် ဗဟန်းမြို့က စစ်ကောင်စီရဲ့ ယာယီကင်းတစ်ခု ဖောက်ခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီရဲ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

ဇူလိုင်လ (၁၀)ရက်။

ဒီကနေ့ နံနက် (၈)နာရီ (၄၃)မိနစ်အချိန်မှာ ဗဟန်းမြို့နယ်၊ လင့်လမ်းနဲ့ ဓမ္မစေတီလမ်းထောင့်က စစ်ကောင်စီရဲ့ ယာယီကင်းတခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Forces(GHF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီရဲ့ ယာယီကင်းတခုကို God’s Hand Forces(GHF)က ထိရောက်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကာ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့၀င် (၂)ဦး အပြင်းအထန်ထိခိုက်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီယာယီကင်းကို GHF အဖွဲ့က “ M 043 စစ်ဆင်ရေး” ရဲ့ တစိတ်တဒေသအနေနဲ့ တတိယအကြိမ်မြောက် ဖော်ဆောင်ခဲ့ကာ ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

God’s Hand Forces ရဲ့ မြို့ပြမှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လုံး၀အုပ်ချုပ်ခွင့်မရစေဘဲ စစ်ကောင်စီရဲ့ထောက်တိုင်တွေကို ရိုက်ချိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။

အများပြည်သူအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ထောက်တိုင်တွေအပါအ၀င် လုပ်ငန်းဌာနတွေနဲ့ စစ်ကောင်စီရဲ့ အထိုင်ကင်းတွေ၊ လှည့်ကင်းတွေနဲ့ ဝေးရာကနေ ရှောင်ရှားသွားလာကြဖို့ အသိပေး မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 10 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 24 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို
မြန်မာသတင်း

ဖာပွန်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိုးတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 24 Views
မတ်လ (၂၃)ရက်။ ဖာပွန်ခရိုင် လူသောမြိုနယ်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိူးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို Rebel Bees-UAV Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လူ‌သောမြိုနယ်အခြေစိုက် ကော်သွေးကျိုးတပ်စခန်းကို KNLA ဦးဆောင်တဲ့ ဒရုန်းတပ်ဖွဲတွေအပါအဝင်
မြန်မာသတင်း

ဇီးကုန်းမြိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 22 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၈)နာရီခွဲအချိန်က ပဲခူးအနောက်ခြမ်း ဇီးကုန်းမြိုကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးကုန်းကနေ ဆိုင်ကယ် (၁၂)စီးနဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ကို ဘဲအင်းလမ်းဆုံကို
မြန်မာသတင်း

နေပြည်တော်အဝင်ရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 15 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၁)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က နေပြည်တော်အဝင်ရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ်ကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို ဝရဇိန်တပ်ဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေးလမ်းမကြီး နေပြည်တော်အဝင်က စကစရဲ့ အဖွဲစုံစစ်ဆင်ရေး
မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 37 Views
ဒီနေ့ မတ်လ (၂၂)ရက်တနင်္ဂနွေနေ့မှာ “တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”ခေါင်းစဥ်နဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၃၉)မှာ မင်းအောင်လှိုင်က တဖက်မှာ အစိုးရဖွဲပြီး သမတတက်လုပ်တော့မယ်ဆိုပြီး တဆင့်ပြီး တဆင့်သွားနေချိန်မှာ ဒီဖက်မှာကအချင်းချင်းချနေတယ်။ အညာဒေသမှာ အင်အားရှိတဲ့ BNRA ကို NUGရဲ့ PDFတွေနဲ့ ပကဖတပ်ရင်းတွေ
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 38 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကား(၇)စီးနဲ့ တနင်္သာရီကနေ မြိတ်ကို ပြန်ဆန်းလာတဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 35 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column 1 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ယင်းမာပင်က ကျေးရွာတွေမှာ