နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

“ သမီး ကြောက်တယ်၊ သမီးကို မြန်မြန်လာခေါ်ပေးပါ”

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၉) ရက်ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆွေမျိုးများနဲ့အတူ ကားထဲမှာပါလာတဲ့အသက် (၅) နှစ်အရွယ်တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ပြီး သူ့ကိုလာကယ်ဖို့ အကူအညီတောင်းလာတဲ့ လက်စတိုင်းမိန်းကလေးတစ်ဦးကို ကားထဲတွင်ရှိနေတဲ့ဆွေမျိုးတွေနဲ့အတူ သေဆုံးနေတာကို တွေ့ရှိခဲ့ပြီလို့ သိရပါတယ်။

ပါလက်စတိုင်းလခြမ်းနီအသင်း (PRCS) ရဲ့ အဆိုအရ အဲ့ဒီမိန်းကလေးငယ်ဟာ သူ့ရဲ့ဦးလေး၊ ဦးလေးရဲ့ဇနီး၊ သူတို့ရဲ့ကလေးလေးဦးတို့နဲ့အတူ ကားနဲ့ထွက်ခွာလာစဉ် ပြီးခဲ့တဲ့လ ဇန်နဝါရီလ (၂၉) ရက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

PRCS က ဆိုရှယ်မီဒီယာမှာတင်တဲ့အချိန်က အသံမှတ်တမ်းတွေအရ ပထမဦးဆုံး မိန်းကလေးငယ်ရဲ့ 15 နှစ်အရွယ် ဝမ်းကွဲအမက အကူအညီတောင်းခဲ့ပါတယ်။ ကောင်မလေးက ဖုန်းပြောနေရင်းနဲ့ သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ယူဆရပါတယ်။

သေနတ်သံတွေ ပြင်းပြင်းထန်ထန်ကြားထဲက ဝမ်းကွဲအမက “ ကျမတို့ကားကို ပစ်မှတ်ထားခံနေရတယ်။ ကျမတို့ကားဘေးမှာ တင့်ကားတစ်စီးရှိတယ်´´ လို့ ပြောကြားနေပြီးနောက် သေနတ်သံတွေ ကြားနေရပြီး ရပ်တန့်သွားခဲ့တဲ့အခါ မိန်းကလေးရဲ့အသံလည်း ရပ်သွားခဲ့ပါတယ်။ အရေးပေါ် ဝန်ထမ်းတွေက ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့် တုံ့ပြန်မှု မရှိတော့ပါဘူး။

အဲ့ဒီနောက်မှာ တစ်ဦးတည်းအသက်ရှင်ကျန်ရစ်သော မိန်းကလေးငယ်ဟာ ကားအတွင်းကနေ ဖုန်းနဲ့ သူ့ကိုလာကယ်ဖို့ “ သမီး ကြောက်တယ်၊ သမီးကို မြန်မြန်လာခေါ်ပေးပါ” ဆိုပြီး အပြင်းအထန် တောင်းပန်ခဲ့ပါတယ်။ ဦးလေးရဲ့ မိသားစုဝင်တွေအားလုံးက အိပ်ပျော်နေတယ်လို့ ပြောပါတယ်။

PRCS က မိန်းကလေးငယ်ကို ကယ်ဆယ်ဖို့ လိုက်ပါသွားတဲ့ ဆေးမှူးဝန်ထမ်းနှစ်ဦးလည်း အဲ့ဒီနောက်ပိုင်း အဆက်အသွယ် ပြတ်သွားပြီး နောက်ပိုင်း သေဆုံးခဲ့ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားရာကို လူနာတင်ယာဉ် စေလွှတ်ဖို့ ကြိုတင်ခွင့်ပြုချက် ရရှိခဲ့ပေမယ့် အဲ့ဒီ လူနာတင်ယာဉ်ကိုလည်း အစ္စရေးစစ်တပ်က ပစ်ခတ်ခဲ့ပါတယ်။

မိန်းကလေးငယ်ရဲ့အဘိုးနဲ့ စကားပြောခဲ့တဲ့ ပါလက်စတိုင်း သတင်းထောက်တစ်ဦးရဲ့ ပြောကြားချက်အရ မိသားစုတွေရဲ့အလောင်းတွေကို ဂါဇာမြို့အနောက်တောင်ပိုင်း Tal al-Hawa ရှိ ဓာတ်ဆီဆိုင်အနီးမှာ အခင်းဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာတွင် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က CNN နဲ့ အင်တာဗျူးမှာ မိန်းကလေးရဲ့ မိခင်က “ သမီးလေး အိမ်ပြန်လာဖို့ စောင့်နေတယ်´´ လို့ ပြောပါတယ်။ သမီးလေးရဲ့ အိပ်မက်က ဆရာဝန်ဖြစ်ဖို့လို့လည်း ပြောခဲ့ပါတယ်။

PRCS က ပေးအပ်တဲ့ တည်နေရာအချက်အလက်နဲ့ အခြားအသေးစိတ်အချက်အလက်တွေကို အစ္စရေးစစ်တပ်ကို CNN က ရှင်းပြခဲ့ပေမယ့် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ မသိရှိကြောင်း အစ္စရေးစစ်တပ်က တုံ့ပြန်ခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းကလေးငယ်တစ်ဦးနှင့် ၎င်း၏ဆွေမျိုးသားချင်းများ၏ အလောင်းများကို ယာဉ်အတွင်း၌ တွေ့ရှိခဲ့သည်။/Palestine Red Crescent Society

Source/Photo: CNN, Al jazeera

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ