ဇန်နဝါရီလ(၁၁)ရက်။
ဟိုပန်နဲ့ ပန်လုံဒေသနှစ်ခုကို “ ၀” ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)က လွှဲပြောင်းလက်ခံတဲ့ အခမ်းအနားတစ်ရပ် ဟိုပန်မြို့တော်ခန်းမမှာ မနေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဒေသနှစ်ခုကို ညီနောင်မဟာမိတ်(၃)ဖွဲ့က ဇန်နဝါရီလ (၅)ရက်နေ့က တိုက်ခိုက်သိမ်းယူလိုက်ပြီးတဲ့နောက်မှာတော့ UWSA ထံ လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲတွေမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်သား (၇၀၀)ခန့်ကို လားရှိုးမြို့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဟိုပန်နဲ့ ပန်လုံဒေသတွေဟာ “ ၀” လူမျိုးတွေပိုင်တာဖြစ်ပြီး (၁၉၉၀)ခုနှစ် ဦးစောမောင်လက်ထက်က UWSA ထံ လွှဲပြောင်းရာမှာ ကျန်ရှိခဲ့တဲ့ မြို့တွေဖြစ်တယ်လို့ Wa Channel က ဖော်ပြထားပါတယ်။
အခု (၃၄)နှစ်အကြာမှာတော့ UWSA လက်ထက် ပထမဆုံး ပြန်လည်ရောက်လာတာဖြစ်ပြီး (၂၀၀၈) ဖွဲ့စည်းပုံအရ ဟိုပန်ဟာ “ ၀” ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ မြို့တော်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။








