ဇွန်လ (၃၀)ရက်။
မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး ကျသွားတယ်လို သိရတယ်။ ပြီးတော့ အရပ်သားတဦးလဲ ကျတဲ့အထဲပါတယ်”လို ဆိုပါတယ်။
မုံရွာမြိုနယ်ပလဖစခန်းကို NUG ရဲ့ တပ်ရင်း (၅)ရင်းက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကာ ပလဖတာဝန်ခံ အာကူးအပါအဝင် (၆)ဦး ကျဆုံးခဲ့ရပြီး အဲ့ဒီထဲ အရပ်သားတဦးလဲ ပါဝင်တယ်လို သိရပါတယ်။
အခုလို မြိုနယ်ပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်တာနဲ့ပတ်သက်ပြီး အကြောင်းအရင်း အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒေသထဲသတင်းတွေရဲ့ ဖော်ပြတာတွေထဲမှာတော့ မြိုနယ်ပလဖစခန်းကို ဝင်ရောက်စီးနင်းခဲ့တဲ့ NUG တပ်ရင်းတွေဟာ ခရိုင်တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း (၂၂/၂၃/၂၄/၂၅/၂၈)တိုဖြစ်တယ်လို ဆိုပါတယ်။
ဒါ့အပြင် မုံရွာမြိုနယ်ပလဖတာဝန်ခံ အာကူးနဲ့ NUG တပ်ရင်းတွေအကြား မပြေလည်တာတွေရှိသလို အရပ်သားတွေကို ဖမ်းဆီးပြန်ပေးဆွဲတာတွေ ရှိတယ်လိုလဲ ဒေသခံတွေရဲ့ ပြောဆိုတာတွေအရ သိရပါတယ်။








