စက်တင်ဘာလ (၁၁)ရက်။
စက်တသ်ဘာလ (၉)ရက်နဲ့ (၁၀)ရက်တို့မှာ မြင်းခြံမြို့နယ်မြောက်ဘက်ရှိ Myingyan Black Tiger(MBT)ရဲ့ စစ်ကြောင်း (၁)နယ်မြေထဲ စစ်ကောင်စီတပ်တွေက လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မြင်းခြံမြို့မြောက်ဘက်ခြမ်းက MBT စစ်ကြောင်း (၁)နယ်မြေထဲ စကစတပ်က (၉)ရက်နေ့ ည (၁၁)နာရီနဲ့ (၁၀)ရက်နေ့ နံနက် (၇)၀န်းကျင်မှာ ၀င်ရောက်ချဉ်းကပ်ပြီး အလစ်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
အလစ်၀င်ရောက်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်တွေကို MBT နဲ့ မဟာမိတ်ရဲဘော်တွေက ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်ကောသ်စီတပ်တွေက ထိုးစစ်ဆင်လာခဲ့ပြီး အသင့်ထောင်ထားတဲ့ မိုင်းတွေ ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မိုင်းထိမှန်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်တာအချို့ရှိခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
ပစ်ခတ်တာတွေဖြစ်ပွားခဲ့တဲ့ နယ်မြေကို MBT တပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ်တွေက ရှင်းလင်းခဲ့ရာ G3 သေနတ်တလက်နဲ့ 7.62 ကျည် (၁၂)တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Myingyan Black Tiger(MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းနဲ့အတူ Myingyan Eagle Defense Force(MEDF)နဲ့ Popa Guerilla Force (PGF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။