နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

“သမီး ကြောက်တယ်၊ သမီးကို မြန်မြန်လာခေါ်ပေးပါ”

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၉) ရက်ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆွေမျိုးများနဲ့အတူ ကားထဲမှာပါလာတဲ့အသက် (၅) နှစ်အရွယ်တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ပြီး သူ့ကိုလာကယ်ဖို့ အကူအညီတောင်းလာတဲ့ လက်စတိုင်းမိန်းကလေးတစ်ဦးကို ကားထဲတွင်ရှိနေတဲ့ဆွေမျိုးတွေနဲ့အတူ သေဆုံးနေတာကို တွေ့ရှိခဲ့ပြီလို့ သိရပါတယ်။

ပါလက်စတိုင်းလခြမ်းနီအသင်း (PRCS) ရဲ့ အဆိုအရ အဲ့ဒီမိန်းကလေးငယ်ဟာ သူ့ရဲ့ဦးလေး၊ ဦးလေးရဲ့ဇနီး၊ သူတို့ရဲ့ကလေးလေးဦးတို့နဲ့အတူ ကားနဲ့ထွက်ခွာလာစဉ် ပြီးခဲ့တဲ့လ ဇန်နဝါရီလ (၂၉) ရက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

PRCS က ဆိုရှယ်မီဒီယာမှာတင်တဲ့အချိန်က အသံမှတ်တမ်းတွေအရ ပထမဦးဆုံး မိန်းကလေးငယ်ရဲ့ 15 နှစ်အရွယ် ဝမ်းကွဲအမက အကူအညီတောင်းခဲ့ပါတယ်။ ကောင်မလေးက ဖုန်းပြောနေရင်းနဲ့ သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ယူဆရပါတယ်။

သေနတ်သံတွေ ပြင်းပြင်းထန်ထန်ကြားထဲက ဝမ်းကွဲအမက “ကျမတို့ကားကို ပစ်မှတ်ထားခံနေရတယ်။ ကျမတို့ကားဘေးမှာ တင့်ကားတစ်စီးရှိတယ်´´ လို့ ပြောကြားနေပြီးနောက် သေနတ်သံတွေ ကြားနေရပြီး ရပ်တန့်သွားခဲ့တဲ့အခါ မိန်းကလေးရဲ့အသံလည်း ရပ်သွားခဲ့ပါတယ်။ အရေးပေါ် ဝန်ထမ်းတွေက ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့် တုံ့ပြန်မှု မရှိတော့ပါဘူး။

အဲ့ဒီနောက်မှာ တစ်ဦးတည်းအသက်ရှင်ကျန်ရစ်သော မိန်းကလေးငယ်ဟာ ကားအတွင်းကနေ ဖုန်းနဲ့ သူ့ကိုလာကယ်ဖို့ “သမီး ကြောက်တယ်၊ သမီးကို မြန်မြန်လာခေါ်ပေးပါ” ဆိုပြီး အပြင်းအထန် တောင်းပန်ခဲ့ပါတယ်။ ဦးလေးရဲ့ မိသားစုဝင်တွေအားလုံးက အိပ်ပျော်နေတယ်လို့ ပြောပါတယ်။

PRCS က မိန်းကလေးငယ်ကို ကယ်ဆယ်ဖို့ လိုက်ပါသွားတဲ့ ဆေးမှူးဝန်ထမ်းနှစ်ဦးလည်း အဲ့ဒီနောက်ပိုင်း အဆက်အသွယ် ပြတ်သွားပြီး နောက်ပိုင်း သေဆုံးခဲ့ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားရာကို လူနာတင်ယာဉ် စေလွှတ်ဖို့ ကြိုတင်ခွင့်ပြုချက် ရရှိခဲ့ပေမယ့် အဲ့ဒီ လူနာတင်ယာဉ်ကိုလည်း အစ္စရေးစစ်တပ်က ပစ်ခတ်ခဲ့ပါတယ်။

မိန်းကလေးငယ်ရဲ့အဘိုးနဲ့ စကားပြောခဲ့တဲ့ ပါလက်စတိုင်း သတင်းထောက်တစ်ဦးရဲ့ ပြောကြားချက်အရ မိသားစုတွေရဲ့အလောင်းတွေကို ဂါဇာမြို့အနောက်တောင်ပိုင်း Tal al-Hawa ရှိ ဓာတ်ဆီဆိုင်အနီးမှာ အခင်းဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာတွင် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က CNN နဲ့ အင်တာဗျူးမှာ မိန်းကလေးရဲ့ မိခင်က “သမီးလေး အိမ်ပြန်လာဖို့ စောင့်နေတယ်´´ လို့ ပြောပါတယ်။ သမီးလေးရဲ့ အိပ်မက်က ဆရာဝန်ဖြစ်ဖို့လို့လည်း ပြောခဲ့ပါတယ်။

PRCS က ပေးအပ်တဲ့ တည်နေရာအချက်အလက်နဲ့ အခြားအသေးစိတ်အချက်အလက်တွေကို အစ္စရေးစစ်တပ်ကို CNN က ရှင်းပြခဲ့ပေမယ့် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ မသိရှိကြောင်း အစ္စရေးစစ်တပ်က တုံ့ပြန်ခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းကလေးငယ်တစ်ဦးနှင့် ၎င်း၏ဆွေမျိုးသားချင်းများ၏ အလောင်းများကို ယာဉ်အတွင်း၌ တွေ့ရှိခဲ့သည်။/Palestine Red Crescent Society

Source/Photo: CNN, Al jazeera

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 73 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက