နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မီးရှို့မှုနှင့် ဗုံးဖောက်ခွဲရန် ကြံစည်မှုတို့ဖြင့် နေတိုးအဖွဲ့ဝင်များအပေါ် ရုရှား၏ ‘အရိပ်စစ်ပွဲ’ မည်ကဲ့သို့ ကြီးထွားလာနေခဲ့သနည်း?

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရုရှားက ဆင်နွဲနေသည့် အရိပ်စစ်ပွဲတွင် ယူကရိန်းအတွက် လက်နက်များ ထားသည့် ဂိုဒေါင်များ မီးရှိုခံရမှု။

နေတိုးက ယူကရိန်းတပ်တွေကို လေ့ကျင့်ပေးနေသည်ကို ရိုက်ကူးရယူသည့် ထောက်လှမ်းရေး ကင်မရာများ တပ်ဆင်မှု။

ဝန်ကြီးဌာနဆိုင်ရာ ကားများကို ခိုးယူ ဖျက်ဆီးခြင်းနှင့် သိသာထင်ရှားသည့် မအောင်မြင်သော ဗုံးခွဲရန် ကြံစည်မှုတို့ ပါဝင်သည်။

ရုရှားသည် နေတိုးအဖွဲ့ဝင်နိုင်ငံများအတွင်း ခြောက်လကျော်ကြာ အဖျက်အမှောင့် လုပ်ငန်းများတွင် “ရဲရဲတင်းတင်း” ပါဝင်ခဲ့ပြီး ယူကရိန်းအတွက် လက်နက်ထောက်ပံ့ရေးလမ်းကြောင်းများနှင့် ၎င်း၏နောက်ကွယ်မှ ဆုံးဖြတ်ချက်ချမှတ် လုပ်ဆောင်နေသူများကို ပစ်မှတ်ထားခဲ့ကြောင်း နေတိုးအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဥရောပတစ်ဝှမ်းရှိ လုံခြုံရေးအရာရှိအများအပြားက ရုရှားအေးဂျင့်များအဖြစ် ပျံ့နှံ့လာနေသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ဖော်ပြကြပြီး လုံခြုံရေးဝန်ဆောင်မှုများဖြင့် ၎င်းတို့၏လုပ်ငန်းဆောင်ရွက်မှုများ ပိုများလာကာ အန္တရာယ်များသော ရာဇဝတ်မှုများပြုလုပ်ရန် ဒေသခံအရပ်သားကို ငှားရမ်းကာ ၎င်းတို့၏ကိုယ်စား ပြုလုပ်ခိုင်းသည်။

ယူကရိန်းအတွက် ရည်ရွယ်သော နေတိုးလက်နက် ထောက်ပံ့ရေးလိုင်းတွင် “ရုပ်ပိုင်းဆိုင်ရာ ဖျက်စီးမှု” အပါအဝင် ရုရှား၏ မျိုးစပ်စစ်ပွဲကို လွန်ခဲ့သည့် ခြောက်လအတွင်း “မကြုံစဖူး တိုးမြင့်လာမှုနှင့် ပျံ့နှံ့မှု”ကို သတိပြုမိခဲ့ကြောင်း နေတိုးအရာရှိက ပြောကြားခဲ့သည်။

“ ဒါဟာ ထုတ်လုပ်မှုနဲ့ မူလအစကနေ၊ သိုလှောင်မှု၊ ဆုံးဖြတ်ချက်ချသူတွေအထိ၊ အမှန်တကယ် ပေးပို့မှုအထိ အရာအားလုံးပါပဲ” ဟု NATO အကြီးတန်းအရာရှိက ပြောကြားခဲ့သည်။ “ဒါဟာဗြောင်ကျကျ ရုရှားက (ကျွန်တော်တို့ရဲ့) မဟာမိတ်တွေကို ခြိမ်းခြောက်ရန် ကြိုးပမ်းနေတာ ဖြစ်တယ်။” ဟု သူက ပြောခဲ့သည်။

ရုရှားသည် ထိုပြောဆိုချက်များအား အခြေအမြစ်မရှိဟု ဆိုထားသော်လည်း အင်္ဂါနေ့က စတင်သည့် ဝါရှင်တန်ဒီစီတွင် ကျင်းပသည့် NATO ၇၅ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး၏ အစီအစဉ်တွင် ရုရှား၏ အဖျက်အမှောင့် လုပ်ဆောင်ချက်များနှင့် စစ်ပွဲအခြေအနေတို့အကြောင်း ပါဝင်မည်ဖြစ်သည်။

သုတေသီများက ကရင်မလင်၏ အသစ်ဆင်နွဲလာသော “ အရိပ်စစ်ပွဲ” ကို အဖွဲ့ဝင်နိုင်ငံများက လူသိရှင်ကြား ဒေါသထွက်ကြကြောင်း ထုတ်ဖော်ပြောဆိုကြမည်ကို မသေချာမရေရာ သေးသော်လည်း သူတို့အနေနှင့်မော်စကို၏ ဝါဒဖြန့်ချီလုပ်ဆောင်မှု အောင်မြင်နေကြောင်း ထုတ်ဖော်ပြောရန် တွန့်ဆုတ် နေကောင်း နေမည် သို့မဟုတ် ဥရောပတလွှား လုံခြုံရေးကျိုးပေါက်မှု အဆက်မပြတ် ဖြစ်လာနေခြင်းကို သတိပေးနိုင်မည် ဖြစ်သည်။

မကြာသေးမီက ထင်ရှားကျော်ကြားသော ဖမ်းဆီးမှုများသည် ကရင်မလင်၏ ထောက်လှမ်းရေးသမားများသည် ယူကရိန်းစစ်ပွဲစတင်ချိန်မှစ၍ အော်ပရေးရှင်းကို မည်မျှ ရော့တိရော့ရဲ ဖြစ်ပြီး မသေမသပ်နိုင်လှသည့် အခြေအနေကို ထုတ်ဖော်ပြသခဲ့သည်။

ပြီးခဲ့သည့်နှစ်က ရုရှားထောက်လှမ်းရေးအတွက် အလုပ်လုပ်သည်ဟု သံသယဖြင့် ပိုလန်တွင် ယူကရိန်းနိုင်ငံသား ၁၄ ဦးနှင့် ဘီလာရုနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရသည်။

ပိုလန်ကိုယ်ရေးကိုယ်တာလုံခြုံရေး ဥပဒေအရ ယူကရိန်းနိုင်ငံသားတစ်ဦး၏အမည်ကို မက်ဇင်အယ် (Maxim L), ၂၄ နှစ်ဟုသာ ဖော်ပြခဲ့ပြီး သူက ရုရှားလူမျိုး အန်ဇေ (Andrzej) ထံမှ ဖေဖော်ဝါရီလ ၂၀၂၃ ခုနှစ်တွင် လူကိုယ်တိုင်မတွေ့ရဘဲ တယ်လီဂရမ်မှတဆင့် သီတင်းပတ်ခြောက်ပတ်ကြာ အလုပ်များ လက်ခံရရှိကာ အလုပ် လုပ်ပေးပြီးနောက် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံခဲ့ရသည်။

အန်ဇေသည် ပိုလန်တစ်ဝိုက်တွင် စစ်ဆန့်ကျင်ရေး ဂရပ်ဖစ်တီစာများကို ဆေးပက်ဖြန်း ရေးတားရန်အတွက် ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ၇ ဒေါ်လာ ပေးခဲ့သည်ဟု မက်ဇင်က ဆိုသည်။

သို့သော် မကြာမီ အလုပ်များသည် ပို၍အန္တရာယ်ရှိလာခဲ့သည်။ ‘လွယ်လွယ်နဲ့ရတဲ့ငွေပေါ့… သိပ်အရေးမကြီးသလိုပါပဲ’ ဟု လူဘလင် (Lublin) အကျဉ်းထောင်၏ လုံခြုံမှုတင်းကြပ်ထားသည့် အခန်းတခုတွင် မက်ဇင် (Maxim) နှင့် ရှားရှားပါးပါး တွေ့ဆုံမေးမြန်းခန်းခွင့်ကို CNN ရရှိခဲ့သည်။ သူက အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်းရဲမွဲတေမှု၊ စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေတို့မှ လွတ်မြောက်ရန် ကြိုးပမ်းသည့်အနေနှင့် ယူကရိန်းမှ ပိုလန်သို့သူ ထွက်ပြေးခဲ့ကြောင်း မက်ဇင်က ပြောကြားခဲ့သည်။ အန်ဇေကမ်းလှမ်းတဲ့အလုပ်နဲ့ပတ်သက်ပြီး “ဒါက လွယ်လွယ်နဲ့ရတဲ့ပိုက်ဆံပါ” “ ကျွန်တော် ပိုက်ဆံ အရမ်းလိုနေတယ်” ဟု သူက ပြောပြသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားကျူးကျော်မှုအပြီး ယူကရိန်းနိုင်ငံအတွက် တိုက်ပွဲဝင်ရန် သူ့တွင် တာဝန်မရှိဟု သူက ပြောကြားခဲ့သည်။ “အဲဒီနိုင်ငံဟာ ကျွန်တော့်အတွက် ဘယ်တုန်းကမှ ဘာမှမလုပ်ပေးခဲ့ဘူးပါဘူး” ဟု ပြောကြားခဲ့သည်။ “ နိုင်ငံတစ်နိုင်ငံမှာ မွေးဖွားလာတဲ့အတွက် အဲ့ဒီနိုင်ငံအတွက် စစ်တိုက်ရမယ်ဆိုတာ ကျွန်တော် မယုံဘူး။ ကျွန်တော့်ကို အထင်မလွဲပါနဲ့။ ကျွန်တော်သဟာ ရုရှားလိုလားသူ မဟုတ်သလို ယူကရိန်း လိုလားသူလည်း မဟုတ်ပါဘူး။ ကျွန်တော်ဘယ်သုဘက်ကိုမှ မပါဘူး” ဟု ဆိုသည်။

အန်ဇေသည် မကြာမီတွင် ယူကရိန်းသို့ စစ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်မည့် နယ်စပ်မြို့ Medyka အနီး မီးရထားသံလမ်းတစ်လျှောက် စောင့်ကြည့်ကင်မရာများ မည်သည့်နေရာတွင် စိုက်သင့်သည်ကို မက်ဇင်က တည်နေရာ pin များကို စတင်ပေးပို့ခဲ့သည်။ “တကယ့်ကို ထိခိုက်စေနိုင်မယ်လို့ မထင်ခဲ့ဘူး။ သိပ်အရေးမပါသလိုပါပဲ” ဟု ၎င်းက ဆိုသည်။

အန်ဇေသည် ပိုလန်နိုင်ငံ အရှေ့ပိုင်း ဘီယာဝါ ပိုလတ်စကာ (Biala Podlaska) မြို့ရှိ ယူကရိန်းပိုင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခု၏ ခြံစည်းရိုးကို မီးရှို့ရန် ခိုင်းစေခဲ့ပြီး မက်ဇင်က ခြံစည်းရိုးပုံစံကို အတုဖန်တီးကာ ဓာတ်ပုံအတုအယောင် ဖန်တီးပြီး ကျောက်မီးသွေးတုံးများဖြင့် မီးလောင်ပျက်စီးသွားကြောင်း ဓာတ်ပုံရိုက်ယူပြီး ပေးပို့ခဲ့သည်။

အန်ဇေသည် ရုရှားအေးဂျင့်တစ်ဦးဖြစ်ကြောင်း မင်ဇင်၏ နှေးကွေးစွာ နားလည်သဘောပေါက်မှုမှာ ပိုလန်စစ်သားများ လေ့ကျင့်ရေးစခန်းအပြင်ဘက်တွင် ကင်မရာများ တပ်ထားရန် အမိန့်ပေးခဲ့သည့်အချိန်တွင် ဖြစ်သည်ဟု ဆိုသည်။ “အဲဒီအခါ ဒါဟာ ပေါ့ပေါ့ဆဆ ကိစ္စမဟုတ်တော့ဘူးတာ ငါသိတယ်” ဟု ၎င်းက ဆိုသည်။ “အဲဒါက ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်စေတယ်။ အဲဒါကြောင့် ကျွန်တော် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် အခွင့်အရေး မရခဲ့ပါဘူး။ နောက်နေ့ မှာအဖမ်းခံလိုက်ရတယ်” ဟု သူက ပြောပြသည်။

ပိုလန်ပြည်တွင်းလုံခြုံရေးအေးဂျင့်က မက်ဇင်ကို ရက်သတ္တပတ်ကြာ စောင့်ကြည့်ပြီးနောက်၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့တွင် မက်ဇင်သည် ၎င်း၏ အော်ပရေးရှင်းတစ်ခုတွင် ဓါတ်ဆီဆိုင်၏ ဖြတ်ပိုင်းစာရွက် မတော်တဆ ကျကျန်သွားခြင်းမှစတင်၍ သဲလွန်စရရှိခြင်း ဖြစ်သည်ဟု ပိုလန်အရာရှိတစ်ဦးက ဆိုသည်။ အခြားဖမ်းဆီးမှု အများအပြားသည် ၎င်းနောက်ပိုင်းတွင် ဖြစ်လာခဲ့သည်။ မကြာသေးမီအချိန်က ပိုလန်တွင် ရုရှားသူလျှိုစစ်ဆင်ရေးအဖြစ် လူသိများပြီး မော်စကို၏ စိမ့်ဝင်မှု အတိုင်းအတာနှင့် ပတ်သက်၍ ဝါဆောတွင် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ဝက်ဂနာအဖွဲ့သို့ ဝင်ရန်စည်းရုံးမှု သံသယဖြင့် ရုရှားနိုင်ငံသားနှစ်ဦးကို ပြီးခဲ့သည့် သြဂုတ်လတွင် ထိန်းသိမ်းခံခဲ့ပြီး ပိုလန်အမျိုးသားတစ်ဦးနှင့် ဘီလာရုနိုင်ငံသားနှစ်ဦးတို့ကို မီးရှို့မှု စွပ်စွဲချက်ဖြင့် ယခုမေလတွင် ဖမ်းဆီးခဲ့သည်။

နောက်ထပ် ပိုလန်အမျိုးသားတစ်ဦးသည် ခဲယမ်းများ လက်ဝယ်ထားရှိမှုနှင့် နေတိုး၏ လက်နက်ခဲယမ်းများကို ကိ့ဗ်သို့ တင်ပို့ရာ အချက်အချာကြသည့် ဂျက်ဇောဖ် ရာရွှန်နာကာ (Rzeszow Jasionka) လေဆိပ်ကို စောင့်ကြည့်သတင်းပေးပို့မှု၊ ထိုလေဆိပ်ကို မကြာခဏအသုံးပြုနေသည့် သမတဗလာဒီမာဇလန်းစကီးအား လုပ်ကြံရန် သံသယတို့ဖြင့် ၂၀၂၄ ခုနှစ် ဧပြီလတွင် ဖမ်းဆီးခံခဲ့ရသည်။

ပိုလန်တွင် ပေါ်ပေါက်လာသော အစီအမံများကို ဥရောပတစ်ဝှမ်းရှိ အဖြစ်အပျက်များနှင့် ဆက်စပ်လေ့လာသောအခါ မော်စကို စစ်ဆင်ရေးများ၏ ကျယ်ပြန့်လှသော ရည်မှန်းချက်ကို ဖော်ညွှန်းထားသည့်ပုံ ပေါ်လွင်လာခဲ့သည်။

မေလတွင် ပိုလန်နိုင်ငံ၏ အကြီးဆုံးဈေးဝယ်စင်တာကို မီးရှို့တိုက်ခိုက်မှုနောက်ကွယ်တွင် ရုရှားက လုပ်တာ ဖြစ်နိုင်တယ်” ဟု ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ် (Donald Tusk) က ပြောကြားပြီး ဇွန်လတွင် မြို့တော်တောင်ပိုင်းရှိ ခဲယမ်းစက်ရုံတွင် နောက်ထပ် မီးလောင်မှုနှင့် ပတ်သက်၍ သံသယဖြစ်စရာများ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ရထားလမ်းများ ဖောက်ထွင်းခံရမှုနှင့် နှောင့်ယှက်မှုတွင် ရုရှားပါဝင်ပတ်သက်မှုနှင့်ပတ်သက်၍ ချက်အရာရှိများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ဘာလင်မြို့အပြင်ဘက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စက်ရုံတစ်ခုအတွက် သံသယဖြစ်ဖွယ် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပါရီချားလ်စ်ဒီဂေါလေဆိပ်အနီးတွင် လက်လုပ်ဗုံးဖြင့် မိမိကိုယ်ကို ဖောက်ခွဲရန်ကြိုးစားသည့် အသက် ၂၆ နှစ်အရွယ် ရုရှားလိုလားသော ယူကရိန်းနိုင်ငံသားတစ်ဦးကို ဖမ်းမိခဲ့သည်။

မတ်လက လန်ဒန်အရှေ့ပိုင်းတွင် ဂိုဒေါင်မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦးကို လန်ဒန်မြို့တော်ရဲဌာနက မီးရှို့မှုနှင့် ရုရှားနိုင်ငံခြား ထောက်လှမ်းရေးဌာနကို ကူညီဆောင်ရွက်ပေးမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။

ဤအဖြစ်အပျက်များအားလုံးသည် ရုရှားထောက်လှမ်းရေးပါဝင်မှုနှင့် ပတ်သက်၍ အတိအကျ ဆက်စပ်မှုမရှိသေးသော်လည်း ၎င်းတို့သည် သာမန်အပျော်တမ်းအရပ်သားများကို လုပ်ဆောင်စေခြင်း သို့မဟုတ် ရာဇဝတ်မှုအသေးအမွှားလောက်သာ လုပ်ဆောင်စေပြီး လူများကို ကြောက်ရွံ့စေမှု သို့မဟုတ် အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်ချက်ထားရှိပုံရသည်။

‘အလွန်အန္တရာယ်များသည့် ကစားပွဲ’

++++++++++++++++++++

နေတိုးအဖွဲ့ အကြီးတန်းအရာရှိကြီးက နေတိုးနိုင်ငံများအပေါ် ရုရှား၏အဖျက်အမှောင့်လုပ်ငန်းသည် အကယ်၍ (ရုရှားက ယုံကြည်ပါက) အဆိုပါအရာများသည် လက်နက်ကိုင် ပဋိပက္ခ၏ ဘောင်အောက်၌ အမြဲရှိနေပါက၊ နေတိုးမဟာမိတ်အဖွဲ့ဝင်တစ်ဦးကို တိုက်ခိုက်လာပါက နေတိုးကို တိုက်ခိုက်မှုအဖြစ် မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသည့် နေတိုး၏ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်ကို မသက်ရောက်စေနိုင်ဆိုသည်ကို ရှောင်ရှားပြီး ရုရှားက ကစားနေခြင်းသည် အလွန်အန္တရာယ်များသော ကစားပွဲဖြစ်သည်ဟု ဆိုသည်။

“အဲဒီစည်းမကျော်ဖို့လိုင်းက ဘယ်မှာရှိတယ်ဆိုတာ ရှာရတာ ခက်ခဲပြီး အန္တရာယ်ရှိတဲ့ တွက်ချက်မှုတစ်ခုပါပဲ” ဟု အရာရှိက ပြောကြားခဲ့သည်။

ရုရှားသည် စစ်ရေးမကျတကျ စစ်ဆင်ရေး၏ “အတိုင်းအတာအားလုံးကိုအပြည့်အဝ” ကို အသုံးပြုနေကြောင်း အရာရှိက ပြောကြားခဲ့သည်။

“ဥရောပမှာ အဆင့်မြင့် စစ်ဆင်ရေးတွေကနေ ထောက်လှမ်းရေး လုပ်ဆောင်ချက်တချို့အတွက် ယူရို ၄၀၀,၀၀၀ (ဒေါ်လာ ၄၃၃,၀၀၀) ပေးချေတာကို တွေ့ခဲ့ရပြီး တချို့နေရာတွေမှာ လူရမ်းကားတွေကို ယူရိုနှစ်ထောင်နဲ့ ငှားရမ်းထားတာတွေအထိ ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။”

အချို့နေရာတို့တွင် အလားတူခြိမ်းခြောက်မှု ကြီးထွားလာခဲ့သည် အက်စ်တိုးနီးယားရှိ နေတိုးနှင့် ရုရှားနယ်စပ်တွင် ပြည်ထဲရေးဝန်ကြီး၏ကားကို ဖျက်ဆီးခံရပြီးနောက် ဖေဖော်ဝါရီလအတွင်းက သံသယရှိသူ ရုရှားအေးဂျင့် ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါဖြစ်ရပ်သည် ရုရှားစကားပြောသူ ၁.၃ သန်းရှိပြီး နိုင်ငံ၏ငါးပုံတစ်ပုံခန့်သည် အက်စ်တိုးနီးယားတွင် နေထိုင်ကြသည်။

၎င်း၏သေးငယ်သော နေတိုးအိမ်နီးချင်းကို မတည်မငြိမ် ဖြစ်စေရန်အတွက် မော်စကိုမှ နှစ်ရှည်လများ စည်းရုံးလှုံ့ဆော်မှုတစ်ခုဖြစ်သည်ဟု အက်စ်တိုးနီးယားတာဝန်ရှိသူများက ပြောဆိုခဲ့သည့် ထင်ရှားသည့် အကြောင်းအရာတစ်ခု ဖြစ်သည်။

မကြာသေးမီလများအတွင်း အရပ်ဘက်လေယာဉ်များ ဆင်းသက်ခြင်းကို အဟန့်အတားဖြစ်စေသည့် GPS ပိတ်ဆို့ခြင်းများကို မြင်တွေ့ရပြီး ရုရှားနှင့် အက်စ်တိုးနီးယားနယ်စပ်၏ တစ်စိတ်တစ်ပိုင်းကို အမှတ်အသားပြုထားသည့် ရေကြောင်းနယ်နိမိတ် တားထားသည့်ဗော့များ ပျောက်ဆုံးသွားခဲ့ပြီး ရုရှားမှရေကြောင်းပိုင်ဆိုင်မှုကို ပြန်လည်တိုင်းတာရန် ဆန်းစစ်ရန် မော်စကိုမှ ခေါ်ဆိုပြောကြားခဲ့သည်။ အက်စ်တိုးနီးယား ပြည်တွင်းလုံခြုံရေးဝန်ဆောင်မှု၊ KAPO ၏ပြောရေးဆိုခွင့်ရှိသူ Harrys Puusepp က မကြာသေးမီလများအတွင်း ရုရှားလှုပ်ရှားမှုများ အရှိန်မြှင့်လာခဲ့ကြောင်း CNN သို့ ပြောကြားခဲ့သည်။ “ပြီးခဲ့တဲ့ ဆောင်းဦးရာသီမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေ သိသိသာသာ မြင့်တက်လာတာကို တွေ့ခဲ့ရပြီး ဆောင်းရာသီမှာ သံသယရှိသူ (၁၀) ဦးကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အက်စ်တိုးနီးယားလုံခြုံရေးကို ဆန့်ကျင်တဲ့ သူတို့ရဲ့ ပေါင်းစပ်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြသူ အရေအတွက်ဟာ အရင်က မတွေ့ကြုံဖူးတဲ့ အရေအတွက်မျိုး ဖြစ်ပါတယ်။” ဟု ပြောပြခဲ့သည်။

စစ်ဆင်ရေးများသည် “ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများဆီသို့” ရွေ့လျားနေပြီး ယူကရိန်းစစ်ပွဲသည် စစ်ဆင်ရေးများမှ ဘောလ်တစ်ဒေသများသို့ ပြန်လည်တပ်ဖြန့်ချထားပါက စစ်ဆင်ရေးများသည် လာမည့်လများအတွင်း ပိုမိုပြင်းထန်သော ရုရှားနည်းဗျူဟာများဆီသို့ ဦးတည်သွားနိုင်ကြောင်း ပြောကြားထားသည်။

“ကျနော်တို့က အရှိတရားကို လက်ခံမယ်။ ရုရှားက ယူကရိန်းကို စစ်တိုက်ဖို့ အရင်းအမြစ်တွေ လုံလောက်စွာ ရှိပြီး ဥရောပနိုင်ငံတွေကို လုံခြုံရေး စစ်ဆင်ရေးတွေကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ပါတယ်။ ယူကရိန်းကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ ပါဝင်ကြသူတွေ ရှိပြီး အဲဒီနောက် တခြားဒေသ ဒါမှမဟုတ် နယ်မြေတချို့ကို လှည့်ပတ်သွားကြပါတယ်။ သူတို့မှာ အတွေ့အကြုံ ပိုရှိတယ်။ သူတို့ရဲ့ စိတ်ဓာတ်က ပိုကြမ်းတယ်။ ရလဒ်တွေ ရဖို့အတွက် သူတို့ သိပ်သည်းမခံနိုင်တော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 15 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 30 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 46 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN